လူကြီးဖတ်စာ

အမူပို

အမူပို အေး…လူတစ်ယောက်ဟာ ကာမရောဂါ စွဲကပ်လာရင် ဒီရောဂါကို ပျောက်ကင်းစေတဲ့ ဆေးမရှိဘူးလို့….ဆိုလိုတာပေါ့ကွာ…အဲ…ဒါပေမဲ့…. မိမိရဲ့ ဆင်ခြင်တုံတရားနဲ့ မေ့လျော့ပေါ့ဆမှု မရှိခြင်းကတော့ ကာမရောဂါကို ပျောက်ကင်း စေတဲ့ အလွန်အစွမ်းထက်တဲ့ ဆေးပါဘဲတဲ့…..” “…..သြော်.. ဟုတ်ကဲ့…အဘ သာလှ… ဒါနဲ့…လင်္ကာမှာ ဆေးမရှိဘူးလို့လဲ ဆိုတယ်. …မဟာသြသဓဆေးမည်စွလို့လဲဆိုတယ်….ဒီအဓိပ္ပါယ်ကို ကျုပ်ကောင်းကောင်း မသိဘူး အဘ…အဲဒါလည်း ရှင်းပြပါအုံး….” “….အေး..အေး…နားလည်သလောက် ရှင်းပြရတာပေါ့ ကွာ…အဆင်း..အသံ.. အနံ့ အရသာ… အတွေ့…ဆိုတဲ့… မင်းတို့ငါတို့တွေထိခံစားနေတဲ့ သဘာဝရုပ်ဓာတ်တွေ ကို အာရုံလို့ခေါ်သကွ….ဒီအာရုံငါးမျိုးဟာ ကာမစိတ်ဓာတ်ကို တိုးပွားစေတတ်လို့ ကာမဝတ္ထု……ကာမအာရုံလို့ခေါ်တယ်… ဒီပြင်ပက ကာမဝတ္ထုနဲ့ အဇ္ဈတ္တက ကိလေသာ ပေါင်းဆုံမိတဲ့အခါ ကာမရောဂါတွေ အဆင့်ဆင့်တိုးပွားလာတော့တာဘဲ ……..တိုးပွားရုံတင်မကတော့ဘူး…မောင်…ရေ…တဖြည်းဖြည်းရောဂါက…ရင့်ရင့် လာတယ် .အေး…အဲဒီလို စိတ်ထဲမှာ ထကြွသောင်းကျန်းလာတဲ့ ကာမရောဂါကို ကုသဖို့ ပြင်မမှာ […]