လူကြီးဖတ်စာ

အမှန်တကယ် စားသုံးသူ

အမှန်တကယ် စားသုံးသူ အလုပ်လုပ်နေရာမှ အသင်းအမှုဆောင်ကိုသောင်းစိန်နှင့်အတူဝင်လာသောမိန်းမလှလေးဆီမျက်စိကရောက်ဖြစ်သည်။ “အောင်သူ  ဒါ မင်းနဲ့အတူ တာဝန်ကျတဲ့ အရောင်းပဲ”   ကိုသောင်းစိန်ကတည်တည်တန့်တန့်မိတ်ဆက်ပေး၏။ အောင်သူကသမဝါယမ ကုန်ဝယ် စာအုပ်များအစီအရီထပ်ထားသောစာပွဲဘေး နှစ်တောင်ခန့်ကုန်ဝယ်စာအုပ်များ၏စာအုပ်ပုံလေးပုံကြားမှခါးဆန့်၏။   “ဟုတ်ကဲ့  ဦးလေး သူ့ကို ဘာတာဝန်ပေးရမလဲ ဟင်”  “အရောင်းပါဆို ကုန်ချိန်တဲ့ဘက်ကပေါ့ဟ ညနေကျရင် ဥက္ကဌအိမ်ကို ခွေအပ်ရင်းမင်း လာခဲ့အုံးနော် ကြားလား”  “အော် ဟုတ်ကဲ့ ဦးခင်မောင်။ (၅)လမ်း အဘဦးအောင်ရှိန် ရှိလား”  သူကဆိုင်ရှေ့တွင်ကြိပ်ကြိပ်တိုးနေ သောလူအုပ်အပေါ်မိုး၍ဆိုင်အတွင်းမှအသံကျယ်ကျယ်အော်ရင်းစာအုပ်ထောင်ပြ၏။  “ရှိတယ် ရှိတယ် ဆပ်ပြာ နို့ဆီ  ဖယောင်းတိုင်”  “အကုန်ယူမယ်ပြောလဲ ပြီးတာပဲဗျာ” “ဟဲ အကုန်မယူဘူး ငွေကမလောက်ဖူးဟဲ့”  “အခုပေးနေတာ ဆပ်ပြာ။နို့ဆီ။ ဖယောင်းတိုင်သုံးမျိုးပဲ ကုန်နေပြီး အဒေါ်ရဲ့”  အောင်သူဘေးမှဘောက်ချာရေးနေသော “အမာ” ကဇီးထုပ်တစ်ထုပ်ကိုးစားရင်းမှ  ခေါင်းထောင်ပြီးပြောသည်။ အမာက (၁၀) […]