လူကြီးဖတ်စာ

ဝိဉာဉ်ဖမ်းသော ပြဇာတ်

ဝိဉာဉ်ဖမ်းသော ပြဇာတ် ရန်ကုန်နေဟာ အညိုးနဲ့များပူနေရော့သလားပဲ။ ကြွပ်ဆတ်မာကြောသော  သစ်ကိုင်းခြောက်များသည် ညိုးရိနွမ်းပါးလာသည့် သစ် ရွက်အိုများကို ထိန်းမထားနိုင်တော့။တလွင့်လွင့် ဆင်းသက်လာသည့် သစ်ရွက်ခြောက်ကလေးအား   “ဖြတ်”ခနဲ ဖမ်းပြီး ကလေး တစ်ယောက်လိုမြူးတူးခုန်ပေါက်နေသည့် ချစ်ရသူ။  နှစ်လိုဖွယ်ရာအပြုံးနှင့် ပါးချိုင့်ကလေး တစ္ခုသာရှိသည့် ချစ်သူ့မျက်နှာက  အပြစ်ကင်းစင်လှပသည်။  ဟန်မင်းထက်၏ နဖူးမွ ချွေးစီးများပင်ဆို့နေသည်။ရိုးရိုးယဉ်ယဉ်၊ ပေါတောတောနှင့်ကေလးသာသာ နေ သော အိသင်ဇာကိုချစ်သူအဖြစ်တော်ထားရတာ ပျော်ရသလိုတခါတခါ ဂွတီးဂွကျနိုင်လွန်းသည်။အခုလည်းကြည့် ချစ်ခင်ကြည်နူး ဖို့ လူပြတ်တဲ့နေရာလေးခေါ်ပါတယ်ဆိုမှ သစ်ရွက်ကြွေဖမ်းမယ်ဆိုလို့ ကိုယ်ကထိုင်နေရတယ်။ ခက်တော့လည်းခက်သည်။ သူ ကစားလို့မောသွားတေ့ာ ရေဘူးပေးဆိုပြီး ရေဘူးကို ဂလွတ်ဂလွတ်နဲ့ မော့သောက်၊ပြီးတော့လည်း ဟန်မင်းထက်ပေါင်ပေါ် ကေလး ပေါက်စလို လှဲအိပ်နေသည်။ ဒီလိုအပြစ်ကင်းစင်တဲ့ ချာတိတ်မလေးကို တခြားစိတ်တွေဝင်ပေမယ့် မထိရက်မကိုင်ရက် ဖြစ်နေရ တာကြာပေါ့။.  ချစ်သူရဲ့ ချွေးစလေးတွေနဲ့ […]