လူကြီးဖတ်စာ

အားရပါးရ

အားရပါးရ ငါ သိပ် အထီးကျန်တယ် သူငယ်ချင်း…. ဒါကြောင့်နင့်ကို ငါ ကိုယ်ချင်းစာတယ်” လို့ ကျွန်တော် ပြောလိုက်တော့ နွယ်နီက ကျွန်တော့်ကို အကြောင်သား ကြည့်နေတယ်။“နင်က အထီးကျန်ရအောင် ရည်းစားကြီး ငုတ်တုတ်နဲ့လေ။ ငါက အသည်းကွဲနေတာဟဲ့” “ငါ့ရည်းစားက နိုင်ငံခြားမှာလေ။ ကြာပြီဟ။ ငါက ရည်းစားရှိတယ်လို့ နာမည်ပဲရှိတာ။ ငါပြောတာ နင်သဘောပေါက်ပါတယ် နွယ်နီရာ” ကျွန်တော်နဲ့ နွယ်နီက ငယ်ငယ်ကတည်းက မောင်နှမလို နေခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက ရည်းစားရှုပ်တယ်ဆိုပေမဲ့ နွယ်နီ့ကိုတော့ မောင်နှမလိုသာ ဆက်ဆံတယ်။ ယောင်္ကျားလေး သူငယ်ချင်းတွေလိုပဲ ချစ်တယ်။ ဟိုကောင်တွေနဲ့ ဘောလုံးသွားမကန်ဖြစ်တဲ့ နေ့ဆို နွယ်နီ့အိမ်သွား၊ သူကျွေးတဲ့မုန့်စား၊ ခွေကြည့်နေကျ။ နွယ်နီက ကျွန်တော့်ကို ကြိုက်နေတယ်လို့ ဘော်ဒါတွေက နောက်ကျရင်တောင် […]