လူကြီးဖတ်စာ

သူမတို့ရဲ့ဂွင်

သူမတို့ရဲ့ဂွင် ဒေါ်မြတ်တင်မေကို ထွန်းကိုသိတာတော့ကြာပြီ။ ဒါပေမဲ့ ရင်းနှီးတာတော့အရမ်းကြီးမရင်းနှီး။ ထွန်းကိုကား အသက် (၂၇)နှစ်ခန့်ရှိသည့် လူလတ်ပိုင်းတစ်ဦး။ ယောကျၤားဆန်ဆန်နှင့် ချောမောသော ရုပ်ရည်ပိုင်ရှင်တစ်ဦး.။ စကားပြောလည်းကောင်းသော ကြောင့် ချစ်သူခင်သူများသည်။ ဘွဲ့ရပြီးနောက်ပိုင်းတွင် မြို့မှာလာပြီး ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူ။ ဒေါ်မြတ်တင်မေကား သူငှားနေသည့် အဆောင်မှ အဆောင်ပိုင်ရှင် ဦးကောင်းမင်း၊ ဒေါ် နီလာ နှင့်သူငယ်ချင်းတွေ။ ဒေါ်နီလာထံလာရင်း မျက်မှန်းတန်းမိကာ ရင်းနှီးနေသောသဘော။ ဒီလောက်ဘဲရှိသည်။ ဒါပေမဲ့တစ်ခုတော့ ထွန်းကိုသိသည်။ ဒေါ်မြတ်တင်မေကတော်တော်လှသည်ဟု။ ဟုတ်တယ်လေ….အသက်က(၄၀)စွန်းစွန်း။ ငယ်စဉ်ကမယ်ဘွဲ့တွေဘာတွေရဖူးသည်ဟုတော့သိရသည်။ သူမနှင့်သူမယောကျၤား ဦးမောင်မောင်ဝင်းက ကလေး(၂)ယောက်ထွန်းကားခဲ့သည်။ ထိုကလေးတွေကလည်း သူမြင်တော့မြင်ဖူးသည်။ ဒါကလဲကျောင်းပိတ်ချိန်တွေလောက်မှပါ။ ဘော်ဒါဆောင်မှာထားတာဆိုတော့တစ်ခါတစ်ရံမှသာ။ ဒေါ်မြတ်တင်မေယောကျၤားကလည်း အလုပ်များသူပီပီအိမ်မှာမကပ်။ ဒီတော့ သူမကလည်း ထွန်းကိုငှားနေသော အဆောင်ပိုင်ရှင်ဒေါ်နီလာဆီ မကြာမကြာလာလည်သည်။။ သူမတို့ဘာတွေပြောလို့ပြောနေကြမှန်းတော့မသိ။ ထွန်းကိုအလုပ်ပြန်လာသည့် အခါ မကြာခဏတွေ့သည်။ ထိုအခါမျိုးတွင် ဒေါ်မြတ်တင်မေက […]