လူကြီးဖတ်စာ

အဲစိတ်တစ်ခုပဲရှိ

အဲစိတ်တစ်ခုပဲရှိ ဆောင်းဦးပေါက်ကာစ ညနေခင်းသည် သာယာ ညွတ်နူးဖွယ်ကောင်းလှသည်။ကောင်းကင်သည်တိမ်မျှင် တိမ်စတစ်ချို့ကလွဲပြီး လင်းရှင်းနေတော့သည်။ အမှောင်လည်းမဝင်ရောက်သေး။အလင်းရောင်လည်း မဆုတ်သာသေးပေ။နေဝန်းနီနီသည်လည်း ဟိုးးးမိုးကုတ်စက်ဝိုင်း အနောက်ဘက်ယွန်းယွန်းဆီမှာ နစ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ ဒီလို ဆောင်းဦးပေါက်စ ညနေခင်းတွေကို ဇင်မာ အလွန်သဘောကျသည်။ဒီလို ညနေခင်းရှုခင်းတွေကို ထိုင်ကြည့်ရတာ စိတ်ထဲမှာပျော်သည်။ ပြီးတော့ စိတ်ထဲမှာလည်း ကြည်နူးစိတ်နဲ့ အကြည်ဓါတ်ကလေး တလှပ်လှပ်တိုးဝင်နေတော့သည်။ အိပ်တန်းပြန်ငှက်တို့သည် ဇင်မာ ခေါင်းပေါ်မှ တငြိမ့်ငြိမ့် နဲ့ပြန်သန်းနေကြသည်။ဆောင်းဦးပေါက် လတ်ဆတ်တဲ့ လေညှင်းကလေးတို့သည်လည်း ဇင်မာ တစ်ကိုယ်လုံးကို ရစ်သိုင်းကာ ကျီဆယ်ဆော့ကစားနေကြသည်။ ထို လတ်ဆတ်တဲ့လေညှင်းကလေးတွေကို ဇင်မာ တစ်ဝကြီးရှူ သွင်းလိုက်မိသည်။နှာခေါင်းထိပ်မှာ အေးမြမြ အထိအတွေ့ကို ဇင်မာ သဘောအကျကြီး ကျနေတော့သည်။ `ဟဲ့…ကလေးတွေ မိုးချုပ်နေပြီ လာအိမ်ထဲဝင်ကြ´လို့အော် လိုက်တဲ့ ဘေးခန်းက ဒေါ်ဒေါ်မြင့် အသံကြားမှ မိုးစုန်းစုန်းချပ် မှန်းဇင်မာသိတော့သည်။မဟုတ်ရင် […]