ရိုးမယ်ဖွဲ့

ရိုးမယ်ဖွဲ့

“ဟေ့ကောင်… ဇော်ကြီး… အဲ့စော်…မိုက်တယ်နော်” “အေး…ဟုတ်တယ်ကွ… နောက်က ကြည့်ရင် ပိုတောင်မိုက်သေးတယ်” “အမလေးလေ ဘာတွေကြည့်ပြီး မိုက်နေရတာလည်း ဇော်ကြီးနဲ့ ကျော်မြင့်ရယ် နင်တို့လည်း ငမ်းစရာရှားလို့ ဒီလို တစ်ခုလပ်ကိုမှ ငမ်းရသလားဟဲ့” “ဟင် တစ်ခုလပ် ဟုတ်လို့လား မတင်ထွေးရဲ့” “အဟုတ်တော့…အဟုတ်… တစ်ခုလပ်တင်… ဘယ်ကမလဲ… ကလေးတစ်ယောက်လည်းရှိသေး… သူ့သားလေးကလည်း အခြောက်လိုလေးလေ သားထူးဆိုလား”။

ဟာ ဒါဆို ပိုတောင်မိုက်သေးတယ်… အမေကော…သားကော ဟား…ဟား…ဟား…ဟား…”ဟဲ့ မိုက်မနေနဲ့ နင်တို့သေသေချာချာကြည့် မိန်းမဖင်တွဲ…လင်မမြဲ တဲ့” “ဟင်… မတင်ထွေးပြောတာ ဘာလဲ…ဗျ” “အော်…ဘာကမှာလဲ…ဟဲ့… အဲ့မိန်းမနောက်ပိုင်းကို သေသေချာချာ ကြည့်လေ ဖင်ကအောက်တွဲကျနေတာ မှတ်ထား မိန်းမဖင်တွဲကျနေရင် လင်မမြဲဘူးဟဲ့… စိတ်ကူးတွေယဉ်မနေနဲ့” အလုပ်ကအပြန် ရပ်ကွက်ရဲ့ လူစည်းကားရာ ဈေးဆိုင်တန်းလေးမှ။

ာ အိမ်အတွက် လိုအပ်တာလေးတွေ ဝင်ဝယ်တဲ့ကေသွယ် တစ်ဖက်ဈေးဆိုင် အတွင်းမှ ပြောနေသောကြသည်ကို။ ကြားလိုက်ရသော စကားလုံးတွေက နှမသားချင်းမစာမနာ သားသမီးချင်း ကိုယ်ချင်းမစာနာ မိန်းမသားချင်း မစာနာသောစကားလုံးတွေကြောင့် ကေသွယ် ထောင်းကနဲထွက်လာသော ဒေါသနှင့်အတူ ချာခနဲနောက်ပြန် လှည့်လိုက်ကာ “ဟဲ့ တင်ထွေး နင်စကားပြောတာလဲ? ငါ့လက်ဝါးက ပါးမရွေးဘူးနော် ညည်း အသားလွတ်စော်ကားနေတာတွေများနေပြီ”။

ဒေါသနှင့်အတူ လူကပါ တစ်ဖက် ဆိုင်ခန်းဘက်ကိုရောက်သွားသည်။ ရုတ်ရုတ်သဲသဲဖြစ်သွားသောကြောင့် တချို့သော ဈေးဝယ်သူတွေ ကွက်ကြည့် ကွက်ကြည့်လုပ်နေကြပြီး စပ်ဖြီးဖြီး သကောင့်သား နှစ်ကောင်က ကေသွယ့်ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို စားမတက် ဝါးမတက် သေသေချာချာကြည့်နေကြလေသည်။ “ငါကဘာပြောလို့လည်း အမှန်ပြောတာလေ ညည်းကအမှန်ပြောတော့ နာတယ်လား နာရင်လဲသေလိုက်” “ကောင်မ ဘာစကားပြောတာလဲ”။

ကေသွယ် ထိန်းမထားနိုင်တော့သည့် ဒေါသကို ထွက်ပေါက်ပေးလိုက်ချိန်မှာတော့ “ဖြန်း…… ” “ဟင်… နင်…နင်ကငါ့ကို ပါးရိုက်တယ် ဟုတ်လား…”။ “အေးရိုက်တယ် လာလေ လာလိုက် ထပ်အရိုက်ခံခြင်ရင် ရှေ့တိုးလာခဲ့ ကောင်မ ကေသွယ်ကို ဘာမှတ်နေလဲ” “ဟဲ့ သူတောင်းစားနှစ်ကောင် နင်တို့လည်း ကြပ်ကြပ်သတိထား နင်တို့ နှမတွေ အမေတွေလို ထင်ပြီး ငါ့ကို ပေါပေါလောလောအစားထဲက ထင်မနေနဲ့ သူတောင်းစားတွေ နင်တို့ကိုပါ ပါးရိုက်မှာ ငါ့ကိုဘာကောင်မ မှတ်နေလဲ”။

လူတွေ ရုတ်ရုတ်သဲသဲ ပိုဖြစ်ကာ ဆွဲသူကဆွဲ ကြည့်သူကကြည့် တီးတိုးပြောသူကပြောနှင့် ဈေးဆိုင်တန်းလေးမှာ စည်ကားသွား ရလေတော့သည်။ အိမ်ပြန်ရောက်ရောက်ခြင်း အမောမပြေနိုင် ကေသွယ့်ရဲ့ ဒေါသတွေက အလိပ်လိုက် ထွက်နေဆဲ ကံအကြောင်းမလှလို့ တစ်ခုလပ် ကလေးအမေဖြစ်နေရတာ ပတ်ဝန်းကျင်ရဲ့ အထင်သေးရှုံ့ချခံရဖို့လား။ တစ်ခုလပ်ဖြစ်တာ ဘာဆန်းလဲ လင်နဲ့ကွဲတာ ဘာဆန်းလဲ ကိုယ့်အပေါ် မကောင်းတဲ့ယောကျာ်းကို ဖတ်တွယ်ပြီး ဒုက္ခဆင်းရဲ မခံပဲ ပြတ်ပြတ်သားသား ကွဲလိုက်တာ ဘာဖြစ်လဲ။

ကိုယ့်ဝမ်းအတွက် ကိုယ့်ခြေတောက်အပေါ်ကိုယ်ရပ်တည်ရဲတာ အပြစ်ဖြစ်နေလား။ ဒီပတ်ဝန်းကျင်မှာ ကေသွယ် အတော်လေးမွန်းကျပ်လှပြီ။ အခြေနေမပေးလို့သာ ဒီလိုနေရာမှာ နနရေတော။ အချိန်က ညနေစောင်းနေပြီ မကြာခင်မှာ အမှောင်ရောက်လာတော့မည် သားဖြစ်သူက ဘယ်သဝေထိုးနေတယ်မသိ ခုချိန်ထိပြန်ရောက်မလာသေး။ ဟူးးး ကေသွယ် ထမင်းစကားပွဲဝိုင်းမှာ ငူငူကြီးထိုင်ကာ သားပြန်အလာကို စောင့်နေလေသည်။

“အမေ သားပြန်ရောက်ပြီ။” “ဟဲ့ပြန်လာသေးတယ်နော် ဒါကဘယ်သဝေထိုးနေရတာလဲ နင်က ငါက အလုပ်ကပြန်လာပြီး ချက်ဟယ်ပြုတ်ရယ်နဲ့ မောနေရတာ နင်ကတော့ သာသာယာယာ အလေလိုက်နေတယ် ” “အမေကလည်း အလေလိုက်တာမဟုတ်ပါဘူး အမေရဲ့ သားပန်းသည် ဒေါ်ကြီးစံပါယ်စီသွားနေတာ။” “မစံပါယ်စီ နင်ကဘာသွားလုပ်တာလဲ” “ဟိုလေ ဟို ညဘက်ကိုလေ သား စံပါယ်ပန်းလိုက်ရောင်းမလို့ အဲ့ဒါ” “ဘာ” “ပန်းလိုက်ရောင်းမယ် ဟုတ်လား။

နင်စာတော့ မလုပ်ချင်ဘူး မဟုတ်တာကြ လုပ်ချင်တယ် “အမေရယ် သားကျောင်းစာ စိတ်မဝင်စားဘူးလေ ကျောင်းဆက်တက်နေလည် သားအောင်မှာမဟုတ်ဘူး အခုလည်း ဆယ်တန်းရောက်နေပြီပဲ သား လူ့အောက်မကျပါဘူးအမေရဲ့ အမေ့ကို တစ်ဖက်တစ်လမ်းက ကူရအောင် သားအလုပ်လုပ်ချင်တယ် အမေလည်း နည်းနည်း နားရတာပေါ့။ အကြွေးတွေလည်း မနည်းများနေပြီလေ အမေရဲ့။ အဘိုး မဆုံးခင်က အမေယူထားတာတွေက ဒီအိမ်ပါ ထိုးအပ်ရတော့မယ့် အခြေနေဖြစ်နေပြီလေ။

အမေ သားတို့က သားအမိနှစ်ယောက်တည်းလေ။ မရှိအတူ ရှိတူပေါ့ သားအလုပ်လုပ်ပါရစေ နော်အမေ။” သားရဲ့စကားတွေက ကေသွယ့်ကို နာကျင်စေသည်မှာအမှန်ပင်။ သားတစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ပေးဖို့ အမေတစ်ယောက်ရဲ့ ခွန်အားတွေ ကေသွယ့်မှာ အပြည့်ရှိပါတယ် ။ မရှိတာ ရှိတာထက် သားကို မပင်ပန်းစေချင်ဘူး။ အဖေမဲ့နေတဲ့ သားအတွက် ကေသွယ် တာဝန်ပိုကျေချင်မိတယ်။ လင်ပစ် တစ်ခုလပ်ဖြစ်မှ သားဖြစ်သူက ကျောင်းထွက် ဈေးရောင်းရတယ်လို့တော့ ပတ်ဝန်းကျင်ပြောတာ မခံနိုင်ပါ။

ဒါ့ကြောင့်လည်း သားရဲ့တောင်းဆိုမှုကို ကေသွယ် တင်းတင်းရင်းရင်းငြင်းပယ်ခဲ့လေသည်။ “လုံးဝ မလုပ်ရဘူး သားထူး အမေအခု အလုပ်လုပ်နေတယ်။ မင်းတစ်ယောက်အတွက်တော့ အမေကောင်းကောင်းထားနိုင်တယ်။ နင့်အဖေမရှိတဲ့ နောက်မှာ နင့်ကို လူတလုံးသူတလုံးဖြင်အောင် ထားဖို့ ငါ့မှာ တာဝန်ရှိတယ်။ နင့်ခေါင်းထဲက ပေါက်ကရအတွေးတွေကို ထုတ်ပစ်။” သားထူး ခေါင်းလေးငုံ့ကာ အမေ့ရဲ့ ဒေါသအောက်တွင် တုတ်တုတ်မျှမလှုပ်ဝံ့နေခဲ့။

အချိန်က တစ်ဖြည်းဖြည်း ကုန်လွယ်လာသည်။ သားထူးလည်း ဆယ်တန်းကျလို့ အမေ့ရဲ့ ဆူပူကျိန်းမောင်းမှုကို ခံရင်း နောက်တစ်နှစ် ဆက်မဖြေပဲ အလုပ်ထွက်လုပ်ဖို့ တိုက်ပွဲဝင်ရသည်။ ကေသွယ်လည်း သားဖြစ်သူကိုပြောမရတော့သည့်အဆုံး လက်လွတ်လိုက်ရလေတော့သည်။ ဒီအမေနဲ့ ဒီသား နှစ်ယောက်တည်းရှိတဲ့ ဒီကမ္ဘာမှာ အရာအားလုံးကို အံတုဖို့ ငွေကသာ အရှင်သခင်ဖြစ်နေလေတော့ အိမ်ပေါ်က ဆင်းမပေးရဖို့အရေး သားအမိနှစ်ဦး ဒိုးတူဘောင်ဖက် လုပ်ကိုင်ဖို့က လိုအပ်လာလေသည်။

ကေသွယ် လက်ရှိလုပ်နေသော အရောင်းဝန်ထမ်း အလုပ်ကိုထွက်လိုက်ပြီး ဈေးရောင်းဖို့ စိတ်ကူးလိုက်လေသည်။ အိမ်ရှေ့လေးမှာပင် ထမင်းဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။ ကေသွယ်တို့ ရပ်ကွက်က လမ်းမတန်းနဲ့ ကျောချင်းကပ်ဆိုတော့ စည်ကားသည်။ ဒါ့ကြောင့် ထမင်းဆိုင်ဖွင့်တာ အလုပ်ဖြစ်မည်ဟု ကေသွယ် တွေးလိုက်မိသည်။ သားကတော့ ညဘက် စံပါယ်ပန်းလိုက်ရောင်းပြီး ရောင်းရငွေကို တပြားမကျန်ပြန်အပ်ကာ အမေ့ကို ကူဖေါ်လောက်ဖက် လုပ်ပေးရှာသည်။

သားထူးစံပါယ်ပန်းကုန်းများအား အတွဲလိုက် သေသေချာချာလေး စုကိုင်လိုက်ပြီး ဈေးရောင်းထွက်ရန်ပြင်ဆင်လိုက်ကာ “အမေ သား ဈေးရောင်းသွားပြီ” “ဟဲ့ သား ဒီနေ့ မစောဘူးလား” “နည်းနည်းစောတယ် အမေ … ရပ်ကွက်ထဲ သွားရောင်းမလို့ အဲ့ဘက်က သူဌေးတွေက အပြင်ထွက်တာမဟုတ်ဘူးလေ။ အဲ့မှာဆို ဈေးပိုရတယ် အမေရဲ့ ပြီးတော့မှ ဒီဘကိအခြမ်းပြန်လာမှာ အဲ့ဒါကြောင့် နည်းနည်း စောသွားမလို့” “အေးပါ ငါ့သားရယ် ဂရုစိုက်သွား ” ကေသွယ်ရဲ့ ထမင်းဆိုင်လေးက မထင်မှတ်ပဲ အရောင်းသွက်သည်။

ဟင်းချက်လက်ရာလေးလည်းကောင်းပြီး စေတနာအပြည့်နဲ့ စားသုံးသူတွေကို ရောင်းချပေးလို့ထင်ပါ့ နေရာအကွက်အကွင်းကလည်း ကောင်း၍ထင်ရသည် ရောင်းကောင်းသည်။ ဒါကိုပဲ မနာလိုမရှုစိတ်ရှိသော တချို့သူတွေက ထင်ကြေးအမျိုးမျိုးပေးပြီး ကေသွယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့လေသည်။ “အမလေးအေ ရောင်းကောင်းတာလည်းမပြောနဲ့လေ ကြည့်ကြည့်လိုက် သူ့ဆိုင်မှာ ဝင်စားတာ ဘယ်လိုလူတွေလည်းလို့ ကားသမားတွေချည်းပဲလေ။

အစာပြေပေါ့အေ” အနှောင့်အသွားမလွတ်သည့် စကားတွေကို ကြားရဖန်များလာတော့လည်း ကေသွယ် ဂရုပြုမနေပဲ ကိုယ့်အလုပ်ကိုယ်သာ ဇောက်ချလုပ်နေမိတော့သည်။ တချို့သော ယောကျာ်းတွေကလည်း ကေသွယ်က တစ်ခုလပ် ဆိုတာသိလို့ သွေးတိုးစမ်းတဲ့သဘောနဲ့ သားပြောမယားပြောလေးတွေလည်း အပြောခံရသည်ကရှိသေးသည်။ ဈေးသည်ဆိုတာ သည်းခံရတယ် ဆိုသည့် စကားအတိုင်း ကေသွယ် သည်းခံခဲ့သည်။

ကေသွယ် အစ်ကို ဆာလာတယ် အဆင်သင့်ဖြစ်ပြီလား”အာ ကိုဝေမိုးကလည်း အဆင်သင့်ပါရှင် ဒါနဲ့ ကားဆွဲကောင်းလား ဒီနေ့” “ဆွဲကောင်းပါ့ ဒါပေမယ့် မောတယ် ကေသွယ်လေးနဲ့ တွေ့မှ အမောပြေတယ်’ “ဟွန်း အပြောကောင်း ကိုတက်ပါ့ကြီး ခါတိုင်းလိုပဲ ဝက်သားနဲ့ပဲနော်” “အွန်း အဆီတစ်ထပ် အသားတစ်ထပ် သုံးထပ်သားလေး” ကားသမား မိုးဝေက ပြောလည်းပြော အကြည့်တွေက ကေသွယ်ရဲ့ ကိုယ်လုံးတစ်ခုလုံးကို သိမ်းကြုံးပြီးကြည့်ကာ တံတွေးတွေကို မျိချလိုက်သည်။

စီးပွားရေးအရလို့ ဆိုဆို မိန်းမသားတစ်ဦးတည်းရှာဖွေလုပ်ကိုင်စားသောက်နေရသည့်အချိန်တွင် အားကိုးစရာပဲဖြစ်ဖြစ် အဟန့်အတားပဲဖြစ်ဖြစ် ကေသွယ် လိုအပ်သည်ဟုထင်မိသည်။ သားဖြစ်သူက အားကိုးရလောက်သည့် အခြေနေမျိုးဖြင့်သူမကို စောင့်ရှောက်ပေးမှု မရသေးသောကြောင့် အသက် ၃၇ နှစ်အရွယ်သာရှိသေးသော လုံးကြီးပေါက်လှ တစ်ခုလပ်မလေး ကေသွယ် အားကိုးရှာချင်မိလေသည်။ မပြည့်စုံရသည့်အထဲ ပတ်ဝန်းကျင် ကျားမုဆိုးတွေရန်ကရှိသေးသောကြောင့်။

တစ်ယောက်ယောက်ကို အတည်အကျ ယူလိုက်ရင်ဖြင့် တည်တည်တံတံများဖြစ်သွားမလားဆိုသည့်အတွေးက ဝင်လာသောကြောင့်လည်း ကားသမား မိုးဝေ ကို ကေသွယ် ထည့်သွင်းစဉ်းစားခဲ့လေသည်။ “အမေရယ် ဒီအတိုင်းလေးလည်း သားတို့ သားအမိအဆင်ပြေနေတာပဲဟာ။ ပြီးတော့ အကြွေးတွေလည်း အတော်လေးကျေနေပြီပဲ ။ သားတို့အတွက်ပူစရာဘာရှိနေလို့ အမေက နောက်ယောကျာ်းယူရတာလဲ။

ပြီးတော့ သားက ငယ်တော့တာမဟုတ်ဘူးလေ ရှက်တယ် ဗျ “ဟဲ့ ရှက်ရအောင် ငါက သူများလင်ကို လုနေတာမှမဟုတ်တာ ။ အခုဟာက ရှေ့ရေးကိုတွေးပြီးငါလည်း စီစဉ်ရတာ။ ဘယ်လိုပဲဖြစ်ဖြစ် အမေ့မှာ အားကိုးအားထားစရာယောကျာ်းသားတစ်ယောက်တော့ရှိသင့်တယ်လေ သားရဲ့။” သားဖြစ်သူ လက်ခံလာအောင် ကေသွယ် တစ်ယောက် ချော့ကာ ခြောက်ကာ ပြောဆိုနေသော်လည်း သားထူးရဲ့ စိတ်ထဲမှာတော့အမေ့ကို မငြိုငြင်ရက်သော်လည်း သဘောမတွေ့ကာ အလိုမကျဖြစ်ရလေသည်။

ရပ်ကွက်ထဲမှာတော့ သားထူးပို၍ပင် အရှက်သည်းခဲ့ရလေသည်။ မလိုသူတွေရဲ့ ထိုးနှက်လာသောစကားလုံးတွေက သားထူးရဲ့ ခံစားချက်တွေကို အထပ်ထပ်နာကျင်စေခဲ့သည်။ “ပြောသားပဲအေ ဒီလိုပဲဖြစ်လာမယ်ဆိုတာ။ ဒီလောက်တရုန်းရုန်းနဲ့ တော်သလင်းဇာတ်ခင်းနေမှတော့ ဟိုကားသမားမိုးဝေကလည်း နွားပဲနေမှာပါအေ။ ” “ဟဲ့ မဖြစ်နိုင်ဘူး ကားသမားဆိုမှတော့ လူလည်ပဲနေမှာပါအေ။ မိကေသွယ်က တခုလပ်ဆိုပေမယ့် ရုပ်ရည်လေးက ရှိသေးတယ်လေ ပြီးတော့ ရှာနိုင်ဖွေနိုင်တယ်။

“အွန်း ဒါနဲ့ သူ့သား သားထူးကလည်း ဘာထူးလည်း မအေ ခြေရာနင်းတာပဲ လူကပျော့စိပျော့ဖတ် အခြောက်ဖြစ်နေတော့ ညဘက်ဆို ပန်းရောင်းရင်း အမလေးအေ ပြောမပြောချင်ပါဘူး ကာလသားတစ်သိုက်နဲ့ တရုန်းရုန်းပါပဲအေ။” “အေးဟယ် စိတ်ပျက်ဖို့ကောင်းတယ် အရပ်နာတယ်” သားထူး နားနဲ့ဆက်ဆက်ကြားနေရသည်ကို မယုံနိုင်အောင်ဖြစ်ရလေသည်။ ကိုယ်တွေသားအမိအပေါ် ဒီလောက် ပြောနေရအောင် သားထူးတို့သားအမိ ဒီပတ်ဝန်းကျင် ဒီအသိုင်းအဝိုင်းအပေါ် ဘာမှ မလုပ်ခဲ့ပါဘူး။

ဘာလို့ မြေနိမ့်ရာ လှံစိုက်ချင်ကြတာလဲ။ ဒီလို လူ့အသိုင်းအဝိုင်းကြားမှာ အမေ ဘယ်လိုရပ်တည်မလဲ။ အတွေးတွေက သားထူးကို ပိုလို့ပင် မွန်းကျပ်စေခဲ့လေသည်။ ပန်းရောင်းပြီးပြန်ရောက်တော့ အခါတိုင်းလို အမေက ထမင်းဝိုင်းပြင်ပြီးစောင့်မနေခဲ့ပေ။ တိတ်တဆိတ် အိမ်ပေါ်ခြေလှမ်းတက်လာပြီး အမေ့ကို အိမ်ရှေ့မှာမတွေ့ရသောကြောင့် သားထူး ခေါ်မည်အပြု “ဟွန်း ကိုမိုးဝေကလည်း ဇွတ်ပဲ ခဏနေဦး တော်ကြာသားပြန်လာတော့မှာ “။

ဟာ ကေသွယ်ကလည်းကွာ ထရံတစ်ချက်သာခြားသော အိပ်ခန်းအတွင်းမှ လတ်လတ်ဆတ်ဆတ် လင်မယားနှစ်ယောက်ရဲ့ အသံတွေက သားထူးကို အိမ်အပြင်ပြန်ထွက်သွားဖို့ တွန်းအားပေးလိုက်သယောင် ချက်ခြင်းပင် သားထူးအိမ်ထဲမှ ထွက်ခဲ့လေသည်။ ရှက်ခြင်း နာကျင်ခြင်းတွေကို ထွေးပိုက်ပြီး ဦးတည်ချက်မဲ့စွာ လျောက်လာခဲ့ရင်း “ဟေ့ ပန်းသည်လေးပါလား ပန်းတွေကုန်သွားပြီလား” နည်းနည်းထွေနေသော ကောင်းကောင်းတို့ သူငယ်ချင်းတစ်ဖွဲ့နှင့် ပက်ပင်းတိုးလေပြီ။

ဟေ့ မေးနေတယ်လေ လာကွာ ငါတို့နဲ့ လိုက်ခဲ့ မင်းပန်းတွေလည်း ကုန်နေပြီပဲ။ “မလိုက်ချင်ပါဘူးကွာ” “ဟ့ မလိုက်လို့ ရမလားကွ ငါတို့ပျော်အောင် လုပ်ပေးကွာ ဟေ့ကောင်တွေ သဘောတူလား” “ကြာသလားလို့ ဒါမျိုးလည်း ငါတို့က မရှောင်ဘူးကွာ ” “ကောင်းကောင်း ငါတောင်းပန်ပါတယ်ကွာ ငါ ငါ မလိုက်ပါရစေနဲ့” “မူမနေပါနဲ့ကွာ မင်းဒီအချိန် အပြင်မှာ ရှိနေတာ ဘာအတွက်လည်းငါတို့သဘောပေါက်ပါတယ် မင်းဆန္ဒတွေဖြည့်ပေးမယ် လာလိုက်ခဲ့” သားထူး ခေါင်းထဲ ထွေသွားသည်။

ငိုချင်လာသည်။ အမေ့ကို နာကျည်းလာသည်။ ဒီလို ဖြစ်ရပ်တွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ သားထူးအော်ဟစ်မေးမြန်းလိုက်ချင်သည်။ တရွတ်တိုက်ဆွဲခေါ်သွားသောကောင်းကောင်းတို့ အဖွဲ့နဲ့ သားထူး ပါလာခဲ့ရသည်။ မျက်ရည်တွေ နာကျင်မှုတွေနဲ့ လူတစ်စုရဲ့ အာသာဆန္ဒကို ပေးဆပ်လိုက်ရသည်။ လေးလ ဆိုသောအချိန်အတွင်းမှာပင် အခြေနေတစ်ခုက ပြောင်းလဲသွားခဲ့လေတော့သည်။ အမေ့နောက်ယောကျာ်း မိုးဝေဆိုသော ကားသမားက။

နောက်ထပ်မယားငယ်ယူပြီး အမေ့ရဲ့ ရှိစုမဲ့စုလေးများကိုပါ မသွားသောကြောင့် အမေ့မျက်ရည်တွေကို သားထူး တွေ့ရပြန်ပေသည်။ “မငိုပါနဲ့အမေရယ်” “သားရယ် ရှက်လွန်းလို့ပါ။ အစကတည်းက လူတွေက အမေတို့ဆို ပြောချင်ဆိုချင်နေကြတာ။ ခုလိုသာဖြစ်တာ သိကြည့် အမေတော့ ရှက်တာပဲသိတယ် သားရယ်။” “ရှက်မနေပါနဲ့အမေရယ် ပတ်ဝန်းကျင်က သားတို့ကို ထမင်းလာကျွေးတာမှမဟုတ်တာ။ ပြီးတော့ အမေဖေါက်ပြန်လို့ အမေ တစ်ခုလပ်ဘဝကနေ နှစ်ခုလပ်ဖြစ်ရတာမှမဟုတ်ပဲ”။

“ဒါပေမယ့် သားရယ်” သားအမိနှစ်ယောက် ဖတ်ပြီးငိုကြွေးရင်း အနာဂါတ်အတွက် ရင်မောနေကြရလေသည်။ “အမလေး လေ သိပြီးသား ငါပြောသားပဲ မိန်းမဖင်တွဲ လင်မမြဲလို့ ခုကြည့် ထားသွားပြန်ပြီ နောက်တစ်ယောက်က။ ဟွန်း ဟွန်း ဘာပဲဖြစ်ဖြစ် ရာထူးတိုးတာပေါ့အေ။ တစ်ခုလပ်မဟုတ်တော့ဘူး နှစ်ခုလပ် ဟားဟားဟား” ဒီအဖြစ်ပျက်တွေရဲ့ အကျိုးဆက်ကတော့ သားထူးတို့ ရပ်ကွက်ထဲမှာ မနေဝံ့တော့တဲ့အထိ ဖြစ်ခဲ့ရလေသည်။ ဒါ့ကြောင့်ပဲ အိမ်ကိုရောင်းပြီး အခြားမြို့နယ်တစ်ခုသို့ အခြေချရန် အပြီးထွက်ခဲ့လေသည်။

“မကေသွယ်ရဲ့ သားလေးက နွဲ့နွဲ့လေး နော်” “ဟုတ်တယ် သားက မိန်းမလျာလေ” “ရှန် ” “ဟင်းဟင်း အံ့သြသွားတာလား မမြရီရဲ့ တစ်ကယ်တော့ သားယောကျာ်းလေး မွေးထားတာပဲ ကျားကျားယားယား ရှိစေခြင်ခဲ့တာပေါ့။ ဒါပေမယ့် ကျွန်မ သားအရွယ်ရောက်လာတော့ ခုလို နွဲ့နွဲ့လေးနဲ့ မိန်းမစိတ်ပေါက်နေတာကိုပဲ ကျွန်မ ကျေနပ်နေမိတယ်။” “ဟင် ဘာ ဘာဖြစ်လို့လဲ မကေသွယ်ရဲ့” “အော် ယောကျာ်းစိတ်နဲ့ ယောကျာ်းလိုနေရင်း မိန်းခလေးတွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ယောကျာ်းဖြစ်လာမယ်ဆိုရင် ခုလို မိန်းမလျာဖြစ်နေတာကမှ ပိုပြီး တန်ဖိုးရှိသေးတယ်လို့ တွေးမိလို့ပါ။

တစ်ကယ်တော့ သားကို ကျွန်မ သိပ်ကိုယောကျာ်းပီသစေချင်ခဲ့ပါတယ် ဒါပေမယ့် ယောကျာ်းဆန်လွန်းတဲ့ယောကျာ်းတော့ မဖြစ်စေချင်ဘူး။ တစ်ခုလပ်မ တစ်ယောက်ရဲ့ သားက သူ့အဖေရဲ့သွေးလို မိန်းမတစ်ယောက်အပေါ် တာဝန်မကျေဘူးဆိုရင် ယောကျာ်းပီသတယ်လို့ ဘယ်လိုသမုတ်မလဲ။ ခုဆို ကျွန်မ သားအတွက် မပူရဘူး။ သားမှာ မိန်းခလေးတွေအပေါ် နာကျင်စေမယ့် ကြမ်းတမ်းတဲ့ အကျင့်စရိုက်လည်းမရှိဘူး။ သူနေနေတဲ့ ပတ်ဝန်းကျင်ကို မူးရူးပြီးဆဲဆိုနေခြင်းလည်းမရှိဘူး။ သူ့ကြောင့် ကျွန်မ ရုံးတွေ ဂတ်တွေမှာ လည်းလိုက်ဖြေရှင်းရတာမျိုးလည်း ရှိဘူး။ ကျွန်မက သားမွေးပြီး သမီးရထားတာလို့ တွေးပြီး ကျေနပ်တယ်။” ဒေါ်ကေသွယ် နာကျင်မှုတွေ ပူဆွေးမှုတွေကို ဝေ့သီလာသော မျက်ရည်စတွေနှင့်အတူ ပုတ်ခတ်ထုတ်လိုက်ပြီး အလှပြင်ဆိုင်မှ ပြန်လာသည့် သားဖြစ်သူကို ထမင်းဝိုင်းပြင်ကာ ထိုင်စောင့်နေလေတော့သည်….. ပြီးပါပြီ။

 

Zawgyi

 

ရိုးမယ္ဖြဲ႔

“ေဟ့ေကာင္… ေဇာ္ႀကီး… အဲ့ေစာ္…မိုက္တယ္ေနာ္” “ေအး…ဟုတ္တယ္ကြ… ေနာက္က ၾကည့္ရင္ ပိုေတာင္မိုက္ေသးတယ္” “အမေလးေလ ဘာေတြၾကည့္ၿပီး မိုက္ေနရတာလည္း ေဇာ္ႀကီးနဲ႔ ေက်ာ္ျမင့္ရယ္ နင္တို့လည္း ငမ္းစရာရွားလို့ ဒီလို တစ္ခုလပ္ကိုမွ ငမ္းရသလားဟဲ့” “ဟင္ တစ္ခုလပ္ ဟုတ္လို့လား မတင္ေထြးရဲ့” “အဟုတ္ေတာ့…အဟုတ္… တစ္ခုလပ္တင္… ဘယ္ကမလဲ… ကေလးတစ္ေယာက္လည္းရွိေသး… သူ႔သားေလးကလည္း အေျခာက္လိုေလးေလ သားထူးဆိုလား”။

ဟာ ဒါဆို ပိုေတာင္မိုက္ေသးတယ္… အေမေကာ…သားေကာ ဟား…ဟား…ဟား…ဟား…”ဟဲ့ မိုက္မေနနဲ႔ နင္တို့ေသေသခ်ာခ်ာၾကည့္ မိန္းမဖင္တြဲ…လင္မျမဲ တဲ့” “ဟင္… မတင္ေထြးေျပာတာ ဘာလဲ…ဗ်” “ေအာ္…ဘာကမွာလဲ…ဟဲ့… အဲ့မိန္းမေနာက္ပိုင္းကို ေသေသခ်ာခ်ာ ၾကည့္ေလ ဖင္ကေအာက္တြဲက်ေနတာ မွတ္ထား မိန္းမဖင္တြဲက်ေနရင္ လင္မျမဲဘူးဟဲ့… စိတ္ကူးေတြယဥ္မေနနဲ႔” အလုပ္ကအျပန္ ရပ္ကြက္ရဲ့ လူစည္းကားရာ ေစ်းဆိုင္တန္းေလးမွ။

ာ အိမ္အတြက္ လိုအပ္တာေလးေတြ ဝင္ဝယ္တဲ့ေကသြယ္ တစ္ဖက္ေစ်းဆိုင္ အတြင္းမွ ေျပာေနေသာၾကသည္ကို။ ၾကားလိုက္ရေသာ စကားလုံးေတြက ႏွမသားခ်င္းမစာမနာ သားသမီးခ်င္း ကိုယ္ခ်င္းမစာနာ မိန္းမသားခ်င္း မစာနာေသာစကားလုံးေတြေၾကာင့္ ေကသြယ္ ေထာင္းကနဲထြက္လာေသာ ေဒါသႏွင့္အတူ ခ်ာခနဲေနာက္ျပန္ လွည့္လိုက္ကာ “ဟဲ့ တင္ေထြး နင္စကားေျပာတာလဲ? ငါ့လက္ဝါးက ပါးမေရြးဘူးေနာ္ ညည္း အသားလြတ္ေစာ္ကားေနတာေတြမ်ားေနၿပီ”။

ေဒါသႏွင့္အတူ လူကပါ တစ္ဖက္ ဆိုင္ခန္းဘက္ကိုေရာက္သြားသည္။ ႐ုတ္႐ုတ္သဲသဲျဖစ္သြားေသာေၾကာင့္ တခ်ိဳ့ေသာ ေစ်းဝယ္သူေတြ ကြက္ၾကည့္ ကြက္ၾကည့္လုပ္ေနၾကၿပီး စပ္ၿဖီးၿဖီး သေကာင့္သား ႏွစ္ေကာင္က ေကသြယ့္ရဲ့ ကိုယ္ခႏၶာတစ္ခုလုံးကို စားမတက္ ဝါးမတက္ ေသေသခ်ာခ်ာၾကည့္ေနၾကေလသည္။ “ငါကဘာေျပာလို့လည္း အမွန္ေျပာတာေလ ညည္းကအမွန္ေျပာေတာ့ နာတယ္လား နာရင္လဲေသလိုက္” “ေကာင္မ ဘာစကားေျပာတာလဲ”။

ေကသြယ္ ထိန္းမထားနိုင္ေတာ့သည့္ ေဒါသကို ထြက္ေပါက္ေပးလိုက္ခ်ိန္မွာေတာ့ “ျဖန္း…… ” “ဟင္… နင္…နင္ကငါ့ကို ပါးရိုက္တယ္ ဟုတ္လား…”။ “ေအးရိုက္တယ္ လာေလ လာလိုက္ ထပ္အရိုက္ခံျခင္ရင္ ေရွ႕တိုးလာခဲ့ ေကာင္မ ေကသြယ္ကို ဘာမွတ္ေနလဲ” “ဟဲ့ သူေတာင္းစားႏွစ္ေကာင္ နင္တို့လည္း ၾကပ္ၾကပ္သတိထား နင္တို့ ႏွမေတြ အေမေတြလို ထင္ၿပီး ငါ့ကို ေပါေပါေလာေလာအစားထဲက ထင္မေနနဲ႔ သူေတာင္းစားေတြ နင္တို့ကိုပါ ပါးရိုက္မွာ ငါ့ကိုဘာေကာင္မ မွတ္ေနလဲ”။

လူေတြ ႐ုတ္႐ုတ္သဲသဲ ပိုျဖစ္ကာ ဆြဲသူကဆြဲ ၾကည့္သူကၾကည့္ တီးတိုးေျပာသူကေျပာႏွင့္ ေစ်းဆိုင္တန္းေလးမွာ စည္ကားသြား ရေလေတာ့သည္။ အိမ္ျပန္ေရာက္ေရာက္ျခင္း အေမာမေျပနိုင္ ေကသြယ့္ရဲ့ ေဒါသေတြက အလိပ္လိုက္ ထြက္ေနဆဲ ကံအေၾကာင္းမလွလို့ တစ္ခုလပ္ ကေလးအေမျဖစ္ေနရတာ ပတ္ဝန္းက်င္ရဲ့ အထင္ေသးရွုံ႔ခ်ခံရဖို့လား။ တစ္ခုလပ္ျဖစ္တာ ဘာဆန္းလဲ လင္နဲ႔ကြဲတာ ဘာဆန္းလဲ ကိုယ့္အေပၚ မေကာင္းတဲ့ေယာက်ာ္းကို ဖတ္တြယ္ၿပီး ဒုကၡဆင္းရဲ မခံပဲ ျပတ္ျပတ္သားသား ကြဲလိုက္တာ ဘာျဖစ္လဲ။

ကိုယ့္ဝမ္းအတြက္ ကိုယ့္ေျခေတာက္အေပၚကိုယ္ရပ္တည္ရဲတာ အျပစ္ျဖစ္ေနလား။ ဒီပတ္ဝန္းက်င္မွာ ေကသြယ္ အေတာ္ေလးမြန္းက်ပ္လွၿပီ။ အေျခေနမေပးလို့သာ ဒီလိုေနရာမွာ နနေရေတာ။ အခ်ိန္က ညေနေစာင္းေနၿပီ မၾကာခင္မွာ အေမွာင္ေရာက္လာေတာ့မည္ သားျဖစ္သူက ဘယ္သေဝထိုးေနတယ္မသိ ခုခ်ိန္ထိျပန္ေရာက္မလာေသး။ ဟူးးး ေကသြယ္ ထမင္းစကားပြဲဝိုင္းမွာ ငူငူႀကီးထိုင္ကာ သားျပန္အလာကို ေစာင့္ေနေလသည္။

“အေမ သားျပန္ေရာက္ၿပီ။” “ဟဲ့ျပန္လာေသးတယ္ေနာ္ ဒါကဘယ္သေဝထိုးေနရတာလဲ နင္က ငါက အလုပ္ကျပန္လာၿပီး ခ်က္ဟယ္ျပဳတ္ရယ္နဲ႔ ေမာေနရတာ နင္ကေတာ့ သာသာယာယာ အေလလိုက္ေနတယ္ ” “အေမကလည္း အေလလိုက္တာမဟုတ္ပါဘူး အေမရဲ့ သားပန္းသည္ ေဒၚႀကီးစံပါယ္စီသြားေနတာ။” “မစံပါယ္စီ နင္ကဘာသြားလုပ္တာလဲ” “ဟိုေလ ဟို ညဘက္ကိုေလ သား စံပါယ္ပန္းလိုက္ေရာင္းမလို့ အဲ့ဒါ” “ဘာ” “ပန္းလိုက္ေရာင္းမယ္ ဟုတ္လား။

နင္စာေတာ့ မလုပ္ခ်င္ဘူး မဟုတ္တာၾက လုပ္ခ်င္တယ္ “အေမရယ္ သားေက်ာင္းစာ စိတ္မဝင္စားဘူးေလ ေက်ာင္းဆက္တက္ေနလည္ သားေအာင္မွာမဟုတ္ဘူး အခုလည္း ဆယ္တန္းေရာက္ေနၿပီပဲ သား လူ႔ေအာက္မက်ပါဘူးအေမရဲ့ အေမ့ကို တစ္ဖက္တစ္လမ္းက ကူရေအာင္ သားအလုပ္လုပ္ခ်င္တယ္ အေမလည္း နည္းနည္း နားရတာေပါ့။ အေႂကြးေတြလည္း မနည္းမ်ားေနၿပီေလ အေမရဲ့။ အဘိုး မဆုံးခင္က အေမယူထားတာေတြက ဒီအိမ္ပါ ထိုးအပ္ရေတာ့မယ့္ အေျခေနျဖစ္ေနၿပီေလ။

အေမ သားတို့က သားအမိႏွစ္ေယာက္တည္းေလ။ မရွိအတူ ရွိတူေပါ့ သားအလုပ္လုပ္ပါရေစ ေနာ္အေမ။” သားရဲ့စကားေတြက ေကသြယ့္ကို နာက်င္ေစသည္မွာအမွန္ပင္။ သားတစ္ေယာက္အတြက္ မားမားမတ္မတ္ရပ္တည္ေပးဖို့ အေမတစ္ေယာက္ရဲ့ ခြန္အားေတြ ေကသြယ့္မွာ အျပည့္ရွိပါတယ္ ။ မရွိတာ ရွိတာထက္ သားကို မပင္ပန္းေစခ်င္ဘူး။ အေဖမဲ့ေနတဲ့ သားအတြက္ ေကသြယ္ တာဝန္ပိုေက်ခ်င္မိတယ္။ လင္ပစ္ တစ္ခုလပ္ျဖစ္မွ သားျဖစ္သူက ေက်ာင္းထြက္ ေစ်းေရာင္းရတယ္လို့ေတာ့ ပတ္ဝန္းက်င္ေျပာတာ မခံနိုင္ပါ။

ဒါ့ေၾကာင့္လည္း သားရဲ့ေတာင္းဆိုမွုကို ေကသြယ္ တင္းတင္းရင္းရင္းျငင္းပယ္ခဲ့ေလသည္။ “လုံးဝ မလုပ္ရဘူး သားထူး အေမအခု အလုပ္လုပ္ေနတယ္။ မင္းတစ္ေယာက္အတြက္ေတာ့ အေမေကာင္းေကာင္းထားနိုင္တယ္။ နင့္အေဖမရွိတဲ့ ေနာက္မွာ နင့္ကို လူတလုံးသူတလုံးျဖင္ေအာင္ ထားဖို့ ငါ့မွာ တာဝန္ရွိတယ္။ နင့္ေခါင္းထဲက ေပါက္ကရအေတြးေတြကို ထုတ္ပစ္။” သားထူး ေခါင္းေလးငုံ႔ကာ အေမ့ရဲ့ ေဒါသေအာက္တြင္ တုတ္တုတ္မၽွမလွုပ္ဝံ့ေနခဲ့။

အခ်ိန္က တစ္ျဖည္းျဖည္း ကုန္လြယ္လာသည္။ သားထူးလည္း ဆယ္တန္းက်လို့ အေမ့ရဲ့ ဆူပူက်ိန္းေမာင္းမွုကို ခံရင္း ေနာက္တစ္ႏွစ္ ဆက္မေျဖပဲ အလုပ္ထြက္လုပ္ဖို့ တိုက္ပြဲဝင္ရသည္။ ေကသြယ္လည္း သားျဖစ္သူကိုေျပာမရေတာ့သည့္အဆုံး လက္လြတ္လိုက္ရေလေတာ့သည္။ ဒီအေမနဲ႔ ဒီသား ႏွစ္ေယာက္တည္းရွိတဲ့ ဒီကမၻာမွာ အရာအားလုံးကို အံတုဖို့ ေငြကသာ အရွင္သခင္ျဖစ္ေနေလေတာ့ အိမ္ေပၚက ဆင္းမေပးရဖို့အေရး သားအမိႏွစ္ဦး ဒိုးတူေဘာင္ဖက္ လုပ္ကိုင္ဖို့က လိုအပ္လာေလသည္။

ေကသြယ္ လက္ရွိလုပ္ေနေသာ အေရာင္းဝန္ထမ္း အလုပ္ကိုထြက္လိုက္ၿပီး ေစ်းေရာင္းဖို့ စိတ္ကူးလိုက္ေလသည္။ အိမ္ေရွ႕ေလးမွာပင္ ထမင္းဆိုင္ဖြင့္ဖို့ ဆုံးျဖတ္လိုက္ေလေတာ့သည္။ ေကသြယ္တို့ ရပ္ကြက္က လမ္းမတန္းနဲ႔ ေက်ာခ်င္းကပ္ဆိုေတာ့ စည္ကားသည္။ ဒါ့ေၾကာင့္ ထမင္းဆိုင္ဖြင့္တာ အလုပ္ျဖစ္မည္ဟု ေကသြယ္ ေတြးလိုက္မိသည္။ သားကေတာ့ ညဘက္ စံပါယ္ပန္းလိုက္ေရာင္းၿပီး ေရာင္းရေငြကို တျပားမက်န္ျပန္အပ္ကာ အေမ့ကို ကူေဖၚေလာက္ဖက္ လုပ္ေပးရွာသည္။

သားထူးစံပါယ္ပန္းကုန္းမ်ားအား အတြဲလိုက္ ေသေသခ်ာခ်ာေလး စုကိုင္လိုက္ၿပီး ေစ်းေရာင္းထြက္ရန္ျပင္ဆင္လိုက္ကာ “အေမ သား ေစ်းေရာင္းသြားၿပီ” “ဟဲ့ သား ဒီေန႔ မေစာဘူးလား” “နည္းနည္းေစာတယ္ အေမ … ရပ္ကြက္ထဲ သြားေရာင္းမလို့ အဲ့ဘက္က သူေဌးေတြက အျပင္ထြက္တာမဟုတ္ဘူးေလ။ အဲ့မွာဆို ေစ်းပိုရတယ္ အေမရဲ့ ၿပီးေတာ့မွ ဒီဘကိအျခမ္းျပန္လာမွာ အဲ့ဒါေၾကာင့္ နည္းနည္း ေစာသြားမလို့” “ေအးပါ ငါ့သားရယ္ ဂ႐ုစိုက္သြား ” ေကသြယ္ရဲ့ ထမင္းဆိုင္ေလးက မထင္မွတ္ပဲ အေရာင္းသြက္သည္။

ဟင္းခ်က္လက္ရာေလးလည္းေကာင္းၿပီး ေစတနာအျပည့္နဲ႔ စားသုံးသူေတြကို ေရာင္းခ်ေပးလို့ထင္ပါ့ ေနရာအကြက္အကြင္းကလည္း ေကာင္း၍ထင္ရသည္ ေရာင္းေကာင္းသည္။ ဒါကိုပဲ မနာလိုမရွုစိတ္ရွိေသာ တခ်ိဳ့သူေတြက ထင္ေၾကးအမ်ိဳးမ်ိဳးေပးၿပီး ေကသြယ့္ကို စိတ္အေႏွာက္အယွက္ျဖစ္ေစခဲ့ေလသည္။ “အမေလးေအ ေရာင္းေကာင္းတာလည္းမေျပာနဲ႔ေလ ၾကည့္ၾကည့္လိုက္ သူ႔ဆိုင္မွာ ဝင္စားတာ ဘယ္လိုလူေတြလည္းလို့ ကားသမားေတြခ်ည္းပဲေလ။

အစာေျပေပါ့ေအ” အေႏွာင့္အသြားမလြတ္သည့္ စကားေတြကို ၾကားရဖန္မ်ားလာေတာ့လည္း ေကသြယ္ ဂ႐ုျပဳမေနပဲ ကိုယ့္အလုပ္ကိုယ္သာ ေဇာက္ခ်လုပ္ေနမိေတာ့သည္။ တခ်ိဳ့ေသာ ေယာက်ာ္းေတြကလည္း ေကသြယ္က တစ္ခုလပ္ ဆိုတာသိလို့ ေသြးတိုးစမ္းတဲ့သေဘာနဲ႔ သားေျပာမယားေျပာေလးေတြလည္း အေျပာခံရသည္ကရွိေသးသည္။ ေစ်းသည္ဆိုတာ သည္းခံရတယ္ ဆိုသည့္ စကားအတိုင္း ေကသြယ္ သည္းခံခဲ့သည္။

ေကသြယ္ အစ္ကို ဆာလာတယ္ အဆင္သင့္ျဖစ္ၿပီလား”အာ ကိုေဝမိုးကလည္း အဆင္သင့္ပါရွင္ ဒါနဲ႔ ကားဆြဲေကာင္းလား ဒီေန႔” “ဆြဲေကာင္းပါ့ ဒါေပမယ့္ ေမာတယ္ ေကသြယ္ေလးနဲ႔ ေတြ႕မွ အေမာေျပတယ္’ “ဟြန္း အေျပာေကာင္း ကိုတက္ပါ့ႀကီး ခါတိုင္းလိုပဲ ဝက္သားနဲ႔ပဲေနာ္” “အြန္း အဆီတစ္ထပ္ အသားတစ္ထပ္ သုံးထပ္သားေလး” ကားသမား မိုးေဝက ေျပာလည္းေျပာ အၾကည့္ေတြက ေကသြယ္ရဲ့ ကိုယ္လုံးတစ္ခုလုံးကို သိမ္းၾကဳံးၿပီးၾကည့္ကာ တံေတြးေတြကို မ်ိခ်လိုက္သည္။

စီးပြားေရးအရလို့ ဆိုဆို မိန္းမသားတစ္ဦးတည္းရွာေဖြလုပ္ကိုင္စားေသာက္ေနရသည့္အခ်ိန္တြင္ အားကိုးစရာပဲျဖစ္ျဖစ္ အဟန္႔အတားပဲျဖစ္ျဖစ္ ေကသြယ္ လိုအပ္သည္ဟုထင္မိသည္။ သားျဖစ္သူက အားကိုးရေလာက္သည့္ အေျခေနမ်ိဳးျဖင့္သူမကို ေစာင့္ေရွာက္ေပးမွု မရေသးေသာေၾကာင့္ အသက္ ၃၇ ႏွစ္အရြယ္သာရွိေသးေသာ လုံးႀကီးေပါက္လွ တစ္ခုလပ္မေလး ေကသြယ္ အားကိုးရွာခ်င္မိေလသည္။ မျပည့္စုံရသည့္အထဲ ပတ္ဝန္းက်င္ က်ားမုဆိုးေတြရန္ကရွိေသးေသာေၾကာင့္။

တစ္ေယာက္ေယာက္ကို အတည္အက် ယူလိုက္ရင္ျဖင့္ တည္တည္တံတံမ်ားျဖစ္သြားမလားဆိုသည့္အေတြးက ဝင္လာေသာေၾကာင့္လည္း ကားသမား မိုးေဝ ကို ေကသြယ္ ထည့္သြင္းစဥ္းစားခဲ့ေလသည္။ “အေမရယ္ ဒီအတိုင္းေလးလည္း သားတို့ သားအမိအဆင္ေျပေနတာပဲဟာ။ ၿပီးေတာ့ အေႂကြးေတြလည္း အေတာ္ေလးေက်ေနၿပီပဲ ။ သားတို့အတြက္ပူစရာဘာရွိေနလို့ အေမက ေနာက္ေယာက်ာ္းယူရတာလဲ။

ၿပီးေတာ့ သားက ငယ္ေတာ့တာမဟုတ္ဘူးေလ ရွက္တယ္ ဗ် “ဟဲ့ ရွက္ရေအာင္ ငါက သူမ်ားလင္ကို လုေနတာမွမဟုတ္တာ ။ အခုဟာက ေရွ႕ေရးကိုေတြးၿပီးငါလည္း စီစဥ္ရတာ။ ဘယ္လိုပဲျဖစ္ျဖစ္ အေမ့မွာ အားကိုးအားထားစရာေယာက်ာ္းသားတစ္ေယာက္ေတာ့ရွိသင့္တယ္ေလ သားရဲ့။” သားျဖစ္သူ လက္ခံလာေအာင္ ေကသြယ္ တစ္ေယာက္ ေခ်ာ့ကာ ေျခာက္ကာ ေျပာဆိုေနေသာ္လည္း သားထူးရဲ့ စိတ္ထဲမွာေတာ့အေမ့ကို မၿငိဳျငင္ရက္ေသာ္လည္း သေဘာမေတြ႕ကာ အလိုမက်ျဖစ္ရေလသည္။

ရပ္ကြက္ထဲမွာေတာ့ သားထူးပို၍ပင္ အရွက္သည္းခဲ့ရေလသည္။ မလိုသူေတြရဲ့ ထိုးႏွက္လာေသာစကားလုံးေတြက သားထူးရဲ့ ခံစားခ်က္ေတြကို အထပ္ထပ္နာက်င္ေစခဲ့သည္။ “ေျပာသားပဲေအ ဒီလိုပဲျဖစ္လာမယ္ဆိုတာ။ ဒီေလာက္တ႐ုန္း႐ုန္းနဲ႔ ေတာ္သလင္းဇာတ္ခင္းေနမွေတာ့ ဟိုကားသမားမိုးေဝကလည္း ႏြားပဲေနမွာပါေအ။ ” “ဟဲ့ မျဖစ္နိုင္ဘူး ကားသမားဆိုမွေတာ့ လူလည္ပဲေနမွာပါေအ။ မိေကသြယ္က တခုလပ္ဆိုေပမယ့္ ႐ုပ္ရည္ေလးက ရွိေသးတယ္ေလ ၿပီးေတာ့ ရွာနိုင္ေဖြနိုင္တယ္။

“အြန္း ဒါနဲ႔ သူ႔သား သားထူးကလည္း ဘာထူးလည္း မေအ ေျခရာနင္းတာပဲ လူကေပ်ာ့စိေပ်ာ့ဖတ္ အေျခာက္ျဖစ္ေနေတာ့ ညဘက္ဆို ပန္းေရာင္းရင္း အမေလးေအ ေျပာမေျပာခ်င္ပါဘူး ကာလသားတစ္သိုက္နဲ႔ တ႐ုန္း႐ုန္းပါပဲေအ။” “ေအးဟယ္ စိတ္ပ်က္ဖို့ေကာင္းတယ္ အရပ္နာတယ္” သားထူး နားနဲ႔ဆက္ဆက္ၾကားေနရသည္ကို မယုံနိုင္ေအာင္ျဖစ္ရေလသည္။ ကိုယ္ေတြသားအမိအေပၚ ဒီေလာက္ ေျပာေနရေအာင္ သားထူးတို့သားအမိ ဒီပတ္ဝန္းက်င္ ဒီအသိုင္းအဝိုင္းအေပၚ ဘာမွ မလုပ္ခဲ့ပါဘူး။

ဘာလို့ ေျမနိမ့္ရာ လွံစိုက္ခ်င္ၾကတာလဲ။ ဒီလို လူ႔အသိုင္းအဝိုင္းၾကားမွာ အေမ ဘယ္လိုရပ္တည္မလဲ။ အေတြးေတြက သားထူးကို ပိုလို့ပင္ မြန္းက်ပ္ေစခဲ့ေလသည္။ ပန္းေရာင္းၿပီးျပန္ေရာက္ေတာ့ အခါတိုင္းလို အေမက ထမင္းဝိုင္းျပင္ၿပီးေစာင့္မေနခဲ့ေပ။ တိတ္တဆိတ္ အိမ္ေပၚေျခလွမ္းတက္လာၿပီး အေမ့ကို အိမ္ေရွ႕မွာမေတြ႕ရေသာေၾကာင့္ သားထူး ေခၚမည္အျပဳ “ဟြန္း ကိုမိုးေဝကလည္း ဇြတ္ပဲ ခဏေနဦး ေတာ္ၾကာသားျပန္လာေတာ့မွာ “။

ဟာ ေကသြယ္ကလည္းကြာ ထရံတစ္ခ်က္သာျခားေသာ အိပ္ခန္းအတြင္းမွ လတ္လတ္ဆတ္ဆတ္ လင္မယားႏွစ္ေယာက္ရဲ့ အသံေတြက သားထူးကို အိမ္အျပင္ျပန္ထြက္သြားဖို့ တြန္းအားေပးလိုက္သေယာင္ ခ်က္ျခင္းပင္ သားထူးအိမ္ထဲမွ ထြက္ခဲ့ေလသည္။ ရွက္ျခင္း နာက်င္ျခင္းေတြကို ေထြးပိုက္ၿပီး ဦးတည္ခ်က္မဲ့စြာ ေလ်ာက္လာခဲ့ရင္း “ေဟ့ ပန္းသည္ေလးပါလား ပန္းေတြကုန္သြားၿပီလား” နည္းနည္းေထြေနေသာ ေကာင္းေကာင္းတို့ သူငယ္ခ်င္းတစ္ဖြဲ႕ႏွင့္ ပက္ပင္းတိုးေလၿပီ။

ေဟ့ ေမးေနတယ္ေလ လာကြာ ငါတို့နဲ႔ လိုက္ခဲ့ မင္းပန္းေတြလည္း ကုန္ေနၿပီပဲ။ “မလိုက္ခ်င္ပါဘူးကြာ” “ဟ့ မလိုက္လို့ ရမလားကြ ငါတို့ေပ်ာ္ေအာင္ လုပ္ေပးကြာ ေဟ့ေကာင္ေတြ သေဘာတူလား” “ၾကာသလားလို့ ဒါမ်ိဳးလည္း ငါတို့က မေရွာင္ဘူးကြာ ” “ေကာင္းေကာင္း ငါေတာင္းပန္ပါတယ္ကြာ ငါ ငါ မလိုက္ပါရေစနဲ႔” “မူမေနပါနဲ႔ကြာ မင္းဒီအခ်ိန္ အျပင္မွာ ရွိေနတာ ဘာအတြက္လည္းငါတို့သေဘာေပါက္ပါတယ္ မင္းဆႏၵေတြျဖည့္ေပးမယ္ လာလိုက္ခဲ့” သားထူး ေခါင္းထဲ ေထြသြားသည္။

ငိုခ်င္လာသည္။ အေမ့ကို နာက်ည္းလာသည္။ ဒီလို ျဖစ္ရပ္ေတြအတြက္ ဘယ္သူ႔မွာ တာဝန္ရွိသလဲလို့ သားထူးေအာ္ဟစ္ေမးျမန္းလိုက္ခ်င္သည္။ တရြတ္တိုက္ဆြဲေခၚသြားေသာေကာင္းေကာင္းတို့ အဖြဲ႕နဲ႔ သားထူး ပါလာခဲ့ရသည္။ မ်က္ရည္ေတြ နာက်င္မွုေတြနဲ႔ လူတစ္စုရဲ့ အာသာဆႏၵကို ေပးဆပ္လိုက္ရသည္။ ေလးလ ဆိုေသာအခ်ိန္အတြင္းမွာပင္ အေျခေနတစ္ခုက ေျပာင္းလဲသြားခဲ့ေလေတာ့သည္။ အေမ့ေနာက္ေယာက်ာ္း မိုးေဝဆိုေသာ ကားသမားက။

ေနာက္ထပ္မယားငယ္ယူၿပီး အေမ့ရဲ့ ရွိစုမဲ့စုေလးမ်ားကိုပါ မသြားေသာေၾကာင့္ အေမ့မ်က္ရည္ေတြကို သားထူး ေတြ႕ရျပန္ေပသည္။ “မငိုပါနဲ႔အေမရယ္” “သားရယ္ ရွက္လြန္းလို့ပါ။ အစကတည္းက လူေတြက အေမတို့ဆို ေျပာခ်င္ဆိုခ်င္ေနၾကတာ။ ခုလိုသာျဖစ္တာ သိၾကည့္ အေမေတာ့ ရွက္တာပဲသိတယ္ သားရယ္။” “ရွက္မေနပါနဲ႔အေမရယ္ ပတ္ဝန္းက်င္က သားတို့ကို ထမင္းလာေကၽြးတာမွမဟုတ္တာ။ ၿပီးေတာ့ အေမေဖါက္ျပန္လို့ အေမ တစ္ခုလပ္ဘဝကေန ႏွစ္ခုလပ္ျဖစ္ရတာမွမဟုတ္ပဲ”။

“ဒါေပမယ့္ သားရယ္” သားအမိႏွစ္ေယာက္ ဖတ္ၿပီးငိုေႂကြးရင္း အနာဂါတ္အတြက္ ရင္ေမာေနၾကရေလသည္။ “အမေလး ေလ သိၿပီးသား ငါေျပာသားပဲ မိန္းမဖင္တြဲ လင္မျမဲလို့ ခုၾကည့္ ထားသြားျပန္ၿပီ ေနာက္တစ္ေယာက္က။ ဟြန္း ဟြန္း ဘာပဲျဖစ္ျဖစ္ ရာထူးတိုးတာေပါ့ေအ။ တစ္ခုလပ္မဟုတ္ေတာ့ဘူး ႏွစ္ခုလပ္ ဟားဟားဟား” ဒီအျဖစ္ပ်က္ေတြရဲ့ အက်ိဳးဆက္ကေတာ့ သားထူးတို့ ရပ္ကြက္ထဲမွာ မေနဝံ့ေတာ့တဲ့အထိ ျဖစ္ခဲ့ရေလသည္။ ဒါ့ေၾကာင့္ပဲ အိမ္ကိုေရာင္းၿပီး အျခားၿမိဳ့နယ္တစ္ခုသို့ အေျခခ်ရန္ အၿပီးထြက္ခဲ့ေလသည္။

“မေကသြယ္ရဲ့ သားေလးက ႏြဲ႕ႏြဲ႕ေလး ေနာ္” “ဟုတ္တယ္ သားက မိန္းမလ်ာေလ” “ရွန္ ” “ဟင္းဟင္း အံ့ၾသသြားတာလား မျမရီရဲ့ တစ္ကယ္ေတာ့ သားေယာက်ာ္းေလး ေမြးထားတာပဲ က်ားက်ားယားယား ရွိေစျခင္ခဲ့တာေပါ့။ ဒါေပမယ့္ ကၽြန္မ သားအရြယ္ေရာက္လာေတာ့ ခုလို ႏြဲ႕ႏြဲ႕ေလးနဲ႔ မိန္းမစ္ိတ္ေပါက္ေနတာကိုပဲ ကၽြန္မ ေက်နပ္ေနမိတယ္။” “ဟင္ ဘာ ဘာျဖစ္လို့လဲ မေကသြယ္ရဲ့” “ေအာ္ ေယာက်ာ္းစိတ္နဲ႔ ေယာက်ာ္းလိုေနရင္း မိန္းခေလးေတြအတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေယာက်ာ္းျဖစ္လာမယ္ဆိုရင္ ခုလို မိန္းမလ်ာျဖစ္ေနတာကမွ ပိုၿပီး တန္ဖိုးရွိေသးတယ္လို့ ေတြးမိလို့ပါ။

တစ္ကယ္ေတာ့ သားကို ကၽြန္မ သိပ္ကိုေယာက်ာ္းပီသေစခ်င္ခဲ့ပါတယ္ ဒါေပမယ့္ ေယာက်ာ္းဆန္လြန္းတဲ့ေယာက်ာ္းေတာ့ မျဖစ္ေစခ်င္ဘူး။ တစ္ခုလပ္မ တစ္ေယာက္ရဲ့ သားက သူ႔အေဖရဲ့ေသြးလို မိန္းမတစ္ေယာက္အေပၚ တာဝန္မေက်ဘူးဆိုရင္ ေယာက်ာ္းပီသတယ္လို့ ဘယ္လိုသမုတ္မလဲ။ ခုဆို ကၽြန္မ သားအတြက္ မပူရဘူး။ သားမွာ မိန္းခေလးေတြအေပၚ နာက်င္ေစမယ့္ ၾကမ္းတမ္းတဲ့ အက်င့္စရိုက္လည္းမရွိဘူး။ သူေနေနတဲ့ ပတ္ဝန္းက်င္ကို မူး႐ူးၿပီးဆဲဆိုေနျခင္းလည္းမရွိဘူး။ သူ႔ေၾကာင့္ ကၽြန္မ ႐ုံးေတြ ဂတ္ေတြမွာ လည္းလိုက္ေျဖရွင္းရတာမ်ိဳးလည္း ရွိဘူး။ ကၽြန္မက သားေမြးၿပီး သမီးရထားတာလို့ ေတြးၿပီး ေက်နပ္တယ္။” ေဒၚေကသြယ္ နာက်င္မွုေတြ ပူေဆြးမွုေတြကို ေဝ့သီလာေသာ မ်က္ရည္စေတြႏွင့္အတူ ပုတ္ခတ္ထုတ္လိုက္ၿပီး အလွျပင္ဆိုင္မွ ျပန္လာသည့္ သားျဖစ္သူကို ထမင္းဝိုင္းျပင္ကာ ထိုင္ေစာင့္ေနေလေတာ့သည္….. ၿပီးပါၿပီ။

Leave a comment

Your email address will not be published. Required fields are marked *