လူကြီးဖတ်စာ

ဧည့်သည်

ဧည့်သည် တစ်ညလုံးသည်းသည်းမဲမဲရွာနေသောမိုးကားမိုးလင်းချိန်တွင်တော့တဖြည်းဖြည်းချင်းစဲသွားချေပြီ။ကလင်အိမ်အပေါ်ထပ်မှာ ပြတင်းတံခါးကိုဖွင့်နေသောဒေါ်ကေသီနွယ်ခြံစောင့်ကြီးဦးဘမောင်က ဧည့်သည်တစ်ယောက်ကိုတံခါးဖွင့်ပေးနေတာကိုလှမ်းမြင်နေရသည်။စောစောစီးစီးဘယ်သူများပါလိမ့်လို့တွေးမိသည်။ဦးဘမောင်ကဧည့်သည်ကိုသူမတို့တိုက်ကြီးဆီသို့ခေါ်လာပါတယ်။တဖြည်းဖြည်းနဲ့သူမတို့အိမ်ဘက်ကိုနီးလာသောအခါတွင်လည်းဧည့်သည်ကဦးထုပ်ဆောင်းထားသဖြင့်မျက်နှာကိုမမြင်ရသေး။ ခရီးဝေးမှလာခဲ့ဟန်တူသည်။မမလေး မမလေး ဧည့်သည်ရောက်နေပါတယ်။သူမအိမ်ဖော်မလေးချောချောက အပေါ်ထပ်တက်လာပြီးပြောပါတယ်။အေး သိတယ် လာခဲ့မယ် ဆိုပြီးသူမလည်း အိမ်အောက်ထပ်ကို ဆင်းခဲ့ပါတယ်။သူမဆင်းလာတာမြင်တော့ ဧည့်ခန်းမှာထိုင်နေတဲ့စောစောကခြံထဲကိုဝင်လာသောသူက ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။ လူရွယ်တစ်ယောက်ပါ။ ၂၇ နှစ်ခန့်ရှိပြီးယောကျၤားချောချောသောသူတစ်ယောက်။တီရှပ်လက်ပြတ်အနက်ကိုဝတ်ထားသဖြင့်အသားဖြူခြင်းကိုပိုသိသာသည်။ အားကစားလိုက်စားသူတစ်ဦးမှန်း ထိုလူပုံစံကသက်သေခံနေသည်။အကြည့်များကစူးစိုက်ကာသူမရင်ထဲထိုးဖောက်သွားသလိုခံစားရသဖြင့် ဒေါ်ကေသီနွယ်မျက်လွာချထားလိုက်ရသည်။အမက မကေသီနွယ်ထင်တယ်။ကျွန်တော့်နာမည်က စစ်သွေးပါအမမောင်ကိုကိုလေးသူငယ်ချင်းပါ။ကိုကိုလေးနဲ့ကျွန်တော်က ရန်ကုန်မှာ တက္ကသိုလ်တက်တုန်းခင်ခဲ့ကြတာပါ။ကိုကိုလေးကလွန်ခဲ့တဲ့ ၂ နှစ်လောက်ကျွန်တော့်ဆီရောက်လာပြီးကျွန်တော်လုပ်နေတဲ့ အလုပ်မှာရှယ်ယာဝင်ထားခဲ့တယ်။အရင်နှစ်က အလုပ်တွေအောင်မြင်ခဲ့လို့ဒီနှစ်သူ့ကိုအမြတ်ငွေတွေထုတ်ပေးဖို့ခေါ်ပေမဲ့ရောက်မလာလို့ကျွန်တော်သူ့ဆီလွန်ခဲ့တဲ့ ၂ လလောက်က ဖုန်းဆက်ပေမဲ့သူကသူ့မြို့ကိုအလည်ခေါ်ရင်းအမြတ်ငွေတွေကိုပေးပါဆိုလို့ကျွန်တော်ရောက်လာတာပါ။ သြော့်ငါ့မောင်က အမမောင်ကိုကိုလေးသူငယ်ချင်းကိုးမင်းသူငယ်ချင်းက လွန်ခဲ့တဲ့ ၂ ရက်ကဘဲခရီးထွက်သွားတယ်ရှမ်းပြည်ဘက်ကိုဗျာ့ဧည့်သည်ကခေါင်းကိုကုတ်လိုက်သည်။ဒုက္ခပါဘဲဗျာကျွန်တော်က သူဝမ်းသာစေချင်လို့ဖုန်းကြိုမဆက်ထားမိဘူး။လွဲသွားတယ်ဗျာ။ ဒီမြို့မှာတည်းခိုခန်းမရှိဘူး။ရပါတယ်ငါ့မောင်ရယ်။မောင်လေးသူငယ်ချင်းဘဲ။ဒီအိမ်မှာဘဲတည်းပေါ့။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အမ။စစ်သွေးက ဖုန်းကိုထုတ်ပြီး ဆက်လိုက်သည်။ဟဲလို ကိုကိုလေး မင်းဘယ်ရောက်နေလဲစပီကာဖွင့်ပြောသဖြင့်ကောင်းကောင်းကြားရသည်။တောင်ကြီးမှာကွ စစ်သွေးရ ဘာကိစ္စမင်းအမြတ်ငွေတွေကွာ။ထားလိုက်စမ်းပါသူငယ်ချင်းရာ။ မင်းဘဲခဏကိုင်ထားပေး။မဟုတ်ဘူးကွ။ ငါက မင်းတို့မြို့က မင်းတို့အိမ်ရောက်နေပြီ။မင်းမရှိလို့။တည်းခိုခန်းကမရှိ။မင်းမမ သဘောကောင်းလို့တော်သေးတယ်။အေးပါအေးပါ ငါနောက်နှစ်ပတ်လောက်မှပြန်လာမှာ။ငါ့အမကိုဖုန်းပေးလိုက်ဦး။ကိုကိုလေးပြောစကားကြောင့်စစ်သွေးကဖုန်းကိုပေးလိုက်သည်။ဟဲလိုမောင်လေး ပြောမမ ကျွန်တော့်သူငယ်ချင်းကို သေချာစောင့်ရှောက်ထားနော်။ […]