လူကြီးဖတ်စာ

အမုန်းနွေ

အမုန်းနွေ (အစ/အဆုံး) နွေတစ်ယောက် နယ်ပြန်ပါမယ်ဆိုကာမှ ကားလက်မှတ်က ဘယ်လိုမှဝယ်မရ၊သင်္ကြန်ရုံးပိတ်ရက်ထက်နောက်ကျပြီးမှပိတ်သော companyကိုသာ စိတ်ထဲမှ ကျိတ်ကာ မေတ္တာပို့မိတော့သည်။ လျှောက်ရှာရတာလည်း အဝေးပြေးဝင်းမှာ ကိုယ့်နယ်ပြန်မဲ့ဂိတ်တွေ စုံသလောက် ရှိနေပြီမို့ စိတ်ညစ်ညစ်နဲ့ စီးနေကျကားဂိတ်ဆီကိုသာပြန်လာခဲ့လိုက်တော့သည်။ အခန်းထဲမှာလည်း ကားစောင့်နေသူတွေ အများကြီးမို့ `ဟူး´ကနဲလေပူတစ်ချက်မှုတ်ထုတ်ရင်းက ကားလက်မှတ်အရောင်းဌာနအနီးသာ ကပ်ထိုင်လိုက်တော့သည်၊ခရီးသည် နားနေခန်းထဲက လူငယ်အချို့က ကွက်ကြည့် ကွက်ကြည့်နဲ့ ဆိုတော့ မတ်တပ်လည်းဆက်ရပ်နေဖို့ မသင့်တော်တာမို့ ထိုင်လိုက်မှ အဆင်နည်းနည်းပြေသွားသည်။ထိုစဉ် ဘေးနားမှ နွေ့ထက်နည်းနည်းတော့ အသက်ကြီးပုံရသည့် လူငယ်တစ်ယောက်ကဖုန်းဆက်နေသံကြား အသာပဲလိုက်နားစွင့်နေမိသည်။ ဟျောင့် သက်ကို မင်းလာမှာလား ငါလက်မှတ်ပိုဝယ်ထားရတာလေကွာ အခုမလိုက်ရင်ဘယ်လိုလုပ် မလည်း လက်မှတ်ဖိုးကဆုံးပြီ မင်းလုပ်လိုက်ရင်အဲ့လိုပဲ… မလိုက်လည်းနေတော့ကွာ ငိုးမတား ယီးလိုပဲ´ဟုဆိုကာ ဖုန်းချလိုက်ပြီး ဒီဘက်လှည့်တော့ သူ့ကိုစပ်စုနေပုံရသော နွေ့ကိုမြင်တော့ အသာပြုံးပြရင်း ဆောရီးပါ ဟု […]