လူကြီးဖတ်စာ

အီဆိမ့်ချိုမြိန်လှပါသည်

အီဆိမ့်ချိုမြိန်လှပါသည် ည… အားလုံးတိတ်ဆိတ်၍နေသည်။ ခင်ဖုဏ်းသည်မျက်လုံးကြောင်၍နေ၏။ အိပ်မရသော်အကြောင်းအရင်းကလည်း ရှိနေသည်မဟုတ်ပါလား…… ကိုယ့်အပေါ်မှာလည်း တာဝန်တစ်ခုရှိနေပြီကော….. သေချာပါသည်….. သို.သော် ထိုတာဝန်သည် လူသိရှင်ကြားမဖြစ်စကောင်းသောတာဝန်…. အစ်မတော် စောကလျာ ပေးအပ်ထားသောအထူးတာဝန်ဟုဆိုရမည်။ ခင်ဖုဏ်းသည်စင်စစ် ကျေးတောသူမလေးသာဖြစ်၏။ အားလုံးကို ခင်ဖုဏ်းကြောက်ပါသည်၊ လေးစားရပါသည်၊ ထိုင်ဆိုထိုင်၊ ထဆိုထရသောခင်ဖုဏ်းဖြစ်ပါသည်။ မည်သို.ဖြစ်စေကာမူ ခင်ဖုဏ်းတစ်ယောက် မိမိဘဝကိုမိမိကျေနပ်ပါသည်။ ခင်ဖုဏ်း၏ရုပ်ရည်ကား တောနှင့်မတန်လေသောကြောင့်လားမသိ၊ သို.တည်းမဟုတ် နန်းထိုက်လေသောကြောင့်လေလားမသိ၊ မမျှော်မှန်းရဲသော ရွှေနန်းတော်အရပ်ဆီသို.ရောက်ခဲ.ရပါပြီ။ ဒူ..ဒူ..ဒူ..ဒူ တစ်ချက်ခြင်းတီးခတ်လိုက်သော ရွှေဗဟိုရ်စည် သံကိုနားစွင့်မိတော့ (၁၀) ချက်တောင်တီးပြီကော…….. ခင်ဖုဏ်းသည်အိပ်ရာမှ လူးလဲထကာတံခါးကိုအသာဖွင့်၍ထွက်ခဲ့၏။ ယခုတလော နိူင်ငံတော်ပြည်အရေးကလည်း ကောင်းလှသည်မဟုတ်….. ဘဝရှင်မင်းတြားကြီး၏ ကျန်းမာရေးကလည်းမကောင်း….. အစွမ်းထက်သောတောကြောင်တို.ကလည်း ပုန်ကန်ထြ ွသည်မျှအထိတော့ခင်ဖုဏ်းသိထား၏ြ ွ သို.သော် သည်ကိစ္စ ခင်ဖုဏ်းနှင့်မဆိုင်ပါ။ ခင်ဖုဏ်းအနေနှင့် သည်ရွှေနန်းတော်ကြီးအတွင်းမှာ ကိုယ့်ကိုချီးမြှင့်မြှောက်စားသူတို. အငြိုညင်မခံရဖို.သာဖြစ်သည်။ […]