လူကြီးဖတ်စာ

အိုလည်းကောင်း ပျိုလည်းကောင်း

အိုလည်းကောင်း ပျိုလည်းကောင်း တိုက်ခန်း တံခါးဝကိုရောက်တော့ ဖွင့်လျှက်မို့ ကြည့်လိုက်သည်။ မိန်းမ ဖိနပ်တစ်ရံ တွေ့တာနဲ့ ဧည့်သည်ရောက်နေတယ်ဆိုတာ ခန့်မှန်းမိတယ်။ ဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ဘယ်သူမှလဲ မတွေ့ရ နောက် ကိုသိန်းအောင် အခန်းက အသံကြားနေရသည်။ အကျယ်ကြီးမဟုတ်ပေမဲ့ ပုံမှန်ထက်တော့ပိုသည်။ သုံးထပ်သားအခန်းဖွဲ့မို့ ကြားလိုက်ရသသည်။ “ နင်ဘယ်လိုဖြစ်နေတာလဲ ဒါတော့ပေးလို့မဖြစ်ဘူး။ ငါအရင်း ပြန်ထည့်ရမှာပါ သိန်းအောင်ရယ် ငါတစ်ကယ် ဒုက္ခရောက်နေပြီ ငါသဘက်ခါ မပေးနိုင်ရင် တရားစွဲတော့မှာ လုပ်ပါဟယ် နင်ငါ့ကို ဆယ်သိန်းပဲချေးရမှာ နင့်ဆီမှာ အစိတ်တောင် ကျန်နေသေးတာကို… ” ဒါဟိုဘက်လမ်းက မအေးမိအသံပဲ ဘာတွေဖြစ်နေကြလဲတောမသိ အသံမပေးတော့ပဲ ဆက်နားထောင်လိုက်မိသည်။ “ အေး..ငါသဘက်ခါ မပေးလို့မရတော့ဘူး သိန်းအောင် နင့်ဆီကပဲ ဆွဲရမှာပဲ သိန်းအောင် နင်ဒီမှာကြည့်စမ်းဟာ ” […]