လူကြီးဖတ်စာ

အပျိုကြီးရဲ့ပထမဆုံးအကြိမ်

အပျိုကြီးရဲ့ပထမဆုံးအကြိမ် ကားအချိန်အကြာကြီးစီးရမှာကိုတွေးပြီး ကျွန်မရင်မောမိတယ်။ ကားစီးရင် ကျွန်မက မူးတက်တယ်လေ။ ကားထွက်ခါနီးမှ ကားပေါ်တက်ထိုင်တယ်။ ပြူတင်းပေါက်ကိုဖွင့်ထားပြီး ခေါင်းကို အပြင်နဲနဲထုတ်ထားလိုက်တယ်။ ဘေးခုံကလူမရှိတေါ့ နေရတာချောင်ချောင်ချိချိပဲ ။ “အးးးး” ကားစထွက်မှလူတစ်ယောက်ပြေးတက်လာပြီး ကျွန်မဘေးမှာ ဝုန်းဆို ခပ်ကြမ်းကြမ်းထိုင်ချလိုက်တယ်။ ပြီးတော့ sorryပါလို့ ကျွန်မကိုတောင်းပန်တယ်။ သူ့ပုံစံကြည့်ပြီး ကျွန်မလည်း စိတ်ပြေလိုက်တာပေါ့။ မြင့်မားသောအရပ်နှင့်လိုက်ဖက်စွာ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းသည်။ ကားမီးရောင်အောက်မှာ အသားအရည်က ဝင်းနေသည်။ ထူထဲတဲ့မျက်ခုံး နှာတံချွန်ချွန် သေသပ်တဲ့နှုတ်ခမ်း လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ သူ့ပုံစံလေးက ကျွန်မထက်၄နှစ် ၅နှစ်တော့ ငယ်မည်ထင်ပါသည်။ အလန်းစားလေးနဲ့တစ်ညလုံးကားတူတူစီးရမယ့်အရေးကိုတွေးပြီး ကားမူးတောင်ပျောက်သွားသလိုပဲ။ ကားပေါ်မှာပြတဲ့မြန်မာကားကို ကြည့်နေတုန်းသူက စကားစပြောလာသည်။ “ရန်ကုန်ထိလား အစ်မ” “အင်းးး မင်းရော” “ကျွန်တော်လည်း ရန်ကုန်ထိပဲ။ ဒါနဲ့ အစ်မက တစ်ယောက်ထဲလား။ချောချောလှလှလေးတစ်ယောက်ထဲ ခရီးမသွားသင့်ဘူးဗျ။” ကျွန်မမျက်လွှာချထားမိသည်။ […]