လူကြီးဖတ်စာ

သံယောစဉ်ကြိုး

သံယောစဉ်ကြိုး နိုင်ထူး တက်ကသိုလ် စတက်တော့ သူမနှင့် စပြီး ဆုံတွေ့ခွင့်ရခဲ့သည်။ သူမရဲ့ နာမည်က နှင်းပွင့်။ နာမည်နဲ့ မလိုက်အောင် အသားက ညိုသည်။ မချောပေမယ့် လှသည်။ လူပျိုခြေတက်လေး ဖြစ်သည့် နိုင်ထူး တစ်ယောက် နှင်းပွင့်ကို ခိုးခိုး ကြည့်ရသည်က အမော။ စာသင်ခန်းဟောလ်ထဲတွင် လူပေါင်းများစွာ ရှိသည့်ထဲမှ သူမကိုသာ ကြည့်မိနေသည်။ များသောအားဖြင့် သူမသည် နိုင်ထူး ထိုင်နေကျ ခုံတန်းလေးရဲ့ ဘယ်ဘက် အနောက် ခပ်ကျကျ နေရာ ခုံတန်းမှာ သူငယ်ချင်းတွေနှင့် အတူ ထိုင်တတ်သည်။ အကြည့်ချင်း ဆုံရင် ရင်ခုန်ရတာက နိုင်ထူး။ ကျောင်းတက်ရက်တွေတိုင်း သူမကို ကြည့်သည်။ အကြည့်ချင်း ဆုံနေအောင်ကို ကြည့်တာပါ။ ကျောင်းမှာ ကွင်း (အလှဘုရင်မ) […]