လူကြီးဖတ်စာ

အရသာဖူး

အရသာဖူး လမ်းထိပ်ရှိ ပျံကျဈေးလေးမှာ အရင်ကထက်ပိုပြီး စည်လာသည်။ဘန်းခင်းရောင်းသော ဈေးသည်များနှင့် ဝါးတဲ ပလတ်စတစ်မိုးဆိုင်တန်းလေးက လမ်းဒေါင့်တဖြတ်ပင် ကျော်၍ သွားခဲ့ချေပြီ။ တနေ့တနေ့ ဈေးရောင်းချသူ ဈေးသည်တွေ တိုးလာသလို အနီးအနားရှိ တခြားရပ်ကွက်တွေ ကလဲ ဒီပျံကျဈေးလေးကို လာပြီးအားပေးကြတော့ ဈေးဝယ်သူတွေကပါ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ဈေးတည်နေရာကလဲ ကတ္တရာလမ်းမကြီး နှစ်ခုကြားတွင် ထိုလမ်းမကြီးနှစ်ခုကို ထိပ်တိုက် ကန့်လန့်ဖြတ်ရှိ နေသော လမ်း၏ ဝဲယာလမ်းဘေးတွင် ရှိသည်။ ဈေးရှိနေသောလမ်းက ကတ္တရာမခင်းရသေး။ ကျောက်ကြမ်းလမ်း ဖြစ်ပြီး ချိုင့်ခွက်ကြီးတွေပင် ရှိနေလေတော့ ဘယ်ကား၊ ဘယ်ဆိုက်ကားကမှ ဈေးရှိသောလမ်းထဲကို ဖြတ်မမောင်း။ ဒီတော့ ဈေးသည်ရော ဈေးဝယ်ကြသူတွေရော လွတ်လွတ်လပ်လပ် စိတ်ချလက်ချရှိတော့ ဒီပျံကျဈေးလေးက တနေ့တခြား စည်သထက် စည်ကားလာရလေသည်။ ပျံကျဈေးလေးတနေ့တခြား စည်ကားလေ တပြုံးပြုံးဖြင့် […]