လူကြီးဖတ်စာ

အိမ်နီးချင်း

အိမ်နီးချင်း ” ဒေါက်ဒေါက် … ဒေါက်ဒေါက် ” အဆက်မပြတ် တံခါးခေါက်သံကြောင် ကျမလည်း သားလေး ဇင်ကိုနဲ့ကစားရင်း တိုက်ခန်းတံခါး ဖွင့်ကြည့်လိုက်တယ်။တံခါးဝမှာ ဖိတ်စာလေးကိုင်ပြီး ပြုံးပြနေတဲ့ လူချောလေး တစ်ယောက်ပါ။ ” မမ … မင်္ဂလာပါ ” ကျမ တခါမှ မမြင်ဖူးတဲ့ ကောင်လေးကို ကြောင်တောင်တောင်နဲ့ ပြုံးပြမိလိုက်တာပေါ့။ ” မင်္ဂလာပါကွာ … ဘာကိစ္စလည်း မသိဘူး ” ဒီတိုက်ခန်းကို သားလေး ၆လလောက်က ပြောင်းလာတာ။ခု သားလေး ၁နှစ်ပြည့်တော့မှာဆိုတော့ ကျမတို့ရောက်တာ ၅လကျော် ၆လပဲ ရှိသေးတယ်။အသိမိတ်ဆွေလည်း သိပ်မရှိဘူး။ မောင်နဲ့ကျမက ၃နှစ်ကွာတယ် ကျမက ၂၂နှစ် မောင်က ၂၅နှစ်ထဲမှာပါ။မောင်က အလုပ်နဲ့အိမ်ပဲ အချိန်ကုန်တတ်တာ။ကျမကလည်း ဈေးနဲ့အိမ်ပဲ အချိန်ကုန်နေတာပေါ့ရှင်။သူများတိုက်ခန်းတွေဘက် […]