လူကြီးဖတ်စာ

သူငယ်ချင်းလည်း အမုန်းဆွဲ

သူငယ်ချင်းလည်း အမုန်းဆွဲ (စ/ဆုံး) သူ ဆိုတာက မောင်မောင်ဦးပါ။ သူတို့ ဆိုတာက မောင်မောင်ဦးနဲ့ သိင်္ဂီမော်တို့လင်မယား။ ကျွန်မကတော့ သူတို့နှစ်ယောက်ရဲ့ငယ်သူငယ်ချင်း။ နေရာကမြန်မာရိုးရာ သင်္ကြန်ပွဲကျင်းပနေနဲ့ မြန်မာနိုင်ငံပြင်ပက တစ်နေရာ။ ဒီကိုလာရင်း မောင်မောင်ဦးနဲ့ စုံမိတယ်။ သူတို့လင်မယားနဲ့ မတွေ့ဖြစ်တာ ခြောက်လလောက်ရှိပြီ။ သူကလည်း တစ်ယောက်တည်း။ “နင့်မိန်းမရော” လို့ မေးတော့ သူ့ယောက္ခမ နေမကောင်းလို့ မြန်မာပြည်ပြန်နေတာ လေးလလောက်ရှိပြီလို့  ဖြေတယ်။ အခုသူတို့အိမ်မှာ သူတစ်ယောက်တည်းပေါ့။ သူတို့အိမ်က အိမ်ဆိုတာထက် ကွန်ဒိုမီနီယံတိုက်ခန်းလို့ လို့ပြောရမှာပါ။ ဒီအခန်းကို ကျွန်မ  မကြာခဏရောက်ဖူးတယ်။ ပွဲတစ်ခုခုရှိလျှင် လင်မယားနှစ်ယောက်စလုံးက ဖိတ်တာကိုး။ ဒီမြို့မှာလည်း ငယ်သူငယ်ချင်းအရင်းဆိုလို့ သူတို့လင်မယားနဲ့  ကျွန်မနှစ်ယောက်ပဲရှိပါတယ်။   တစ်ခါတလေ သူတို့တိုက်အောက်မှာ ဘာဘီကျူး လုပ်စားကြရင်း ရေကူးကြတယ်။ စားသောက်ပြီး ညနေစောင်းမှပဲ ပြန် […]