လူကြီးဖတ်စာ

အပေးကမ်းနဲ့အပြုအစု

အပေးကမ်းနဲ့အပြုအစု လွန်ခဲ့သော ၂ နှစ်ခန့်က ဦးသာလှမိန်းမ မအုံးရှင် သားအိမ်ကင်ဆာရောဂါ နှင့် ကွယ်လွန်ခဲ့သည်။ မအုံးရှင် မကွယ်လွန်ခင်ကပင် ဦးသာလှတို့နှင့် တဆက်တည်း ရှိနေသော မြေကွက်ကိုဝယ်ယူ၍ ၂ ခန်း ၃ ခန်း မြေစိုက်အိမ်တစ်လုံးဆောက်ပေးကာ မရင်မေ ကိုနေထိုင်စေသည်။ ခြံက ပေတစ်ရာပတ်လည် ကျယ်ဝန်းသဖြင့် ထိုခြံထဲတွင် သနပ်ခါးပင်များ စိုက်ပျိုးထား၏။ မရင်မေက စိုက်ပျိုးရေးဝါသနာပါသည်။ ဆယ်တန်း အောင်ပြီးလည်းဖြစ်၏။ မေထုန်နို့စားနွားမ သုံးကောင်လည်းရှိသည်။ ထို့ကြောင့် သူတို့ တူဝရီးမှာ ဤရွာတွင် စီးပွားရေး ချောင်လည်သူများဖြစ်ကြ၏။ အမျှော်အမြင် ရှိသူများ ဖြစ်ကြ၍ အဝီစိတွင်းတူးကာ စိုက်ပျိုးရေးကို တိုးချဲ့ကာလုပ်ကိုင်ကြသည်။ အနှစ် ၂၀ ကျော်ကြာပြီဖြစ်၍ မရင်မေသည် ဤရွာသူလုံးလုံးဖြစ်နေပါပြီ…. ရွာ၏သာရေး နာရေးလှုမှုရေးကိစ္စရပ်များတွင် ရှေ့တန်းမှပါဝင်၍ တက်တက်ကြွကြွ […]