လူကြီးဖတ်စာ

အချစ်ကြောင့်ရှင်သန်ခြင်း

အချစ်ကြောင့်ရှင်သန်ခြင်း နှင်းတွေဝေတဲ့သီတင်းကျွတ် လကိုရောက်ခဲ့ပြီမနက်ဖြန်သီတင်း  ကျွတ်မီးထွန်းပွဲတော်လုပ်ကြတော့  မည်မည်။ဟိုနေရာကကျွတ်စီ ကျွတ်စီနှင့်အသံကြားရသည်။မနောရဲ့  ဗိုလ်အောင်၊စပယ်ပန်းလေးချစ်သူစ  သည့်သီချင်းသံများကိုလေအသင့်   မှာကြားရတဲ့ အတွက် မခင်လေးသိမ့်  တစ်ယောက်ဒေါသစိတ်၊ဝမ်းနည်း  စိတ်တို့ဖြစ်လာသည်။အိပ်ရာကလူး  လထလိုက်ပေမယ့်ထ၍မရပေ။ အားယူပြီးထထိုင်လိုက်ရပေမယ့်  လမ်းထလျောက်နိုင်သည့်ဘဝမ  ဟုတ်ပေ။တစ်ခြားတစ်ယောက်ကထူမပေးမှသာလမ်းလျောက် နိုင်  သည့်ဘဝ။ဝမ်းနည်းစိတ်ကြောင့်အလိုလိုနေရင်းမျက်ရည်များကျလာ  သည်။ဆီးကလည်းသွားချင်လာပြန်   သည်။ထို့ကြောင့်  ပင် “ကျွတ် ကျွတ် ညီမလေး နှင်းနှင်းရေ “   “ရှင် မမသမီးလာပြီ” ညီမလေးနှင်းနှင်းကိုလှမ်းခေါ်လိုက်   ရသည်၊  နှင်းနှင်းမှာအမဖြစ် သူမခင်လေးသိမ့်   အားကူညီရန်ရောက်လာပြီးအမ  ဖြစ်သူ၏မျက်နှာကိုကြည့်ကာစိတ်  မကောင်းဖြစ်ရသည်။ “မမရယ် စိတ်မကောင်းတာတွေမ တွေးပါနဲ့လား”   “အင်းငါမတွေးချင်ပါဘူးနှင်းနှင်း၊  ဒါပေမယ့်ဒီအချိန်ဒီရာသီရောက်ရင်  ငါရဲ့ ဒဏ်ရာဟောင်းကပြန်ပေါ်လာ  တယ်၊ငါဒီလူ့ကိုအရမ်းစိတ်နာတယ်”  “ကဲပါမမရယ်၊လူဆိုတာကဖြစ်ချိန်   တန်လို့ဖြစ်ရမှာမဟုတ် လား”  “အေးလေ ဒါပေမယ့်ငါဒီလိုဖြစ်ရင်  ငါကိုတော့လာကြည့်သင့်တယ်မ   ဟုတ်လား၊စားပြီးနားမလည်လုပ်   တာမျိုး၊ချစ်တယ် ဆိုပြီးဒုက္ခိတဖြစ်  တော့စွန့်ပစ်သွားတဲ့လူမျိုးကလူ့  လောကမှာရှိသင့်လားနှင်းနှင်း”   “သူလည်းသူ့အကြောင်းနဲ့သူရှိပါ  […]