လူကြီးဖတ်စာ

သူငယ်ချင်းမို့ ပိုကောင်းသည်

သူငယ်ချင်းမို့ ပိုကောင်းသည် နီလာတစ်ယောက်အလုပ်ကိစ္စနှင့် ရန်ကုန်ကို ရောက်လာသည်။ မနေ့ညနေကကားစီး မနက်ရန်ကုန်ရောက်တော့ တစ်ဦးတည်း ယောင်ချာချာဖြစ်နေတော့  ငယ်သူငယ်ချင်းဖြစ်တဲ့ ဂျော့ကို သတိရလိုက်သည်။   ဂျော့ဆိုတာက ငယ်ငယ်ကတည်းက အတူစား အတူကစားနေခဲ့တဲ့အကောင် တရပ်ကွက်လုံးမှာ  မိန်းကလေးတွေချည်းမွေးထားကြတဲ့ကြားက သူတစ်ယောက်တည်းပဲ ယောက်ျားလေးပါတော့ သူငယ်ချင်းအားလုံးရဲ့ ကစားဖော်ယောက်ျားလေး။ မိသားစု ထဲမှာ သားအကြီးမြေးအကြီး ဝိုင်းချစ်ကြတဲ့ အကောင်၊ ရပ်ကွက်ကလဲချစ်ကြတယ်။ တမျိုးလုံး သည်းသည်းလှုပ်တော့ မုန်းဖို့ကောင်းပေမယ့် လူက လူဆိုး တော့မဖြစ်ဘူး။ ခင်စရာအရမ်းကောင်းတယ်။ ဒီကောင်ကိုခေါ်ပြီးနှိပ်စက်မယ်တွေးကာ ဖုန်းဆက်လိုက်တယ်။ မနက်အလုပ်သွားခါနီး ဖုန်းဝင်လာတော့  ကျနော်မသိတဲ့နံပါတ်တစ်ခုပါပဲ။ ဒါပေမယ့် ကျနော်ကိုင်ပြီးထူးလိုက်တယ်။    “ဟလို” “ဟဲ့ ငဂျာ့ ငါပါ၊ နီလာလေ”   “အေး မခေါ်စဖူးအခေါ်ထူးလို့ ဘာများ လဲ လင်ရလို့ ဖိတ်စာပေးပို့မလို့လား”  “လဖွတ် […]