ကိုကိုနဲ့ တူတူပြီးရရင် ကောင်းမှာပဲ

ဘာလိုလိုနဲ့ သင်္ကြန်ပွဲကြီးတောင် ရောက်လာပြီ။ ကိုကို ဦးသဝန်ကြောင်ကို မရမက ဂျီကျ ပူဆာနေတာ သင်္ကြန်မတိုင်ခင်ကတည်းကပဲ။. တစ်ရက်လောက် ရေပက်ခံ လိုက်ပို့ပါပေါ့.. လိုက်မပို့ရင်.. ဘာဘာညာညာ အစုံပေါ့နော်။ သူမကြိုက်တာတွေ တန်းစီ လုပ်ပစ်မယ်ပေါ့။ ဘယ်နေလိမ့်မလဲ.. သတ္တိရှိရင် လုပ်ကြည့်လိုက် ဆိုပြီး မျက်လုံးကြီး ပြူးပြီး အော်တာ။ ကျမက ကိုကို့ကို ကြောက်ရတယ်.. ငယ်လေးပေါက်စ လို့ တယုတယ ခေါ်နေရာကနေ နံမည် အပြည့်စုံ ခေါ်လိုက်ရင်ကိုပဲ ကိုကို ဒေါကန်နေတာသိပြီး ဆက်မပြောရဲတော့ဘူး။ ဒါပေမယ့် ဘာရမလဲ.. သိတယ်မဟုတ်လား.. ကိုကိုနဲ့ ပတ်သက်လို့ ကျမ အကျွမ်းကျင်ဆုံး ဘာသာရပ်က ဘာဖြစ်မလဲ..။

အရင်ဆုံး ကိုကို့ ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်တယ်။ ကိုကို့ မေးစေ့အောက် လည်တိုင်ကို ခေါင်းလေးတိုးပြီး လက်ကလည်း ကိုကိုဝတ်ထားတဲ့ အကျီက ကြယ်သီး လေးတွေကို ဆော့.. ကိုကို ဘာမှ မပြောတော့ မေးစေ့လေးကို မော့ပြီး ရွှတ်ကနဲ နမ်း.. ကြယ်သီးလေးတွေကို တစ်လုံးချင်း ဖြုတ်.. အကျီရင်ဘတ် မထိတထိ ပွင့်သွားတော့ ကိုကို့ နို့သီးခေါင်း ညိုညိုလေးကို လက်သည်းထိပ်နဲ့ ကလိကလိ လုပ်.. အဲ့လို လုပ်ရင် ကိုကိုချစ် ဘယ်လိုမှ မနေတတ်မှန်း ကျမ အသိဆုံးပေါ့.. ခေါင်းလေးကလည်း ငြိမ်မနေဘဲ ကိုကို့ လည်ပင်းကို ပူစီတိုးလေး ပေါ့.. ညှောင်ညှောင် လို့တော့ မအော်ဘူးနော်။ ဒါမယ့် သိလား ပူစီလေး ညှောင်ညှောင်ထက် ပို နားဝင်ချိုတဲ့ အသံ ချိုချို ချွဲချွဲလေးနဲ့..

“ကိုကို ကလည်း.. တစ်ရက်ကလေးပဲ ဟာကို.. သူများတွေသွားတော့ ငယ်လည်း သွားချင်တာပေါ့.. ကိုကို့ကို ခွင့်မတောင်းဘဲ သူငယ်ချင်းတွေနဲ့ ခိုးလိုက်သွားရင် ရသားပဲ.. ကိုကို နဲ့ပဲ သွားချင်လို့ဟာကို.. တကယ်တမ်း ငယ်က ရေပက်ခံထွက်ချင်တာ ဟုတ်ပါဘူး.. လူတွေ အများကြီးကြားထဲ ကိုကို့ရင်ခွင်ထဲ တနေကုန်နေချင်တာ..” အာ့လိုလေးပြောလိုက်တာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင်တောင် ခေါင်းမဝှေ့လိုက်ရဘူး.. “တကယ် တစ်ရက်ပဲနော်.. နောက်ထပ် ပူဆာကြည့် အကြောင်းသိမယ်…” တဲ့.. ခိခိ..။

ပျော်လွန်းလို့ ရင်ခွင်ထဲ ပုဝင်ပြီး ကျိတ်ပြုံးနေမိတဲ့ ကျမ မျက်နှာကို ကိုကို ဆွဲမော့ လိုက်တယ်။ ကိုကို့ အကြည့်တွေ ရီဝေနေပြီ။ အရင်ဆုံး ကျမ နှဖူးပေါ်က ဆံစလေးတွေကို ကိုကို လေနဲ့ မှုတ်ထုတ်လိုက်တယ်။ အိုးးး ရင်ခုန်လိုက်တာ ကိုကိုရယ်။ ကျမရဲ့ နှဖူးလေးကို သူ့နှုတ်ခမ်းထူထူတွေနဲ့ ဖိကပ်ပြီး ကိုကို နမ်းလိုက်တယ်။ ကျမလည်း လိုချင်တာရသွားတဲ့ ကလေးတစ်ယောက်လို မျက်လုံးလေး မှေးစင်းထားမိတာပေါ့။ ကိုကို့ နှုတ်ခမ်းလေးက ကျမ နှာသီးဖျားပေါ် ရောက်လာပြီ။ ဖွဖွလေးမှ တကယ့်ကို ဖွဖွလေး။ ကိုကို့ နှုတ်ခမ်းတွေဆီက ရနံ့လေးကလေ.. အီမွှေးပြီး အရမ်းကို သဘာဝ ဆန်တယ်။ ကိုကိုရယ် ငယ့်ကို နမ်းပါဦး.. ငယ့် နှုတ်ခမ်းတွေကို ချိုမြိန်တဲ့ အနမ်းတွေပေးးး.. အိုးး.. ကျမ စိတ်ထဲက ပြောတဲ့စကား တကယ်ပဲ မဆုံးလိုက်ဘူး.. နွေးပြီး စိုစွတ်နေတဲ့ အနမ်းတွေ..။ နှုတ်ခမ်း နှစ်လွာကို တစ်လှည့်စီ စုပ်ယူပြီး ဖွဖွလေး နမ်းနေတာ..။ တချက်တချက် ကိုကို့ လျှာဖျားလေး ပါးစပ်ထဲ ရောက်လာရင် ကျမ ဆွဲစုပ်မိတယ်..။ အရမ်းပဲ ကိုကို့ အနမ်းတွေက ကျမကို အရမ်းကိုပဲ ပြုစားနိုင်လွန်းတယ်လေ။

ကျမ စိတ်ထဲမှာ ကိုကို ကျမကို ပွင့်ပွင့်လင်းလင်း ချစ်ပစ်ခဲ့တဲ့ နေ့လေးကိုတောင် သတိရသွားမိတယ်။ ကိုကိုနဲ့ ငယ်လေးကြားမှာ ကန့်လန့်ခံနေတဲ့ စည်းလေး ရှိနေတယ်တဲ့။ အဲ့ဒီစည်းလေးက အရှက်နဲ့ မပွင့်လင်းမှု တဲ့လေ။ အဲ့ဒီ စည်းပါးပါးလေးကို ထိုးဖောက်ဘို့ ကိုကို ကြိုးစားကြည့်ချင်တယ် ဆိုပြီး ကျမ ရဲ့ အပျိုစင် ပန်းလေးကို ကိုကို ခူးခဲ့တာ။ အဲ့ဒီညနေက မိုးတွေရွာပြီး လျှက်စီးမိုးကြိုးတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့။ ရာသီဥတုက ကိုကို့ ဘက်ကလေ။ ကျမလည်း မိုးခြိမ်းသံကို ကြောက်တာလား.. ကိုကို့ ရဲ့ ညှို့ချက်ပြင်းလွန်းတဲ့ ပင့်သက်ရှိုက်သံ တွေကို ကြောက်တာလား။ ဘာကို ကြောက်မှန်း သေသေချာချာ မသိပေမယ့် အဲ့ဒီ အကြောက်တရားရဲ့နောက်မှာ တစ်သက် မမေ့နိုင်တဲ့ ချိုမြိန်မှုတွေ သာယာကြည်နူးမှုတွေ ကျမ ရခဲ့တယ်။ အဲ့ဒီညနေက အချိန်တွေ လွန်သွားလို့ ကိုကိုနဲ့ ကျမ လူကြီးတွေ မသိအောင် ထွက်ပြေးကြဖို့တောင် ဆုံးဖြတ်ခဲ့သေးတယ်။

အဝေးပြေးဂိတ်ကို အသွား လမ်းမှာ ကျမ စိတ်တွေ ထွေပြားခဲ့တယ်လေ။ ဖေဖေနဲ့ မေမေ့မှာ တန်ဘိုးထားပြီး ချစ်ရတာ ကျမ တစ်ယောက်တည်း မဟုတ် လား။ မိဘ ကွယ်ရာမှာ ဖြစ်ချင်တိုင်း ဖြစ်ပြီး လင်နောက်လိုက်ပြေးတဲ့ သမီး လို့ သူများတွေ ဝိုင်း လက်ညှိုးထိုးရင် မေမေ ရှက်လွန်းလို့ ငိုများ ငိုမလား။  ဖေဖေလည်း ဒေါသတွေ တအားထွက်ပြီး.. အင်းး.. ဖေဖေက သွေးတိုးရှိတယ်။ ကျမကို သိပ်ချစ်တဲ့ဖေဖေ ဒေါသတွေထွက်၊ သွေးတွေ ဆောင့်တက်ပြီး  မတော်တဆများ.. အတွေးနဲ့ ကျမ ငိုချင်လာတယ်။ ကျမမျက်နှာကို အရိပ်လိုကြည့်နေတဲ့ ကိုကိုက ဒါကို ရိပ်မိခဲ့တယ်လေ။ လမ်းတစ်ဝက်က ပြန်လှည့်၊ ကျမကို အိမ်အရောက် ပြန်ပို့ပြီး ဖေဖေမေမေတို့ဆီက တရားဝင် ယုံကြည်မှုကို ရအောင် ကိုကို ကြိုးစားနိုင်ခဲ့တယ်။ လူငယ်တွေရဲ့ သဘာဝကို အထိုက်အလျှောက် နားလည်ပေးတတ်တဲ့ ဖေဖေမေမေနဲ့ ပင်ကိုယ် အရည်အချင်းလည်းကောင်း၊ ရိုးသားကြိုးစားပြီး စည်းကမ်းရှိ အနေတည်တဲ့ ကိုကို့ကြားမှာ တခါတခါဆို ကျမက ဘေးလူတောင် ဖြစ်သွားတတ်သေးတာ။

ခုဆို ကိုကိုလည်း ဖေဖေ့လုပ်ငန်းတွေမှာ အရေးပါတဲ့ လူယုံတော် ဝန်ထမ်း၊ တစ်နေ့ ဖေဖေ့ နေရာကို လွှဲပြောင်း ဆက်ခံမယ့်သူတစ်ယောက် ဖြစ်နေပြီ။ ကျမ မဟာဝိဇ္ဇာပြီးတာနဲ့ ကိုကိုနဲ့ လက်ထပ်ဘို့ အားလုံး စီစဉ်နေကြပြီ။ တစ်ခုပဲရှိတာက ကိုကိုပြောဘူးတဲ့ ကျမနဲ့ သူ့ကြားက စည်းပါးပါးလေး ဆိုတာလေ..။ ကျမတို့နှစ်ယောက်လုံး ဒီစည်းလေးကို နောက်ထပ် မကျော်ဖြစ်ကြတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ကိုကို့ အပေါ် သားအရင်းတစ်ယောက်လို ယုံကြည်ခဲ့တဲ့ ဖေဖေနဲ့ မေမေရဲ့ အားထားမှုတွေက ကိုကို့ ချစ်ရမ္မက်တွေကို အလိုလို ထိန်းချုပ်သွားစေတဲ့ ချွန်းချက်တွေ ဖြစ်ခဲ့တယ်။ ကျမကို ညီမလေးလိုတစ်မျိုး ချစ်သူလို တစ်ဖုံ စောင့်ရှောက်မှုတွေနဲ့ ကိုကို အရမ်း ပင်ပန်းခဲ့ရှာပါတယ်။ ပိုဆိုးတာက နည်းနည်းလေးမှ အလိုလိုက်လို့ မရတဲ့ ကျမရဲ့ ဂျစ်ကန်ကန် အကျင့်ပေါ့။ ဒီအကျင့်ဆိုးကို နိုင်တာ ကိုကို တစ်ယောက်ပဲ ရှိတယ်။ ပြောသာပြောတာပါ.. ကျမ ဆိုးနွဲ့မိတဲ့သူကလည်း ကိုကို တစ်ယောက်ပဲ ရှိတာပါနော်။ ခုလည်း ကိုကို့ အနမ်းတွေကို ခံယူရင်း ဘာကိုမှန်းမသိ လိုချင်လာမိပြန်တဲ့ ကျမစိတ်တွေကို မကြာခင်ပျော်ရမယ့် သင်္ကြန်ဆီ အာရုံ ပြောင်းလိုက်တော့တယ်။
(၂)
ဒီလိုနဲ့ ရောက်ရော မဟာသင်္ကြန်ပွဲတော်။ အကြိုနေ့ ညနေ ရေပွဲတော်ကြီး ဖွင့်တဲ့ထိ ကိုကို ဘာမှ စကားမစဘူး။ ကျမကတော့ တစ်ရက်လိုက်ပို့မယ် ဆိုပြီး ခွင့်ပေးထားတော့ ကြိုတင်ကြံစည်နေတာ။ တစ်ရက်ကနေ နှစ်ရက်.. နှစ်ရက်ကနေ နေ့တိုင်း ဖြစ်သွားအောင်ပေါ့။ ကိုကိုက ကျမထက် ပိုလည်တယ် သိလား။ ကျမကို ချစ်လွန်းလို့သာ အလိုလိုက်ရတာ၊ သူ သဘောတူချင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ အကြိုနေ့ည မိုးချုပ်တဲ့ထိ ကျမကို ဘာအစီစဉ်မှ မပြောတော့ ကျမလည်း မချင့်မရဲ ဖြစ်လာပြီပေါ့။ ဘယ်လိုမှ မနေနိုင်တဲ့အဆုံး “ကိုကို့.. သင်္ကြန်ကျနေပြီ.. လိုက်ပို့မယ် ဆို လို့.. ” အဲ့လို စူစူဆောင့်ဆောင့် အသံလေးနဲ့ ဖုန်းဆက်လိုက်တယ်။ ကိုကိုက လေသံအေးအေးနဲ့ သူပဲ မပြောခဲ့သလိုလို “ဘယ်ကိုတုန်း ကလေးလေးရဲ့..”လို့ ပြန်မေးပြီး ကျမကို စ သေးတယ်သိလား။ ကျမဖြင့် အသည်းတွေအူတွေ ယားလိုက်တာ ပြောမနေပါနဲ့တော့။ စိတ်ပြောင်းပြီးများ မသွားရတော့ဘူးဆိုမှဖြင့် ဟင့်.. တွေးရင်နဲ့ ငိုချင်သွားမိတယ်။ ကိုကို မကောင်းဘူးကွာ.. ဒါလေးတောင် ခွင့်မပြုချင်ဘူး။

“ကိုကို့ ဘာလုပ်မှာလဲလို့.. လိုက်ပို့မယ် ဆို.. ကိုကိုနော် ပြောပြီးစလစ်.. ကတိမတည်ရင် ငယ် ငိုပစ်လိုက်မှာ..” ဒီထက်လည်း ပို မပြောရဲဘူး။ ဒါတောင်မှ ငယ်လေး ငိုရင် ကိုကို ချော့မှာပေါ့နဲ့ ပြီးသွားလို့ကတော့ သေပြီဆရာပဲ။ တော်သေးတယ် ကိုကိုက “ငယ်လေးပြောတော့ တစ်ရက်ပဲဆို ကွ..” ဟူး တော်သေးတယ်.. ဒီလောက်ဆို ရနိုင်သေးတယ်။ ကျမလည်း တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပြီး ကိုကို့ကို ချွဲရတာပေါ့။ စိတ်ကတော့ သူ့ကိုမပြောဘဲ ခိုးလုပ်လိုက်တာကမှ ကောင်းသေးတယ် လို့ တွေးမိနေပြီ။ ဟုတ်တယ်လေ နော်.. သူများက လိမ်လိမ်မာမာ ခွင့်တောင်းတာကို အလိုမလိုက်ရင် တအား ဒေါသထွက်မိတယ် တကယ်ပဲ။ ကိုကို လူဆိုးကြီး။ မုန်းပစ်လိုက်ချင်တယ် တကယ်ပဲ။

“ခုမှ အကြိုနေ့ပဲ ရှိသေးတယ်လေ ကွာ..” “အကြိုနေ့က ကုန်သွားပြီလေ ကိုကိုရ.. မိုးပဲ ချုပ်နေပြီ ဟာကိုးး..”  ပါးစပ်က ဒီလောက်ပဲပြောပေမယ့် စိတ်ထဲ ကတော့ တွေးနေပြီ။ ခုချက်ချင်းမှ ကိုကို တစ်ခုခု မစီစဉ်ရင် ကိုကို နဲ့ ဖုန်းချပြီးတာနဲ့ ဆက်မယ် ကိုလင်းတို့ စုတို့ဆီ။ သူတို့ အတွဲပဲကောင်းတယ်.. ကဲတဲ့ နေရာမှာ တက်ညီလက်ညီ။ သူငယ်ချင်းတွေ တိုင်ပင်နေကြကတည်းက ငါလည်း ပါမယ်လို့ ပြောလိုက်ရင် တစ်ခွန်းပဲ ဟာကို။ ဖေဖေနဲ့ မေမေကလည်း  ကိုကိုပါမှ စိတ်ချမှာမို့သာ။ သူ့ကို အရင် ခွင့်တောင်းမိတာ မှားပြီလား မသိပါဘူး.. ဟင့်။ ကိုကိုနဲ့ ဖုန်းပြောရင်း ပေါင်ပေါ်တင်ထားတဲ့ အမွေးပွ အရုပ်ကြီးကို  လိမ်ဆွဲနေမိတယ်။ စိတ်ထဲကလည်း “ကိုကို မကောင်းဘူး.. လူကြီးဖြစ်ပြီး ကတိလည်း မတည်ဘူး..” လို့ ထပ်တလဲလဲ ပြောနေမိတယ်။ အဲ့အချိန် ကျမ မျက်နှာ စူပုပ် ကောက်ချိတ်နေမှာ အသေအချာပေါ့။

“ကိုကို အကုန်စီစဉ်ပြီးပါပြီ ကလေးရဲ့.. အတက်နေ့ကျ လိုက်ပို့မယ်လေ ကွာ နော်..” တွေ့လား ကိုကို လူလည်ကြီး။ အကျနေ့ ကတည်းက ပို့လိုက်ရင်  နောက်ထပ် နှစ်ရက် ကျမ ထပ်ပူဆာတော့မယ် ဆိုတာ သူ သိနေတယ်။ စိတ်ပေါက်ပေါက်နဲ့ ခြေဆောင့်မိတာပေါ့။ “ကိုကိုကလည်း နက်ဖြန် မရဘူးလား  လို့..” လူက တအား ကဲချင်နေတော့ ပြောလိုက်မိရော။ ကျမကို ပြန်ပြောတဲ့ ကိုကို့လေသံ နဲနဲ တည်လာပြီ။  “အတက်နေ့က အစည်ဆုံးလေ ငယ်လေးရယ်..  မနက် အစောကြီးကတည်းက ညမိုးချုပ်ထိ ရမယ်.. ကျေနပ် နော်.. ကလေးလေး..”  “ဟွန့်.. ကိုကို ကလည်း…” လူ့စိတ်က တကယ်ပဲ ဆန်းတယ် သိလား။  ကိုကို့အကျင့်က ဆုံးဖြတ်ပြီးရင် မပြင်တတ်မှန်း ကျမ သိသိကြီးနဲ့ မရမက ပြောနေမိတာ။ နောက်ဆုံး ကိုကိုက “ငယ်ပေါက်စလေး… အတက်နေ့ ကိုကိုနဲ့  လျှောက်လည်မလား.. သင်္ကြန်တစ်တွင်းလုံး အိမ်တွင်းအောင်းမလား.. ကြိုက်တာရွေး..” ဟင့် သွားပြီ။ လေသံနဲ့ စကားလုံးအရ ကိုကို့ကို ဒီထက်ပို ဈေးဆစ် လို့ ဘယ်လိုမှ မရတော့မှန်း ကျမသိလိုက်ပြီပေါ့။ “ပြီးရော.. အာ့ဆိုလည်း.. ကိုကို့ သဘောပဲ.. အိပ်တော့မယ်.. ဒါဘဲ..” အမြင်ကတ်ကတ်နဲ့ ဖုန်းကို ပါဝါပါ  ပိတ်ပစ်လိုက်တယ် အေးရော။ အတက်နေ့ မရောက်မချင်း နောက်နေ့တွေလည်း လာမချော့နဲ့..။

(၃) သင်္ကြန်အကျနေ့လေးတစ်နေ့က ကျမအတွက်တော့ တစ်ကမ္ဘာပဲ သိလား။ အဲ့ဒါ ကိုကို လူဆိုးကြီးကြောင့်ပေါ့။ ကျမ ဖုန်းပိတ်ထားတော့ ဖေဖေနဲ့ မေမေ့ ဆီ တလှည့်စီ ဆက်တယ်လေ။ ကျမကလည်း ပြတ်သားတယ် အဲ့ ဖုန်းတွေပါ မကိုင်တော့ဘူးပေါ့။ ကျမ ကောက်နေတာ မေမေက ရိပ်မိတယ်။ ဒါပေမယ့်  သိတယ် မဟုတ်လား ဖေဖေကော မေမေကော ကိုကို့ ဘက်က။ မေမေက “မီးမီး မကိုင်ဘူးလား ဒီမှာ ကိုနိုင်ခေါ်နေတာ..” ဆိုပြီး မေးသေးတယ်။ ကျမ လည်း “ကိုင်ဘူး…” လို့ ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်တယ်။ ခေါ်ပေါ့ တတ်နိုင်ရင် သုံးစက္ကန့်တစ်ခါ ခေါ်လည်း မကိုင်ဘူး.. ဘာဖြစ်လဲ။ အဲ့လိုနဲ့ အကျနေ့  တစ်ရက်လုံးကုန်ရော။ နောက်တစ်ရက်၊ အကျတ်နေ့ မနက်။ ကိုကို အိမ်ရောက်လာတယ်။ တကိုယ်လုံး စိုရွှဲပြီး မျက်နှာက ပြုံးစိစိနဲ့။ မိဘဆွေမျိုးတွေ မရှိရှာ တော့တဲ့ ကိုကို၊ သူတစ်ယောက်တည်း နေတဲ့အိမ်လေးက ကျမတို့ အိမ်နဲ့ သိပ်မဝေးဘူးလေ။ ဒီလောက် စိုရွှဲနေတာ လမ်းလျှောက်လာလို့နေမှာပေါ့။ သူကျ တော့ သင်္ကြန်ရေ စိုပြီးပြီ။ ကျမ မျက်စောင်းထိုးရင်း “ကြွက်စုတ်ကြီး ရေနစ်လာတဲ့ ရုပ်၊ မုန်းတယ်..” လို့ ပွစိစိ ပြောပစ်လိုက်တယ်။

မေမေ ထုတ်ပေးတဲ့ ဖေ ဖေ့ အဝတ်အစားတွေ လဲဝတ်ပြီး ဖေဖေနဲ့ တစ်မနက်လုံး ချက်စ် ထိုင်ထိုးနေတယ်။ နေ့ခင်း ထမင်းတောင် စားသွားလိုက်သေးတယ်လေ။ ထမင်းဝိုင်းမှာ ကျ မကို ပြုံးစိစိ ကြည့်ယုံကလွဲပြီး ဘာစကားမှကို မပြောတာ။ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ် သုံးယောက်သား ထမင်းစားရင်း ပြောလိုက်ကြတဲ့ စကား၊ ဘာတွေမှန်းကို မသိဘူး။ ကျမ ကျတော့ ထမင်းဝိုင်းထဲမှာ အသက်ပဲ မရှိတဲ့အတိုင်း။ တခါတလေ အကုန်လုံးကို မုန်းပစ်ချင်တယ် တကယ်ပဲ။ ထမင်းစားပြီး ဖေဖေ နေ့လည် တရေးအိပ်ချိန် ကိုကို ပြန်သွားတယ်။ အဲ့ အချိန်ထိ ကျမကို မနက်ဖြန် အစီအစဉ် ဘာမှ မပြောဘူး။ ပြန်ခါနီး မေ မေ့ဆီ မနက်ဖြန်အတွက် ခွင့်တောင်းနေတာတော့ ကျမ ကြားလိုက်တယ်။ မေမေကလည်း ပြန်ပြောပါ့ “အွန်း.. လိုက်ပို့ ပေးလိုက်.. ပြောမကောင်းရင်  ရောက်တဲ့ အရပ်တင် ရိုက်ပစ်..” တဲ့။ ဟဟ.. ကျမ ရယ်ချင်သွားတယ်။ ကိုကိုလား ကျမကို ရိုက်ရဲမှာ။ သတ္တိရှိရင် ရိုက်ကြည့်လိုက်လေ။ ပြန်ချော့ရတာနဲ့  မကာမိအောင် ကောက်ပစ်လိုက်မှာပေါ့။ သူပြန်သွားပြီး ညနေလည်းစောင်းရော လုံးဝ အသံတိတ်သွားတော့တာပဲ။ ကိုကို ပညာပြပြီ။ ကျမ သိတာပေါ့။  ကျမ ဖုန်းလေး ပြန်ဖွင့်ထားမိတယ်။ ဒါပေမယ့် ကိုကို ကျမဆီ ဖုန်းမခေါ်ဘူး။ မေမေ့နား ယောင်လည်လည် သွားလုပ်နေမိတယ်.. မေမေ့ဖုန်းများ ထ မြည်မ လားလို့ပါ။ ဖေဖေ့ကိုတော့ ကွက်ကြည့်ကြည့်လောက်ပဲ လုပ်ရဲတယ်။ ဖေဖေ သိသွားရင် ကျမရဲ့ မဟာသင်္ကြန်စီမံကိန်း ပျက်ဘို့ သေချာသွားပြီလေ။

အဲ့နေ့က စိတ်ထဲ အလိုမကျတာများ ညစာတောင် စားမဝင်ဘူး တကယ်။ အိပ်ခါနီးထိ ကိုကို ဖုန်းမခေါ်တော့ ကျမ ဘယ်လိုမှ မနေနိုင်တော့ဘူး။  တကယ်တမ်းကျတော့ ဟိုကောင်တွေဆီလည်း မဆက်ချင်ပါဘူး။ ကျမက ကိုကို ပေးတဲ့ အခွင့်ရေးပဲ လိုချင်တာပါ။ ကျမ ဆိုးတယ် ကဲတယ် ဆိုရင်တောင်  ကိုကို ခွင့်ပြုနိုင်သလောက် ဘောင်ထဲမှာပဲ ကျမ ဆိုးတာ ကဲတာပါ။ ကိုကို့ကို မရမက ပူဆာတယ် ဆိုကတည်းက ကိုကို နဲ့ပဲ ပျော်ချင်လို့ ဆိုတာ ကိုကို သိ သင့်တာပေါ့။ ကိုကို ခွင့်မပြုချင်တဲ့ ကိစ္စကို ကိုကိုနဲ့တူတူပျော်ချင်မိတာ ကျမ မှားတယ်ပဲ ပြောရမလား မသိတော့ပါဘူး.။ ဘာပဲဖြစ်ဖြစ် ကျမ အရမ်း  ဝမ်းနည်းတယ်။ ကိုကို မတရားဘူး။ လူဆိုးကြီး။ ကျမကိုလည်း တကယ် မချစ်ဘူး။ ညစာကို ဟုတ်တိပတ်တိ မစားဘဲ ဝင်အိပ်ပစ်လိုက်တယ်။ အိပ်မက်ထဲ မှာ ကိုကိုရော ကျမရော သင်္ကြန်ရေတွေ စိုစိုရွှဲ၊ အနမ်းတွေလည်း ပိုပိုကဲ လို့ရယ်။

(၄) အတက်နေ့ မနက်စောစော..။ ကျမ အစောကြီး နိုးနေတာပါ။ ဒါပေမယ့် ကိုကို့ဆီက ဘာမှ မမျှော်တော့ဘူး။ ကျမ ဘယ်လောက် လိုချင်နေမှန်း ကိုကို မ သိတာမှ မဟုတ်ဘဲ။ ဒါလေးမှ မလိုက်လျောချင်လည်း နေပေ့စေတော့။ ကျမ အိပ်ရာထဲမှာ ခေါင်းအုံးနှစ်လုံး ကြား ခေါင်းညှပ်ပြီး ပေကပ် အိပ်နေပစ်လိုက် တယ်။ မှောက်ခုံကြီး အိပ်နေတဲ့ ကျမတင်ပါးကို ဖျတ်ကနဲ ရိုက်ရင်း မေမေ လာအော်တယ်.. ဖုန်းလာနေတာ မကြားဘူးလားတဲ့.. ဘယ်ကြားမလဲ ကျမ နား တွေ ခေါင်းအုံးနဲ့ အတင်း ဖိထားတာကြီး။ မေမေ ထွက်သွားတော့ ကျမ ဖုန်းကိုင်လိုက်တယ်.. “ကိုကို ရောက်နေပြီနော်.. ကားပါကင်ကို ဆင်းခဲ့တော့..” တဲ့။  အိုးး.. ပျော်လိုက်တာ အရမ်းပဲ။ မျက်နှာသစ်ရင်း ရေပါ ခပ်သွက်သွက် လောင်းချိုးလိုက်တယ်..။ မှန်တင်ခုံရှေ့ ရောက်တော့မှ ဘယ်အကျီ ဝတ်ရင် ကောင်းမ လဲ.. စဉ်းစားလိုက်တော့ ကိုကို့ကို ကလိချင်သွားတယ်။ ကိုကို့ သဘောအတိုင်းသာဆို ရှပ်အကျီ ထူထူ တစ်ထည် နဲ့ ဂျင်းပန် ဖြစ်ဖြစ် ဝတ်သင့်တာလေ။ ဒါ ပေမယ့် ချည်သားပျော့ပျော့ ဂါဝန်လေး ကျမ ရွေးလိုက်တယ်။ အရှည်က ဒူး ဖုံးရုံလေး။ ပြီးတော့ ဂါဝန်က အဖြူခံပေါ်မှာ ပန်းရောင် အဝါရောင် အစိမ်း ရောင် လိမ္မော်ရောင် အပွင့် နုပ်နုပ်လေးတွေ ပါတဲ့ အဆင်၊ တနည်းအားဖြင့် ရေစိုစိုနဲ့ ဘယ်လိုမှ မသင့်တော်တဲ့ အဖျော့ဆင်ပေါ့.. ခိခိ။

ချုပ်ထားတဲ့ ပုံစံကလည်း လည်ပင်းပေါက် ကျယ်ကျယ် ကပ်ကပ်လေးနဲ့ လက်မောင်းက အရင်းပိုင်း အုပ်တယ်ဆိုရုံ တိုတိုလေး။ ခါးအောက်ပိုင်းကို ထီးလို  လွင့်ဝဲဝဲ လေးဖြစ်အောင် ပိတ်စကို အစွေသား ယူပြီး ကျမကိုယ်တိုင် စိတ်တိုင်းကျ ချုပ်ထားတာလေ။ ဘာ အတွန့် ဘာအဆက်မှကို မပါတော့ ကိုယ်လုံး  အလှက ရှင်းပြီး ပေါ်နေရော။ ပြီးတော့ ကျမ ကိုယ်လုံး ကိုယ်ပေါက်က မော်ဒယ်လ်တွေလို သွယ်သွယ်ပြောင်းပြောင်း မဟုတ်ဘူး။ ရင် (၃၄)၊ ခါးက (၂၆)၊  တင် (၃၈)။ ခု ကျမဝတ်ထားတဲ့ ချည်သားပျော့ဂါဝန်နဲ့ ရေစိုသွားမယ့် ကျမ ကိုယ်လုံးကို ပြန်မြင်ကြည့်တယ်.. ခိခိ.. ကိုကို ဘယ်လောက်များ ဒေါတွေ ကန် လိုက်မလဲ။ အခု ကျမ အောက်ဆင်းသွားတာနဲ့ ချက်ချင်း ပြန်တက်လဲလို့ ပြောကိုပြောမှာ သေချာတာပေါ့။ အဲ့ကျရင်တော့ ကျမ ဟုတ်ကဲ့ ကိုကို ဆိုပြီး ပြန် တက်လဲဝတ်လိုက်မှာပါ။ ကျမက အဲ့လို ကိုကို့ တစ်ချက်လွတ် အမိန့်တွေ နာခံရတာ အရမ်းပျော်တယ်။ ကိုကို မဆူ ဆူအောင်လည်း တမင်လုပ်ချင် သေးတာ။

အဝတ်လဲလို့ပြီးတော့ ဆံပင်ရှည်တွေကို ခပ်သွက်သွက်လေး ကျစ်ဆံမြီး ကျစ်လိုက်တယ်။ မျက်နှာကိုလည်း လိမ်းနေကျ နို့ရည်ကရင်မ်လေးပဲ လိမ်းလိုက် တယ်။ ကျမအတွက် နေလောင်ခံတွေ ရေစိုခံတွေ ဘာမှ မလိုပါဘူး။ နဂိုကတည်းက သိပ် ပြင်ပြင်ဆင်ဆင် မနေတတ်တဲ့ကျမမှာ အလှပြင်ပစ္စည်းရယ်လို့  ဘာမှ မည်မည်ရရ မရှိတာလည်း ပါတာပေါ့နော်။ သဘာဝကျကျ ပြောင်းရှင်းရှင်း မျက်နှာလေးနဲ့ ကိုယ်လုံးအတိ ဂါဝန်လေး။ မှန်ရှေ့မှာ ကိုယ်ကို တစ်ပါတ် လှည့်ပြီး ကြည့်လိုက်သေးတယ်။ ခဏနေ သည်ပုံစံနဲ့ ရေပက်ခံထွက်ရမလား ဆိုပြီး ကိုကို စိတ်တိုတော့မယ်.. ပျော်လိုက်တာ ခိခိ။ ကုတင်ပေါ်မှာ ရှပ်အကျီ  တစ်ထည်နဲ့ ဂျင်းဘောင်းဘီ သရီးကွာတားလေးတစ်ထည် အသင့် ထုတ်ထားခဲ့လိုက်တယ်။ ကိုကို ဆူရင် ပြန်တက်လဲဝတ်ဘို့ပါ။ ကျမရည်ရွယ်ချက်က ကို ကို့ကို စိတ်တိုအောင် ဆွချင်ယုံ သက်သက်ပဲလေ နော်။ သွားဘို့ အသင့်ဖြစ်တော့ ကိုကို့ကို ရေလောင်းချင်စိတ် ပေါက်သွားလို့ ရေခဲသေတ္တာထဲက အေးစိမ့် နေတဲ့ သောက်ရေတစ်ဗူး ယူလိုက်သေးတယ်။ စင်ပေါ်တင်ထားတဲ့ ဖိနပ်တွေထဲက ကျမ အကြိုက်ဆုံး လေဒီရှုး ဖိနပ်လေး စီးလိုက်ပြီး “မေမေ့ တာ့တာ နော်…” ဆိုတော့ မေမေက “ကိုနိုင့်စကား နားထောင်နော် မီးမီး.. လူကြားသူကြား ပြောမရဆိုမရ မလုပ်နဲ့..” တဲ့။

အောက်ရောက်တော့ ဓါတ်လှေကား ပေါက်ဝမှာ ကိုကို စောင့်နေတယ်။ ဂျင်းဘောင်းဘီ အပြာရင့်ရင့်နဲ့ ရှပ်အကျီ က ကွမ်းရိုးစင်းလို အစင်းနုတ်နုတ်လေး တွေ ပါတဲ့ အပြာရောင်နုနုလေး။ ကိုကိုက ကြောင်ကြောင် ကျားကျား အဆင်တွေ ဝတ်လေ့ မရှိဘူးလေ။ တီရှပ်တွေ ဘာတွေနဲ့လည်း အပြင် ထွက်ခဲတယ်။  ကိုကို အကြိုက်ဆုံးက အရောင်ဖျော့ဖျော့ ရှပ်လက်ရှည် ပြောင်လေးတွေပေါ့။ ဘောင်းဘီကိုလည်း ဂျင်း အကျပ်တွေထက် စတိုင်ပန် ဒေါက်အတွန့်တွေ မပါ တဲ့ ပုံစံမျိုးပဲ ရွေးဝတ်တတ်တယ်။ ကျမကို တွေ့တွေ့ချင်း ဓါတ်လှေကားထဲ ဖျတ်ကနဲ ပြန်ဝင်ပြီး တံခါးကို ပိတ်လိုက်တယ်။ အပေါ်ဆုံးထပ် ခလုတ်ကို နှိပ်ချ လိုက်တော့ ကျမ အံ့သြသွားတာပေါ့။ ကိုကို ဘာလုပ်မလို့လဲ..။ အိမ်ပြန် အဝတ်လဲခိုင်းရအောင်ကလည်း ကျမနေတာ အပေါ်ဆုံးထပ်မှ မဟုတ်ဘဲ။ ကျမ  ကြောင်ကြည့်နေတုန်း ကိုကိုက ကျမကို နံရံဆီ ဆတ်ကနဲ တွန်းပြီး ကျမ နှုတ်ခမ်းတွေကို.. “အိုးး ကိုကို့..”

နံရံနဲ့ ကျောနဲ့ ဖိကပ်နေတဲ့ ကျမကို ကိုကို နမ်းတယ်။ ခပ်ကြမ်းကြမ်းစုပ်နမ်းနေတဲ့ ကိုကို့ နှုတ်ခမ်းတွေ ချိုလိုက်တာ ကိုကိုရယ်။ ကျမလက်ထဲက ရေဗူး ပြုတ် ကျသွားတယ်။ Lock & Lock ဗူးဆိုတော့ အဖုံးပွင့်ထွက်ပြီး ရေတွေလည်း ဖိတ်ကုန်တာပေါ့။ ရေဗူးထဲက ရေဖိတ်တာ ပြဿနာ မဟုတ်ပါဘူး။ တကယ့် ပြဿနာက ကျမ ပိပိလေးထဲက စိမ့်ထွက်လာတဲ့ ချစ်ဝတ်ရည်တွေ။ ကိုကိုပေါ့ နှုတ်ခမ်းကို နမ်းရင်း ကျမ ရင်စိုင်တွေကို ဆုပ်နယ်နေတယ်။ သူ့ လက်ဝါး နွေး နွေးကြီးထဲမှာ ကျမ နို့အုံ အိအိဖောင်းဖောင်းလေး စိစိညက်ညက်များ ကျေကုန်တော့မလားပဲ။ ခုနေများ တစ်ယောက်ယောက်က ဓါတ်လှေကား လာဖွင့်ရင် ဒုက္ခ။ တထိတ်ထိတ် အတွေးနဲ့ပဲ အတက်ပြီးတော့ အဆင်း။ ရင်ခုန်စရာ အနမ်းတွေကြောင့် ဓါတ်လှေကားရပ်သွားမှာတောင် ကျမကြောက်မိတယ်။ တုန့်က နဲ ရပ်သွားတဲ့ ဓါတ်လှေကား တံခါး မပွင့်ခင် လူချင်း ခွာလိုက်ပြီး   “ဒီရေဗူးက ဘာလုပ်တာတုန်း..” ရေဗူးကို ကုန်းကောက်ရင်း ကျမကို မေးတယ်။

“ကိုကို့ကို ရေလောင်းမလို့ပေါ့..” ပြန်ဖြေတဲ့ ကျမ အသံ ပုံမှန်မဟုတ်ဘူး သိလား။  “ဟဟ အရူးမလေး.. မနေ့က ကိုကို ရေလောင်းခံချင်လို့ လာတာလေ.. စူ ပုပ်ကောက်ချိတ်နေတာ ဘယ်သူလဲ ပြော.. တခါတည်း လူကို စကားတောင်ပြောဖော်မရဘူး ကောက်တေးမလေး..” ပြောရင်းနဲ့ ကျမပါးကို လိမ်ဆွဲလိုက် တာ ပါးလေး ဆိုတာ ထူပူ သွားတာပဲ။ ကိုကို ဒီနေ့ ကျမကို တော်တော် နှိပ်စက်ချင်နေပုံရတယ်။ မုန်းတယ် လူဆိုးကြီး။  “ကိုကိုနော်.. နာတယ် လို့.. သူ့ အသား မဟုတ်တိုင်း တအားပဲ…”  “စိတ်ကောက်လို့ ဒဏ်ပေးတာလေ.. နောက်ခါ ကောက်ရဲကောက်ကြည့် ဒီ့ထက် နာမယ်..”   နာသွားတဲ့ ကျမ ပါးလေးကို  ဖွဖွ နမ်းရင်း ကိုကိုပြောလိုက်တာ။ နာစမ်းပါလေ့စေ ကိုကိုရာ.. ခုလို အနမ်းတွေနဲ့ ပြန်ချော့မယ် ဆိုလို့ကတော့ သွေးထွက်အောင် နာလည်း ကျမကတော့  ကျိတ်ခံမှာပဲ။ ဆိုးပစ်ဦးမယ်။ ကိုကို တကယ် လုပ်မလုပ် သိရအောင် ဆိုးချင်တိုင်း ဆိုးပြီး ကွေးနေအောင် ကောက်ပစ်ဦးမယ်။

(၅) အဲ့ဒီလိုနဲ့ ဓါတ်လှေကားထဲက ထွက်ပြီး ကိုကို စီစဉ်ထားတဲ့ ကားဆီသွားကြတယ်။ ကိုကို့လက်မောင်းကို ခိုပြီး လမ်းလျှောက်ရတာ ကျမ အကြိုက်ဆုံး ပေါ့။ ကိုကို့ မျက်နှာကို မော့ကြည့်ပြီး ပြောလိုက်တဲ့စကားတွေ ဖောင်ဖောင်ကို ဖွဲ့နေရောပဲလေ။ တကယ်ပဲ ထူးဆန်းတယ် သိလား ကျမမှာ ကိုကို နဲ့တွေ့တိုင်း  ပြောစရာစကားတွေ ကုန်နိုင်တယ်ကို မရှိဘူး။ ကိုကိုကတော့ ကျမပြောသမျှ တဟားဟား သဘောတွေကျ၊ တခါတလေ အွန်း အွန်း နဲ့ ကျမစကား ဆက်ဘို့ ထောက်ပေး။ ကျမ ထင်ပါတယ် ကိုကိုလည်း ကျမကြောင့် ပျင်းရတယ်ကို ရှိမှာ မဟုတ်ဘူး။ ခုလည်း သူ့လက်မောင်းကို တွဲခိုရင်း လိုတာထက် ပို ပြီး ကျမ ဖက်ထားလိုက်တယ်။ စောစောက သူကျမကို ဒုက္ခပေးထားတယ်လေ။ကိုကို့ လက်မောင်းနဲ့ ကျမ ရင်သားတွေ ထိနေတယ် မဟုတ်လား။ စကားတ ပြောပြောနဲ့ သူ့လက်မောင်းကို ရင်သားတွေနဲ့ ပွတ်နေပစ်လိုက်တယ်။ အောက်နှုတ်ခမ်းကို ကိုက်ပြီး ကျမကို ငုံ့ကြည့်တယ်။ သူ့အာရုံက ကျမပြောနေတဲ့  စကားနဲ့ တခြားစီ။ ကိုကို့ မျက်လုံးထဲက အရောင်တွေကို ကြည့်ပြီး ကိုကိုလေး အသက်ရှုကြပ်နေပြီမှန်း ကျမ သိတာပေါ့။ ကိုကို့ကို မော့ကြည့်ရင်းကျမ  မျက်ခုံးလေး ပင့်ပြီး လျှာတစ်လစ် လုပ်ပြလိုက်တယ်။ စိတ်ထဲကလည်း မှတ်ပြီလားကိုကိုလူဆိုးကြီး.. နောက်တစ်ခါ ငယ့်ကို နာအောင်လုပ်ရင် ကိုကိုလည်း  မလွယ်ဘူးမှတ်..။ ကျမကို ငုံ့ကြည့်နေတဲ့ ကိုကိုက “လူဆိုးမလေး.. နာမယ်..” တဲ့။ ခိခိ.. ကျမ စိတ်ထဲက စကားကို ကိုကို ကြားတယ်တွေ့လား။ ကိုကိုက ကျ မအတွက် အဲ့လို လူပါ။

စိတ်ကူးနဲ့ကြည်နူးနေတဲ့ကျမ ရပ်ထားတဲ့ ကိုကို့ ကားကို တွေ့တော့ “ဟမ်.. ကိုကို့ ဒီကားနဲ့ပဲ သွားမှာလား…” ကိုကို ယူလာတာ သူ့ကားလေ.. Prado..။ ဒါ လား သင်္ကြန်လည်ဘို့ကား။ ကျမက တခြားတစ်စီးစီး စီစဉ်လာမယ် ထင်တာပေါ့။ ကြည့်ဦး ကျမ ဘယ်လောက် ဒေါသထွက်သွားသလဲ ဆိုတာ။ ဖက်တွယ် ထားတဲ့ သူ့လက်မောင်းကို ဆောင့်ဆွဲဖြုတ်ပစ်လိုက်တယ်။ ပြီးတော့ လမ်းဆက်မလျှောက်ဘဲ ခြေစုံရပ်၊ ကိုကို့ကို ပေစောင်စောင် မော့ကြည့်လိုက်တာပေါ့။  ကျမ ဝတ်လာတဲ့ အကျီကို ဘာလို့ သွားပြန်မလဲခိုင်းပါလိမ့်လို့ တွေးမိနေတာ၊ လတ်စသတ်တော့ ဒါကြောင့်ကိုး။ မှန်အလုံပိတ်ကားနဲ့ ကော်ပတ်ရုပ်တစ်ရုပ် လို သင်္ကြန်လည်ရမယ့် ကျမအဖြစ်ကို တွေးကြည့်ကြပါဦး။ လူက ဒေါသထွက်လွန်းလို့ အငွေ့တွေ ထွက်လာမလားတောင် မှတ်ရတယ် တကယ်။ ကိုကို မ ကောင်းဘူး။ ဒါ ကျမ ဆန္ဒကို လိုက်လျောတာမှ မဟုတ်တာ။ ဒီပုံစံနဲ့ သင်္ကြန်လည်တာထက်တော့ ကိုယ့်ဘာသာ အိမ်မှာ အိပ်နေတာကမှ အိပ်ရေးဝဦးမယ်။  ခုကျတော့ သူများတွေ ပျော်နေတဲ့ ကြားထဲမှာ ကျမက မှန်လုံပိတ်ကားထဲကနေ ထိုင်ငေး.. စဉ်းစားရင်း ငိုချင်လာတယ်။

ရတယ်လေ.. ကိုကို ငယ့်ကို အဲ့လို ခံစားစေချင်တယ်ပေါ့.. ငယ်တောင်းမိတဲ့ အခွင့်ရေးလေးက ဘာများ ကြီးကျယ်ခန်းနားနေလို့ ကိုကို ခုလို လုပ်ရက်ရတာ လဲ.. ရတယ်.. ကြည့်လိုက်.. ငယ် စိတ်ထိခိုက်ရတဲ့ ပုံစံကို ကိုကို ထိုင်ကြည့်နေနိုင်ဘို့ပဲ လိုတာပါ..။ စိတ်ပိုင်းဖြတ်ပြီး ကျမ ကားပေါ် တက်ထိုင်လိုက်တယ်။  ပြီးတော့ အပြင်ကို ငေးနေလိုက်တယ်။ ကိုကို့ ဘက်ကို လုံးဝ လှည့်မကြည့်ဘူး။ ကျမ မျက်ရည်ဝဲနေမိပြီ.. ဒါပေမယ့် ခုချိန်မှာ ကျမ မငိုသေးဘူး၊ စိတ်ချ။ ခု လောက်နဲ့ လုံးဝ မငိုဘူး။ ကတ်ဆက် သီချင်း ငြိမ့်ငြိမ့်လေး ဖွင့်ပြီး ကိုကို ကားမောင်းထွက်လိုက်ပြီ။ ပါရမီလမ်းနဲ့ ပြည်လမ်းထောင့်မှာတင် လမ်းက စ ကြပ် နေပြီလေ။ သင်္ကြန်ရဲ့ပျော်စရာ မြင်ကွင်းတွေ ကျမ မြင်ရပြီပေါ့။ အငိုလွယ်တဲ့ကျမ မျက်ရည်ကို မထိန်းနိုင်တော့ပါဘူး။ ကိုကို့ ဘက်ကိုတော့ လုံးဝကို မ လှည့်တာ။ ပြည်လမ်းမပေါ်က မဏ္ဍပ် တစ်ခုနား ရောက်တော့ ကားတန်းကြီးဖြစ်နေပြီ။ အင်းယားလမ်းဘက် ဝင်တဲ့ ကားတွေတန်းစီလို့ပေါ့။

ကားရပ်လိုက်ပြီး ကိုကိုက “ဒီမနက် ဘာစားခဲ့လဲ ငယ်လေး..” ဒါက ကိုကိုမေးနေကျ စကားပါ။ ကျမတို့ တွေ့လို့ ချက်ချင်း မဟုတ်တောင် ခဏနေရင် ကိုကို  အမြဲမေးတတ်တယ်။ ကျမ ပြန်မပြောဘူး။ ပြောစရာလည်း မရှိဘူးလေ.. ဘာမှမှ မစားခဲ့ပဲ။ “ကြည့်ရတာ ဒီကလေးလေး ဘာမှ စားရသေးပုံမပေါ်ဘူး..  သင်္ကြန်လည်ရမယ် ဆိုလို့ အပျော်လွန်ပြီး ဘာမှ မစားဘဲ ထွက်လာတယ် ဟုတ်..” ပြောတတ်တယ် တော်တော်။ တော်တော် ပျော်စရာကောင်းတဲ့ သင်္ကြန် လည်နည်းကြီး ဆိုတော့။ “ကိုကို မုန့် ယူလာပေးတယ်.. နောက်မှာ ခြင်းတောင်း လှမ်းယူလိုက် ကလေးလေး..” ကျမနဲ့ အပြင်သွားတိုင်း ကျမအတွက်  စားစရာတစ်ခုခု ကိုကို အမြဲ စီစဉ်လာတတ်တာပါ။ အရင်ကတော့ ဒါမျိုးဆို ကျမ ရင်ထဲ အသည်းထဲထိ ကြည်နူးနေကျပေါ့။ ကိုကို မပြောရင်တောင် “ငယ် စားဘို့ ဘာပါလဲ ကိုကို…” လို့မေးပြီး ကိုကို့ကားပေါ် မွှေနေကျ။ ခုတော့ စိတ်က ငိုချင်တာပဲ သိတယ်။ “ဟေ့.. နောက်မှာ ခြင်းတောင်း ယူလိုက်လို့ ငယ် လေး.. အာ..ဟာ ငိုနေတာလား.. အယ် ငယ်ကလည်း ကွာ.. ဘာလို့ ငိုတာတုန်း ကလေးရယ်.. ပျော်ရမယ့် အချိန်ကို…” အော ဟုတ်တယ်.. တော်တော် ပျော် ရမယ့် အချိန် တော်တော် ပျော်ဘို့ ကောင်းတဲ့ ပုံစံ ဆိုတော့။ တကယ်ဆို ကျမ အာခါင်ခြစ်ပြီးတောင် အော်ငို ပစ်ချင်တာပါ။ ကိုကို့ကိုလည်း စိတ်ရှိလက်ရှိ  ထုရိုက် ကုတ်ဆွဲပစ်ချင်တယ်။ ဒါပေမယ့် ကျမ မလုပ်ပါဘူး။

“ငယ့်.. ငိုပါနဲ့ ကလေးရယ်နော်.. ကိုကိုတို့တူတူ ရေပက် မဏ္ဍပ်တွေ လျှောက်ကြည့်ကြမယ်လေ.. နော်.. မပျော်ဘူးလား ကိုကိုနဲ့ သွားရတာ.. ဟင် ကလေး လေး..”   “ပျော်ပါတယ် ကိုကို.. တီဗွီထဲကဟာတွေ အပြင်မှာ တကယ်မြင်ရတာပဲ.. ပျော်ပါတယ်.. သင်္ကြန်မြင်ကွင်းကို သရီးဒီ တီဗွီနဲ့ ကြည့်ရသလိုပေါ့..  ဘယ်သူမှတောင် ငယ့်လို အခွင့်အရေးမျိုး ရဖူးမှာ မဟုတ်ဘူးပဲ.. ငယ်ပျော်ပါတယ်.. ကျေးဇူးတင်ပါတယ် ကိုကို..”   မှတ်ထား။ ကျမ ကျွမ်းကျင်တဲ့  ဘာသာရပ်တွေထဲမှာ အဲ့လို စကားနာထိုးတာလည်း ပါတယ်လေ။ “ငယ် ရယ်…” ကိုကို စိတ်မကောင်းဖြစ်သွားပြီ။ ကျမ သိတာပေါ့။ “ငယ့်.. ကိုကို့ကို ကြည့် ဦးကွာ ကလေး..” ကျမ မျက်နှာလေးကို ဆွဲလှည့်တယ်။ အမှန်တော့ ကိုကို့ လက်ကို ခါထုတ်ပစ်ချင်ပေမယ့် ကျမ မလုပ်ပါဘူး။ ခုမှတော့ ကျမ  ကန့်လန့်တိုက်နေလည်း ဘာထူးတော့မှာလဲနော်။ ကိုကိုက ဒီလောက်ပဲ ပေးရင် ဒီလောက်နဲ့ပဲ ကျမ ကျေနပ်ရမှာပေါ့။ ကျမ ကိုကို့ဘက် လှည့်ကြည့်လိုက် တယ်။ “မငိုပါနဲ့ ကလေးရယ်.. နော်..” ပြောရင်း ကျမ ပါးပေါ်က မျက်ရည်တွေ ကိုကို သုတ်ပေးတယ်။ အရင်ကဆို ကျမ အကျင့်က ချော့လေ ငိုလေပါ။ ခု တော့ ကျမ တကယ်ပဲ နောက်ထပ်ထွက်လာမယ့် မျက်ရည်တွေ မြိုချလိုက်တယ်။ ပါးပေါ်ကိုလည်း လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်။ ပြီး တော့ ကိုကို့ကို ပြုံးပြလိုက်တယ်။ မျက်ရည်ကြားကနေလည်း ကျမ ကောင်းကောင်း ပြုံးတတ်ပါတယ်။

အင်းယားလမ်းထဲဝင်မယ်ကြံတော့ ကားက လုံးဝ ရှေ့တိုးဘို့ ခက်သွားပြီ။ သူများတွေ ပျော်နေလိုက်ကြတာလေ။ တစ်ချို့ စုံတွဲတွေ ကားပေါ်မှာ ပူးလို့ ကပ် လို့။ ကျမ အကြည့်တွေက ကိုကို့ ဘက်အခြမ်းက ကားတစ်စီးစီ ရောက်သွားတယ်။ ကားပေါ်မှာ စုံတွဲတစ်တွဲ။ ကောင်မလေးက သူ့ချစ်သူ ရင်ခွင်ထဲမှာပေါ့။  နောက်က ဝိုင်းထိုးနေတဲ့ ရေပိုက်တွေကို သူ့ချစ်သူက ကျောနဲ့ ခံပေးထားတယ်။ ကောင်မလေးက ကောင်လေး ရင်ခွင်ထဲမှာ ပုပုကွေးကွေးလေး။ အဲ့အတွဲကို  ကျမ ငေးနေမိတယ်။ ကျမလည်း အဲ့လို ကိုကို့ ရင်ခွင်ထဲ.. တော်ပြီ ကျမ ဆက်မစဉ်းစားတော့ဘူး။ ဒူးလေးကွေးပြီး ခြေထောက် တင်ထိုင်လိုက်တယ်။  ကားတံခါးဘောင်ကို မှီပြီး ရှေ့က မြင်ကွင်းတွေကို ငေးကြည့်နေလိုက်တယ်။ သူများတွေ သင်္ကြန်ရေ စိုနေတဲ့ အချိန်၊ ကျမ ပါးက မျက်ရည်တွေ စိုလို့ရယ်။  ကိုကိုက ကျမခေါင်းကို လက်လေးနဲ့ လာသပ်တယ်။ ကျမ သူ့ကို ပြန်မကြည့်ဘဲ ရှေ့ကိုပဲ ငေးနေလိုက်တယ်။ တမင်စိတ်ကောက်ပြတာ မဟုတ်ပါဘူး။ ကျမ  တကယ် ဝမ်းနည်းသွားတာ။

“ဟလို.. ကိုလင်းလား.. အွန်းး.. ညီရေ.. ကိုယ် ရန်နိုင်ပါ.. မင်းတို့ သည်နေ့ လည်ဖြစ်ကြသေးလား..” ကိုလင်း ဆိုတာ ကျမ သူငယ်ချင်းတွေထဲကတစ် ယောက်ပေါ့။ ကိုကို ဘာလုပ်ဖို့ ကိုလင်းဆီ ဖုန်းဆက်ပါလိမ့်။ ကျမ မသိမသာ နားစွင့်လိုက်တယ်။ “အေးကွာ သည်မှာ မင်းတို့ သူငယ်ချင်း အကို့ကို  စိတ်ကောက်နေတာ.. ချော့မရ ပြုမရ.. ” ဖြစ်မှ ဖြစ်ရလေ။ သူ့ လုပ်ပုံဖြင့် မဟုတ်ဘဲနဲ့ ကျမ စိတ်ကောက်တာကပဲ မှားရသေးလားနော်။ ကိုကို ဘယ်တုန်းက များ အတင်းပြောတတ်သွားတာပါလိမ့်။ ကျမ မျက်စောင်း ထိုးပစ်လိုက်တယ်။  “အွန်းးး.. ဒါဆို ညီတို့ အင်းယားလမ်းထဲ ဝင်ရင် ဖုန်းတစ်ချက် ပြန်ခေါ်ပေးမ လား..”  “…..”  “ရတယ်.. စိမ်းစိုထဲ ထိုးထားလိုက်မယ်.. ညနေကျမှ ပြန်ဝင်ယူရုံပေါ့ကွာ..”   “…..”    “အိုကေ.. ကျေးဇူးကွာ.. ဒါဆို အကို စောင့်နေပြီနော်..”   “……”    “အေး အေး.. ”   ကျမ စိတ်ထဲ အရမ်း ကျေနပ်သွားတယ်။ ကိုကိုက ကိုလင်းတို့ကားကို လှမ်းခေါ်နေတာပဲ။ သူတို့ အဖွဲ့နဲ့တူတူ လည်ရမယ်ဆို ရှယ် ပေါ့။ အစကတည်းက တူတူ လိုက်ခွင့်ရရင်တောင် သည်လောက် ပျော်မယ် မထင်ဘူး။ ခုကျ ကျမစိတ်ကောက်လို့ ကိုကို ချော့တာ။ ဝိုးးး သူငယ်ချင်းတွေ ကြားမှာ ဂုဏ်ယူစရာပဲမဟုတ်လားနော်။ သူတို့ရှေ့မှာ ကိုကို ကျမကို ဘယ်လောက် ချစ်လည်း ပြခွင့်ရသွားပြီ။ ပြုံးချင်ချင်ဖြစ်သွားတဲ့ ကျမ ပါးလေးကို  ကိုကို ဖွဖွလေး လှမ်းကိုင်တယ်။ ကျမ ခေါင်းလေးကို တစ်ချက် ပုတ်ပြီး “ကျေနပ်နော် ကလေးလေး.. မျက်နှာလေး ညှိုးမနေနဲ့တော့..” တဲ့။ အင်းယား ဘက်  ကွေ့ချ၊ ကားကို နေရာတကျ ရပ်ပြီး ကိုကို အရင်ဆုံး လုပ်တာက နောက်ခန်းက စားစရာခြင်းတောင်းကို လှမ်းယူလိုက်တာပဲ။ ပြီးတော့ ဗူးလေးနဲ့ ထည့်လာ တဲ့ ပေါင်မုန့်ကြော်တွေရယ် ကော်ဖီဓါတ်ဗူးရယ် ထုတ်တယ်။ တစ်ယောက်တည်း နေရတဲ့ကိုကိုက ဖြစ်သလိုစားတတ်တာ အကျင့်ပါနေပေမယ့် ကျမကြိုက် တဲ့ ပေါင်မုန့်ကြော်နည်း တစ်ခုကိုတော့ မေမေ့ဆီက ကောင်းကောင်း သင်ထားတာလေ။ ကျမစားခဲ့သမျှ ကိုကို့ လက်ရာတွေထဲမှာ သည်မနက်က အရသာ  အရှိဆုံးပဲ။

(၆) “ပိုးစုတ်မ.. ဘိုးတော်ကို ဘယ်လိုများ ကပ်ချွဲလိုက်လဲ.. ကျုပ်တို့ဖြင့် နားရှိလို့သာကြားရတယ်နော်..”   “ခိခိ.. ကျုပ် လိုချင်တာကို ဘယ်တုန်းကမှ နှစ်ခါ  မပြောဘူး ရွှေစု.. တော်တို့ ခု သိပြီမဟုတ်လား..”   “ဟဟ.. နေမကုန်သေးဘူး ပိုးပုလဲဥ.. လေတွေ နဲနဲလျှော့..”    “အစုတ်ပလုတ်မ.. မနာလိုဖြစ်နေတယ်..”   “မဖြစ်ပေါင်.. ပြိုင်မလား.. တော်နဲ့ကျုပ်.. ဘယ်သူက ပို ပိုင်လဲ..”  “လုပ်လိုက်လေ.. ရှုံးတဲ့လူ တစ်ပါတ်တိတိ မနက်စာ တာဝန်ယူကြေး..”    “အိုကေ.. စိန် လိုက်..”  အမှန်တော့ ကျမ စု ကို မခံချင်လို့သာ ပြောမိတာ။ မလွယ်မှန်းတော့ သိသားပဲ။ အဲ့ဒီလိုနဲ့ ကိုကိုနဲ့ကျမ သူငယ်ချင်းတွေရဲ့ ရေပက်ခံကားပေါ်  ရောက်လာခဲ့တယ်။ ကျမနဲ့ပတ်သက်ရင် အသေးစိတ် ဂရုစိုက်တတ်လွန်းတဲ့ ကိုကို၊ ဒီတစ်ခါတော့ ဗျာများသွားတယ်လေ။ ဘာလို့ဆို ကျမ ဝတ်လာတဲ့ အ ကျီက ခုမှ ပြဿနာ စ ပြီကိုး။ သူ့အစီစဉ်ထဲမှာ ရေစိုစရာ ကိစ္စ မပါတော့ တဘက်တွေဘာတွေ ယူမလာဘူးလေ။ ခုမှ အိမ်ပြန် အဝတ်လဲခိုင်းရအောင်က လည်း သူများကားနဲ့ သွားတာဆိုတော့ သိတဲ့အတိုင်းပေါ့။ သက်ပြင်း တချချနဲ့ ကျမ ခါးလေးကို တင်းနေအောင် ဖက်ထားတယ်။ မျက်နှာကတော့ သိပ်ကြီး  သာယာလှတယ် မဟုတ်ဘူးပေါ့။ နောက်တစ်ခု ကိုကိုလေး သနားဘို့ကောင်းတာက ကျမ သူငယ်ချင်းတွေ ကြားမှာ သူ အနေရခက်ရှာပါတယ်။ သူငယ်ချင်း တွေကလည်း သူ့ကို အရင်ကတည်းက နဲနဲ ရှိန်တယ်။ ကိုကိုက ကိန်းကြီးခန်းကြီး မနိုင်ပေမယ့် အေးအေးဆေးဆေး နေတတ်တဲ့ စရိုက်ရှိတယ်လေ။ အလွယ် ဆုံးပြောရရင် သင်္ကြန်ရေပက်ခံကားနဲ့ လုံးဝ မလိုက်ဖက်တဲ့ ပုံစံမျိုးပါ။

ဒီလိုနဲ့ရေစိုစို လူအုပ်ကြီးကြားထဲ ကျမတို့ကား ရောက်သွားတယ်ဆိုပါတော့နော်။ မဏ္ဍပ် စင်မြင့်တွေပေါ်မှာ ဆိုနေကနေကြတာတွေ၊ စီးချက်နဲ့ အညီ  ယိမ်းထိုးနေတဲ့ ရေပိုက်တွေ။ ကားပေါ်မှာ ခုန်ပေါက်အော်ဟစ်နေတဲ့ ရေပက်ခံ အဖွဲ့တွေ။ သူတို့အားလုံး စိတ်လွတ်လက်လွတ်နဲ့ ပျော်နေကြတာပဲ။ ကိုကို့  မျက်နှာကို ကျမ မော့ကြည့်တော့ ကျမကို ပြုံးပြုံးလေး ကြည့်နေတဲ့ကိုကို။ ခဏနေရင် ကျမတို့ကား ရေပိုက်တွေအောက် ရောက်တော့မယ်။ ရင်တွေ ခုန် လိုက်တာ။ ကျမ အရမ်းပျော်တာပဲ။ သူများတွေလို အော်ဟစ် ခုန်ပေါက် ပစ်လိုက်ချင်တယ်။ ဒါပေမယ့် အဲ့လောက် မရဲသေးပါဘူး။ ကျမအတွက်က သင်္ကြန် လည်တယ်ဆိုတာ ခုမှ ပထမဆုံးလေ။  မြင်မြင်သမျှကို ပါးစပ်လေး အဟောင်းသားနဲ့ လိုက်ကြည့်ပြီး သဘောတွေ ကျနေတဲ့ ကျမကို ကိုကိုက “လာ.. ငယ် လေး..” ဆိုပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ကိုကိုက အမိုးဖွင့်ထားတဲ့ ကားရဲ့ ခေါင်မိုးကိုင်းပေါ် ထိုင်နေတာလေ။ ကျမက ကိုကို့ ဒူးနှစ်ချောင်းကြား မတ် တပ်ကလေးရပ်ပြီး ကိုကို့ရင်ခွင်ကို ကျောကပ်လျက်ပေါ့။ မျက်နှာလေး မော့ပြီး လှည့်ကြည့်ရင်း ကိုကို့ကို ပြုံးပြလိုက်တယ်။ ကျမကို ပြုံးပြီး ကြည့်နေတဲ့  ကိုကို့ မျက်လုံးတွေက “ကလေးလေး.. ပျော်နေတယ် မဟုတ်လား..”လို့ မေးနေသလိုပဲ။ ကိုကိုက ခါးလေး ကိုင်းပြီး ကျမ ခေါင်းပေါ် မေးထောက်ထား တယ်။ တချက်တချက် သူ့ပါးနဲ့ ကျမနားရွက်လေးကို ပွတ်ပွတ်ပြီး.. ကြည့်ရတာ သင်္ကြန်ရဲ့ အငွေ့အသက်က အိနြေ္ဒကြီးလွန်းတဲ့ ကိုကို့ စိတ်ကိုလည်း နုပျို သွားစေတယ် ထင်ပါရဲ့။

ဒီလိုနဲ့ ရေတွေအောက် ရောက်ပြီ။ ကျမ လိုချင်တဲ့ အနေအထားက တီဗွီထဲသာကြည့်လို့ကောင်းပေမယ့် လက်တွေ့မှာ မလွယ်မှန်း သိလိုက်ရတယ်။ ဝိုင်းပြုံ စုထိုးလာတဲ့ ရေပိုက်တွေက နဲမှ မနဲပဲ။ သူငယ်ချင်း အတွဲတွေက သင်္ကြန်လည်နေကျ လူတွေပီပီ တဘက်ကြီးတွေ ကိုယ်စီခြုံပြီး ပျော်ကြမြူးကြ ခုန်ပေါက်  ကြပေါ့။ သင်္ကြန်ဆိုတာ ဘာမှန်းမသိတဲ့ ကျမအတွက် ရေမွန်းတဲ့ ဒဏ်က တော်တော်ကြီးကို ဆိုးတာပါ။ ကိုကိုက ကျမကို ဖက်ထားပြီး ကာပေးထားပေမယ့်  အကာအကွယ် တဘက်ဘာညာ မပါလို့ပဲလားတော့ မသိဘူး၊ ရေပိုက်တွေအကုန် ကျမတို့ အတွဲပေါ် ရောက်နေသလားပဲ။ ဒါပေမယ့် ကျမ အရမ်းပျော် တယ်။ ကိုကို့ရင်ခွင်က တစ်ခါမှ ခုလောက် မနွေးသလိုပဲ။ ရေတွေ တလဟောနဲ့ ဆူညံခုန်ပေါက်နေတဲ့ လူတွေ၊ ဝုန်းဒိုင်းကျဲနေအောင် လှုပ်ခါနေတဲ့  သင်္ကြန်ရေပက်ခံကား၊ ကိုကိုက ကျမကို သူ့နဲ့ မျက်နှာချင်းဆိုင် ဆွဲလှည့်ပြီး တင်းနေအောင် ဖက်ထားတယ်။ ကျမ မျက်နှာက ကိုကို့ ရင်ဘတ်နဲ့ တည့်တည့်  ဖြစ်သွားတယ်လေ။ လက်တစ်ဘက်က ကျောကိုပွေ့ထားပြီး ကျန်တဲ့လက်တစ်ဘက်က ကျမနားရွက်တွေကို အုပ်ပေးထားတယ်။ ကျမကတော့ ကလေးပုစိ လေးတွေလို ကိုကို့ အကျီရင်ဘတ်ကို ဆုပ်ကိုင်ပြီး တအား ကုပ်တွယ်ထားတာပေါ့။ အဲဒီအချိန် ကျမစိတ်ထဲမှာလေ.. ရန်သူတွေဝိုင်းနေတဲ့ တိုက်ပွဲကြားထဲ  သူရဲကောင်းကြီးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ဝင်ပုန်းနေရတဲ့ မင်းသမီးလေးလိုမျိုး။

(၇) တကယ်တမ်း လူအုပ်ကြီးတွေ ရေပန်းတွေ အများကြီး ကြားထဲရောက်သွားတော့ ကျမ တော်တော် နေရခက်လာတာ။ ဒါပေမယ့် အရမ်းပျော်တာပဲ။  ကားပေါ်ပါလာတဲ့ သူငယ်ချင်းတွေအားလုံး မဏ္ဍပ်က ဖွင့်နေတဲ့ သီချင်းသံတွေအတိုင်း ခုန်ပေါက် ကနေ ကြတယ်။ ကားတစ်စီးလုံးလည်း သိမ့်သိမ့် တုန်နေ ရော။ ကိုကို့ ရင်ခွင်ထဲက ကျမလည်း သိမ့်သိမ့် တုန်နေအောင် ချမ်းလာပြီပေါ့။ ရေတွေနဲ့ မွန်းကျပ်နေတဲ့ကြားက ကိုကို့ မျက်နှာကို ကျမ မော့ကြည့်မိတယ်။  ပြန်ပြုံးပြတဲ့ အပြုံးက သိပ်ကြီး သက်တောင့်သက်သာ မရှိလှပေမယ့် ကိုကို စိတ်ညစ်နေတယ်လို့တော့ ကျမ မတွေးမိပါဘူး။ အဲ့ဒီအချိန်မှာ ရုတ်တရက်ကြီး  ကျမ တင်ပါးကို တစ်ယောက်ယောက်က လက်နဲ့ ညှစ်လိုက်သလို ခံစားမိလိုက်တယ်။ သေချာတာက ကိုကို့ လက် မဟုတ်ဘူး။ ဘာလို့ဆို ကိုကို့လက် တွေက ကျမ ကျောပေါ်မှာ တစ်ဘက်၊ ခေါင်းကို အုပ်ကိုင်ပေးထားတာက တစ်ဘက်လေ။

ကျမ အလန့်တကြားဖြစ်သွားပေမယ့် လူတွေ ကြပ်ညပ်နေလို့ မတော်တဆ ထိမိတယ်ပဲ ထင်လိုက်မိတယ်။ ဒါပေမယ့် ကျမ အထင်မှားနေပြီမှန်း ခဏနေ တော့ သိလိုက်ရတယ်လေ။ အဲ့လက်က ကျမ တင်သားတွေကို ခပ်ဖွဖွ လာပွတ်နေပြန်ရော။ ကျမလည်း နေရာ နဲနဲ ရွှေ့ကြည့်ရတာပေါ့။ ရေတွေက အရမ်း  များလာနေပြီ။ ကိုကိုကလည်း ကျမကို အတင်းဖက်ထားပေးနေတော့ လူက ချုပ်ထားသလို ဖြစ်ပြီး ဘယ်လိုမှ ရွှေ့မရဘူးရယ်။ ကိုကို့ကို ပြောလိုက်ရမလား   စဉ်းစားမိပေမယ့် စိတ်တိုပြီး ပြဿနာ တစ်ခုခုဖြစ်မှာလည်း ကြောက်တယ်လေ။ အဲ့အချိန်မှာ ရုတ်တရက်ကြီး ကိုကိုက ကျမကို ငုံ့ နမ်းတယ်။ ရေ တွေကြောင့် ခိုက်ခိုက်တုန်နေတဲ့ ကျမ နှုတ်ခမ်းလေး ဖျတ်ကနဲ နွေးသွားတာပေါ့။ ကိုကို့ အနမ်းက ခဏလေးပါ။ ဒါပေမယ့် အဲ့ခဏလေးကြောင့် ကျမ စိတ် ထဲမှာ တစ်ခုခုကို လိုချင်လာတယ်။ ပိုဆိုးတာကလေ.. ကျမ တင်ပါးပေါ်က လက်ပိုင်ရှင် တော်တော်လေး လွန်လာတယ်ပြောရမယ်။ ရေတွေ လူတွေကြား ထဲ ကျမ ဘယ်လိုမှ မရှောင်နိုင်မှန်း သိလို့များ အခွင့်အရေး ယူသလားပဲ။ သူ့လက်တွေက ကျမ တင်ပါးနှစ်ခုကြားက အက်ကွဲကြောင်းထဲ ရဲရဲတင်းတင်းကို  တိုးဝင်လာနေတာ။ ကျမ ကိုကို့ကို တင်းကျပ်နေအောင် ဖက်ထားမိတယ်။ လူက ထူပူလာတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ ကျမ တင်သားတွေ ကို တခြားတစ်ယောက် စိတ်ရှိလက်ရှိ အရသာခံဘို့ သူကိုယ်တိုင် ချုပ်ထားပေးသလိုဖြစ်နေတာ ကိုကိုများ သိရင် မိုး မီးလောင် မလားပဲ။

အဲ့အချိန်မှာ ကားက နဲနဲချင်း ရှေ့တိုးလို့ရလာလို့ ကျမအတွက် တော်သေးသွားတယ် ပြောရမယ်။ ရေတွေ နဲနဲ လွတ်လာလို့ ကိုကို့ကို မော့ ကြည့်တော့ ကျမ  မျက်နှာပေါ်က ရေတွေ သပ်ချပေးရင်း “ပျော်လား ကလေးလေး..” လို့ ပြုံးပြီးမေးတယ်။ ကျမလည်း ကိုကို ဘာမှ မရိပ်မိမှန်းသိတော့ မပြောဘဲ နေလိုက် တော့တယ်ပေါ့နော်။ ဘယ်သူ လုပ်လို့ လုပ်မှန်း မသိဘဲ ကျမ ပြောလိုက်မိကာမှ ကိုကို စိတ်ဆိုးပြီး ရထားတဲ့ အခွင့်ရေးလေး ဆုံးသွားမှာ ကြောက်လို့ပါ။ အဲ့ ဒါနဲ့ပဲ ဇက်ကလေး ပုပြီး “ဟုတ်.. အရမ်းပျော်ပါတယ် ကိုကို..” ပေါ့။ မဏ္ဍပ်တွေနဲ့ နဲနဲ လှမ်းတဲ့နား ရောက်သွားတော့ လူချင်း ခွာလိုက်ပြီး ကိုကိုလည်း ကား  အမိုးကိုင်းပေါ်က ဆင်းလိုက်တယ်။ အဲ့မှာ ပြဿနာ နဲနဲ စ လာတာက ကျမ ဂါဝန်လေ။ ရေတွေ ရွှဲနစ်ပြီး တင်သားနဲ့ ပေါင်တွေက အမို့အမောက် အလုံး အတစ်နဲ့၊ စောစောက ပြောခဲ့သလို ကျမ ကိုယ်လုံးကလည်း ပစ္စည်းမဲ့ မဟုတ်လေတော့..။ ကျမကို ကြည့်ပြီး ကိုကို နဲနဲ စိတ်အိုက် သွားပုံပဲ။  သူ ဝတ်ထားတဲ့  ရှပ်အကျီကို ချွတ်ပြီး ကျမ ခါးမှာ ချည်ပေးပါလေရော။ ကျမ အတွက် လုံခြုံမှု ရှိမရှိ မသိပေမယ့် မြင်လိုက်ရတဲ့ ရေစိုကပ် စွပ်ကျယ်လေးနဲ့ ကိုကို့ ဘော် ဒီ တောင့်တောင့်က ကျမ ရင်ထဲကို သိမ့်ကနဲပဲ။ ရှားရှားပါးပါး တစ်ကြိမ်ပဲ ချစ်တင်းနှောခဲ့ဖူးတဲ့ မိုးညနေခင်းလေးကို ပြန်တမ်းတမိသွားတယ်။ အဲ့ဒီတုန်းက  အိမ်ပြန်ချိန် လွန်နေလို့ စိုးရိမ်စိတ်ရယ်.. ဘာကိုမှန်း မသိ ကြောက်တဲ့စိတ်ရယ်.. လူက ထူပူနေတော့ အချစ်ရဲ့ အရသာကို ကျမ တစ်ဝကြီး မခံစားခဲ့မိဘူး။ ဒါ ပေမယ့် အဲ့တုန်းက ရခဲ့တဲ့ သာယာမှုလေးက ကျမ အတွက် တစ်သက် မမေ့စရာပါ။ ကိုကို့ စိတ်ထဲတော့ ဘယ်လိုနေမယ် မသိဘူးပေါ့နော်။ ကျမ ဝန်ခံပါ တယ်။ တခါတခါ အဲ့နေ့က ခံစားမှုမျိုး အရမ်းလိုချင်မိတယ်။ အထူးသဖြင့် ကျမရဲ့ ရာသီစက်ဝန်း ပြီးကာစ ရက်တစ်ချို့မှာပေါ့။ ဒါပေမယ့် ကျမက အဲ့  အပိုင်းမှာ လုံးဝ မပွင့်လင်းခဲ့ဘူး။ ကျမ လိုချင်နေတာကို ကိုကိုသိအောင် အရိပ်ပြတဲ့ အမူအရာမျိုးတောင် ကျမ မလုပ်ခဲ့ဘူးလေ။ ကိုကိုပေးခဲ့ဖူးတဲ့ ခံစားမှု ကို ကျမတစ်ယောက်တည်း ဖြေသိမ့်ယူခဲ့တဲ့ ညတွေ အများကြီးပါ။ ဒါပေမယ့် ကျမ အဲ့လို လုပ်မိတိုင်း သာယာမှု သေးသေးလေး ရခဲ့ပေမယ့် ပြီးသွားရင်  အပြစ်တစ်ခု ကျူးလွန်မိသလို ခံစားရတာချည့်ပဲ။

အဲ့လိုနဲ့ ကားက နောက်ထပ် ရေပက်မဏ္ဍပ်တစ်ခု ရှိတဲ့နား ရောက်သွားပြန်တယ်။ အစောတုန်းကလိုပဲ ကျမက ကိုကို့ ရင်ခွင်ထဲမှာပေါ့။ ရေတွေ လူတွေ   ခုန်ပေါက်နေတဲ့ သူငယ်ချင်းတွေ အခြေအနေက ရှုပ်ထွေး သွားပြန်တယ်။ အဲ့ဒီတုန်း အောက်ကနေ ကျမ ခါးမှာ ချည်ထားတဲ့ ရှပ်အကျီကို ဆောင့်ဆွဲချလိုက် တာ ကျမ အရမ်း လန့်သွားသလို ကိုကိုလည်း ဒေါသထွက်ပြီး တောက်ခေါက်လိုက်တာ အကျယ်ကြီးပဲ။ အကျယ်ကြီး ဆိုတာက ကျမ နားထဲမှာကို ပြောတာ ပါ။ ဘေးလူတွေကတော့ ဘယ်သိမလဲနော်။ ပတ်ဝန်းကျင်က တအားကြီး ဆူညံနေတာကိုး။ ဒီလိုနဲ့ ရေတွေကြားမှာ ကိုကို့ အကျီ ဘယ်ရောက်သွားမှန်း မသိ တော့ဘူး။ ကျမရဲ့ ခါးအောက်ပိုင်းလည်း အကာအကွယ် မဲ့သွားပြန်တယ် ဆိုပါတော့။ ကိုကိုလည်း မျက်နှာ ရှစ်ခေါက်ချိုးနေပြီ။ ကျမ ကိုကို့ကို မော့မကြည့် ရဲတော့ဘူး။ ဒါပေမယ့် ဒါက ကျမအမှား လုံးလုံးတော့ မဟုတ်ဘူးလေ နော်။ ကိုကိုသာ သူ့ကားအစား တခြားတစီးစီး ယူလာရင် ခုလိုတွေ ဘယ်ဖြစ်မလဲ။  ကျမက ဂါဝန်နဲ့ ရေပက်ခံထွက်လာတယ်ဆိုတာ ကိုကို့ကို စ ချင်လို့ သက်သက်ပဲဟာကို။

အချိန်ကလည်း နေ့ခင်းကြောဘက် ရောက်လာပြီ ဆိုတော့ ကျမတို့ ကန်တော်ကြီး ထောင့် တစ်နေရာမှာ ကားရပ်ပြီး ခဏ နားကြတယ်။ အဲ့မှာ ဒီဇာတ်လမ်း  ဖြစ်လာဘို့ ပြဿနာ စတော့တာပါပဲ။ သူငယ်ချင်းတွေက ဘီယာတွေ ယူလာတယ်လေ။ ကျမလည်း ဗိုက်ဆာသလိုလို ရေဆာသလိုလို ဖြစ်နေပြီ။ ကျမ အတွက် ကိုကို လုပ်လာပေးတဲ့ စားစရာတွေက ဟိုဘက်ကားပေါ် ကျန်ခဲ့တာကြီး။ ကိုကိုက ခပ်လှမ်းလှမ်းက ဗန်းနဲ့ ရောင်းနေတဲ့ ဈေးသည်ဆီမှာ ရေ နဲ့  စားစရာ တစ်ခုခု ဝယ်မယ် ဆိုပြီး ထွက်သွားတယ်။ အဲ့မှာ ကျမ သူငယ်ချင်း စုစု က “ပိုးဥ.. တော်နဲ့ ကျုပ် အလောင်းအစား ခုမှ စ မှာနော်..” တဲ့။ ကိုကို စိတ်ခု နေပါတယ် ဆိုမှ သူက တမှောင့်လေ။ ကျမလည်း မနက်စာလေး တစ်ပတ်လောက် ကျွေးရမှာထက် ရှုံးတယ် ဆိုတာကို လိုကို မလိုချင်တာ။ အဲ့ဒါနဲ့ပဲ.. “စိန်  လိုက် ရွှေစု.. ခုကနေ ညနေ လူစု ခွဲချိန်ထိ..” လို့ ပြောပစ်လိုက်တယ်။ အဲ့မှာ မိစု ကျမကို ပညာပြပါလေရော။

“မောင့်.. စု လည်း သောက်မယ်.. ရမလား..” သူ့ရည်းစားကလည်း လက်ထဲက ဘီယာဗူး ချက်ချင်းကို ဖောက်ပေးတာ။ ကျမ နဲနဲတော့ ဖြုန်သွားတယ်။  ကိုကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကျမ ဘယ်လောက် သူများကို အနိုင်လိုချင်လဲ သိလား။ “ငါ့လည်း တစ်ဗူးပေး ကိုလင်း.. ပိုးဥတို့ ပိုင်တဲ့ နေရာမှာ ခွင့်ပြုချက် တောင်းမနေဘူးကွဲ့…” အမှန်တော့ ကိုကို့ဆီ ခွင့်တောင်းလို့ ရမှာမှ မဟုတ်မှန်း သိလို့ပါ။ သူ ပြန်မလာခင် ကုန်အောင်မော့လိုက် ပြီးတာ ပဲလေ နော့။ ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်သွားတဲ့ ကျမ၊ တစ်ခါမှ မြည်းတောင် မကြည့်ဘူးတဲ့ ဘီယာကို အသက်အောင့်ပြီး အားရပါးရ မော့လိုက်ပါလေရော။  “အီးး.. ခွီး.. ဖလူးး.. ဖူးး… အမလေး ဆိုးလိုက်တဲ့ အရသာဟယ်.. ဝေါ့..” ချဉ်စုပ်စုပ်နဲ့ အနံ့ စူးစူးက ပါးစောင်ထဲမှာ အပူလောင်သလိုပဲရယ်။ ဘာကိုများ  ကြိုက်ကြပါလိမ့် လို့ တွေးရင်း ပါးစောင်နဲ့ အပြည့် ငုံထားသမျှ အိုးနင်းခွက်နင်း ထွက်ကျ ကုန်တာ အကျီတစ်ထည်လုံး နံစော်သွားပါလေရော။

“ပိုး ပု လဲ ဥ…” ကျောထဲ စိမ့်သွားတဲ့ အသိစိတ်နဲ့ လှည့်ကြည့်မိတော့ နောက်မှာ ခါးထောက်လျက် ရပ်နေတဲ့ ကိုကို။ ကျမ နံမည် အပြည့်အစုံက ပိုးပုလဲဥ ပါ။  ဒါပေမယ့် အားလုံးက ကျမကို ပိုးဥ လို့ပဲ ခေါ်ကြတယ်။ အထူးသဖြင့် ကိုကိုပေါ့။ ကျမကို ငယ် လို့ ကြင်ကြင်နာနာ ခေါ်တတ်တဲ့ကိုကို။ တော်ရုံ ပြောမရလို့  စိတ်ခုလာရင်တောင် ဒေါ်ပိုးဥ လို့ပဲ ခေါ်တတ်တာ။ ခုလို ကျမ နံမည် အပြည့်အစုံကို ကိုကို ခေါ်လိုက်တာ ကျမ ဘဝမှာ ဒါ ပထမဆုံးပဲ။ အဲ မှားလို့.. ဒုတိယ လို့ပြောရမှာ။ ပထမဆုံး ခေါ်ဖြစ်တာက ကျမတို့ စတွေ့တဲ့ ဧည့်ခံပွဲတစ်ခုမှာ။ သူငယ်ချင်းက မိတ်ဆက်ပေးလို့ လေ။ ကျမ နံမည် “ပိုးပုလဲဥ..” ဆိုတော့  ကိုကို နှစ်နှစ် ခြိုက်ခြိုက် ပြုံးတယ်။ “ပိုးပုလဲဥ တဲ့လား.. နံမည်လေးနဲ့ လူနဲ့ အရမ်းလိုက်တယ်.. နောက်ပြီး နှစ်ယောက် မရှိနိုင်တဲ့ နံမည်လေးပဲ…” လို့ ပြော ပြီး ကျမ နံမည်ကို ထပ်တလဲလဲ ရွတ်တယ်လေ။ ပြီးတော့ ကိုကို့ အကြည့် ချိုချိုတွေပေါ့။ ခုတော့ ဒေါနဲ့ မောနဲ့ အော်လိုက်တာများ ကျမ ရင်ထဲ ဒိန်း ကနဲပဲ။

(၈) ကိုကို စိတ်တိုပြီမှန်း သိလိုက်ပေမယ့် ကျမ လက်ထဲက ဘီယာဗူးကိုတော့ ဆက်ကိုင်ထားမိတုန်းပဲ။ အဲ့အချိန် စု က အနားကနေ ထ ထွက်သွားတယ်..  ခြေလှမ်း ၂ လှမ်း ၃ လှမ်းလောက် ရောက်ပြီးမှ ကိုယ်ကို တစ်ပါတ်လှည့်ပြီး ကျမကို လျှာ ထုတ်ပြတယ်လေ။ ကျမ ရှုံးပြီ ဆိုတဲ့ သဘောပေါ့။ စိတ်တိုလွန်းလို့  လူက မီးတောက် မတတ်ဘဲ။ ကျမ အကြောကလည်း ခပ်မာမာရယ်လေ။ ချက်ချင်း ထ ရပ်ပြီး စုနောက် လိုက်မယ် ကြံတာပေါ့။ ကိုကို့ ကို လှည့်ကြည့်မ  နေတော့ဘူး။ ဘီယာလေး သောက်မိတာ အပြစ်လား နော့လေ။ ပြီးတော့ ကျမ မြိုမချနိုင်လို့ ထွေးထုတ်ပစ်တာလည်း သိရက်သားနဲ့။ သူငယ်ချင်းတွေ  ရှေ့မှာ အဲ့လိုမျိုး ကျမကို အနိုင်ယူပြတာ မခံချင်ပေါင်။ “ဘယ် တုန်း အဲ့ဒါ..” “စု တို့ ဆီ..”  “ပြန်ထိုင်.. မသွားရဘူး.. လာ.. မုန့်စား..”  “ဟင့်အင်း စားချင် ဘူး..”  “အာ… ဒီကောင်မလေး.. ဟေးး..”  ပြောလည်းပြော ထွက်လည်းသွားတဲ့ ကျမကို ကိုကို လှမ်းအော်တယ်။ ကျမ စု နားရောက်ခါနီး နောက်က လိုက် လာတဲ့ ကိုကို၊ ကျမ လက်ကို ဆောင့်ဆွဲတယ်လေ။ လက်ကောက်ဝတ်လေးကို မညှာမတာ ညှစ်ထားတာ ကျမ အရမ်း နာတာပဲ။ စိတ်တိုတိုနဲ့ လက်ကို  ဆောင့်ရုန်းတော့ ပိုတိုးပြီး ညှစ်ထားတယ်။ သေချာတယ်.. ကိုကို့ လက် လွှတ်လိုက်ရင် ကျမ လက်လေး နီရဲ နေတော့မှာ။ ပြီးတော့ စုတို့ အနား အတင်း ဆွဲ ခေါ်သွားပြီး “ကိုယ်တို့ သည်ကနေပဲ ပြန်လှည့်တော့မယ် ညီရေ..” တဲ့။ ကျမ နားထဲ မိုးကြိုး ပစ်သလိုပဲ။ လည်ချင် ပတ်ချင်လွန်းလို့ မဟုတ်ပါဘူး။

သူငယ်ချင်းတွေရှေ့ ကိုကို စိတ်တိုတာ ခံရလို့ ရှက်တာလည်း မဟုတ်ဘူး။ တကယ်က ကိုကို့ ကို သဘောထား သေးတယ်လို့ သူများ မြင်မှာ မခံနိုင်တာ။  ချက်ချင်းကြီး ပြန်မယ် ဆိုတော့ အားလုံးကလည်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားတာပေါ့။ စု လည်း ကျမ အတွက် စိတ်မကောင်း ဖြစ်သွားပုံရတယ်။ သူ  စ တဲ့ ပြဿနာ ဖြစ်သွားတာကိုးး။ ကိုလင်းက အရင်ဆုံး.. “ဘာ အဆင်မပြေလို့လဲ အကို..” “ကိုရန်နိုင်ရယ်.. ဟိုလေ.. ပိုးဥ တကယ်သောက်တာ မဟုတ်ပါ ဘူး.. စု နောက်လိုက်လို့ ဖြစ်သွားတာပါ..”  “အဲ့ဒါက သိပ်ပြဿနာ မဟုတ်ပါဘူး ညီမ.. အဓိက သူ့ အဝတ်အစားကြောင့်လေ.. ဒီနေ့က နောက်ဆုံးနေ့လည်း  ဖြစ်နေတော့ ခဏနေ ညနေပိုင်းရောက်လာရင် လည်တဲ့ ပတ်တဲ့သူ အများစုက သောက်ထား စားထားကြမှာ.. စောစောကပဲ ဖြစ်ပြီးပြီလေ..”  “ကို ကို့…”   “တိတ် တိတ် နေ…”  “အင်း အဲ့ဒါတော့ ဟုတ်တယ်.. ပြီးတော့ နင့်မှာ တဘက်တွေဘာတွေလည်း ပါတာ မဟုတ်ဘူး ပိုးဥ.. ဒီညနေက လူတိုင်း အပီ ကဲ  မှာ..” ကိုလင်း အစုတ်ပလုတ်၊ အဲ့အကောင်က ကူပြောမပေးတဲ့အပြင် ဝင်ထောက်ခံ နေသေးတယ်လေ။

စူပုပ်ကောက်ချိတ်နေတဲ့ ကျမ ကို တစ်ချက်မှ  လှည့်မကြည့်တဲ့ ကိုကိုက..  “သူလည်း ဒီလောက် ရေဒဏ်မခံနိုင်ပါဘူး.. စိုလိုက် ခြောက်လိုက်နဲ့.. တခါမှလည်း လည်ဖူးတာမဟုတ်.. ဖျားနာ နေမယ်.. တော် ရောပေါ့ ဒီလောက် ပျော်ရရင်..”  ကိုကို့ ကြည့်ရတာ သူ့ ဆုံးဖြတ်ချက်ကို ပြင်မယ့်ပုံ လုံးဝ မပေါ်တော့ဘူး။ နဂို ကတည်းက ကျမနဲ့ ပတ်သက်ရင် ဘယ်သူ  ဘာ ထင်ထင်လည်း သိပ်ဂရုစိုက်တတ်တဲ့သူ မဟုတ်တော့လေ။ ကျမလည်း ကိုကို့ကို ငိုမဲ့မဲ့ နဲ့ မော့ကြည့်မိတာပေါ့။ မပြန်ချင်သေးတာရယ်.. ကိုကို့ကို  သဘောထား သေးတယ်လို့ သူများ မြင်မှာရယ်.. နောက်နေ့ကျ မိစု လှောင်တာ ခံရတော့မှာရယ်.. စိတ်က ရှုပ်ယှက် ခတ်သွားတယ်။ မဆီမဆိုင် မြေကြီးကို  ခြေဦးထိပ်နဲ့ နင်းကန် ဖိပွတ်လိုက်၊ တဆတ်ဆတ် ကန်ထုတ်လိုက် လုပ်နေပစ်လိုက်တယ်။ ကိုကို ညှစ်ကိုင်ထားတဲ့ လက်ကိုလည်း ဘေးလူတွေ မမြင်သာ အောင် အံကျိတ်ပြီး မရမက ရုန်းတာပေါ့။ ရုန်းလေ တိုးညှစ်လေဆိုတော့ လက်ကလေးမှာ ထူပူနေအောင် နာတာ။

“ပြန်ဘို့ အဆင်ပြေပါ့မလား အကို.. ကျနော်တို့ ပြန်ပတ်မောင်းပေးရမလား.. စိမ်းစို ဘက်ကို..” “ရတယ် ညီ.. တကူးတက ဖြစ်နေမယ်.. ညီတို့ စီစဉ်ထားတဲ့အတိုင်း ဆက်သွားလိုက်ပါ..” “ကို ကို့..” “ပြောစကား နားထောင် ငယ်လေး.. မနက်ဖြန် သွားချင်တဲ့နေရာ တစ်ခေါက်ထပ်ပို့မယ်.. ဒီနေ့ အဖို့တော့ တော်သင့် ပြီ..”  ကျမ ဘယ်သူ့မျက်နှာမှ မကြည့်ချင်တော့လောက်အောင် စိတ်ပျက်သွားတယ်။ စိတ်ပျက်တာထက် ရှက်တာပါ။ တကယ်ပဲ စိတ်ရှိတိုင်းသာဆို မျက်စိ ရှေ့ရှိသမျှ အကုန် ရိုက်ခွဲ သောင်းကျန်း ပစ်ချင်တာ။ ဒီကြားထဲ ကျမ ကံဆိုးတယ်ပဲပြောရမယ်။ တက်ဆီတစ်စီး ကျမတို့နားမှာ လာရပ်တယ်လေ။ ကား သမားက ကားပေါ်က ဆင်းပြီး ဆေးလိပ်သောက်နေတယ်။ ကိုကို အကျင့်ပုပ်ကြီးက အဲ့ကားသမားနား သွားပြီး စကားပြောတယ်။ ကျမလက်ကို ဆွဲလျက်  တန်းလန်းကြီးနဲ့လေ။ ကျမအဖြစ်က စောင်းငန်း စောင်းငန်းနဲ့ ပါသွားရတာ မသိရင် ဈေးလည်ခေါင် ခါးပိုက်နှိုက်လို့ အဖမ်း ခံလာရတာ ကျနေတာပဲ။ လူက  ရှက်တာနဲ့ စိတ်ကောက်ချင်တာ ထူပူနေတော့ ကားဆရာနဲ့ ကိုကို ပြောနေကြတာတွေကို မကြားတချက် ကြားတချက်ပေါ့။ လေကြောရှည်တဲ့ ကားဆရာ  ပြောလိုက်ပုံက မျက်ခွက်ကြီး ဆွဲထိုးချင်စရာ။

“ကျနော်က ရေစိုတာတော့ မကြိုက်ဘူးဗျ.. ဒါပေမယ့် ကားမောင်းပြီး လျှောက်ကြည့်ရတာ သဘောကျလို့ သင်္ကြန်ရက်တိုင်း ကား ထွက်တယ်.. ခုလိုပဲ  ဆရာတို့လို ရေပက်ခံရင်း သီးသန့် နားချင်တဲ့ သူတွေ ရှိတော့လည်း ကျနော် ဆီဘိုးလေး ကျေတာပေါ့..”   သူပြောမှပဲ ကျမက သီးသန့် နားချင်တယ်ပဲ ဖြစ်ရ သေးတယ်။ သွားတောင် မသွားရသေးဘူး၊ နားစရာလား နော့လေ။ နောက်ဆုံးတော့ တက်ဆီပေါ်တက်ပြီး ကျမရဲ့ မဟာ့မဟာ သင်္ကြန်လည်ပွဲကြီး ပုံဆိုး ပန်းဆိုးနဲ့ နိဂုံး ချုပ်ရပါရောလား။ ကားပေါ်အတက်မှာ ကိုကို ကျမလက်ကို လွှတ်ပေးတယ်။ ထိုင်ပြီးမှ ငုံ့ကြည့်လိုက်တော့ လက်ကလေးဆိုတာ ရဲတွတ်ပြီး  နာနေလိုက်တာ အဲ့နေရာကို ထပ် အထိ မခံနိုင်တော့လောက်အောင်ပဲ။ ကျမက နဲနဲတော့ အကဲဆတ်တယ်ရှင့်။ အသားနာတာ လုံးဝ မခံနိုင်ဘူး။ ပုရွတ်ဆိတ်  ကိုက်ရင်တောင် နာလှပြီ ထင်တတ်လို့ အနာသက်သာအောင် ဆရာခိုလေးဖြစ်ဖြစ် တို့လိုက်ရမှ။ ကိုကိုက ကျမလက်ကို ဖွဖွလေး လာကိုင်တယ်။ ကျမ ရိုက် ထုတ်ပစ်လိုက်တာပေါ့။ “ဟိတ်..” လို့ တစ်ချက် ပြန်ဟန့်ပြီး ကျမ ပုခုံးကို ခပ်တင်းတင်း ဖက်လိုက်တယ်။ ဆိုလိုတာက ငြိမ်ငြိမ်နေစမ်း ဆိုတဲ့ သဘောပေါ့။  ကျမလည်း စိတ်ပေါက်ပေါက်နဲ့ ကျမ ပုခုံးပေါ်က ကိုကို့လက်ကို ကိုက်ဆွဲပစ်လိုက်တာပေါ့။ “အ.. ကျန်းးး ခွေးမလေး..” ကိုကို တော်တော်နာသွားမှာပါ။  ကျမ သွားမှာ အစွယ်သွားတက် ချွန်ချွန်လေးတွေ ပါတယ်လေ။ ရယ်လိုက်ရင် အင်မတန် ချစ်စရာကောင်းသလို စိတ်တိုလို့ ကုန်းကိုက်ရင်လည်း အရမ်းကို  ထိရောက်သပေါ့ရှင်။

လက်မှာ အကွင်းလိုက် သွားရာကြီးပေါ်လာပေမယ့် ကိုကို့ ကြည့်ရတာ ပြုံးစိစိနဲ့။ ကျေနပ်နေမှာပေါ့ သူ အနိုင်ရသွားတာကိုး။ အဲ့ဒီ မထိတထိ မျက်နှာပေး ကြောင့် ကျမ ဒေါသ ပိုထွက်သွားတယ်။ ကိုကို့ကို တစ်ခုခု ထပ်မလုပ်ရရင် ကျမ ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူးလေ။ ကားထဲ မျက်လုံးကစားကြည့်တော့  Driver seat နောက်က ကပ်အိတ်ထဲမှာ ရေသန့်ဗူးလွတ်တစ်ခု။ အဲ့ ဗူးကို ခပ်မြန်မြန်ဆွဲထုတ်ပြီး ကိုကို့ လက်မောင်းတွေ၊ ရင်အုပ်တွေ၊ ပေါင် နှစ်ဘက်၊  မျက်နှာနဲ့ ခေါင်းကလွဲရင် ကျန်တဲ့နေရာ အကုန် ရိုက်ပစ်လိုက်တယ်။ ဗူးကလည်း အလွတ် ဆိုတော့ တဘုန်းဘုန်း တဂွပ်ဂွပ်နဲ့ ရိုက်လို့ ကောင်းမှကောင်း။  ကိုကိုက “ဟေ့ဟေ့.. အာ..” ဆိုပြီး လက်နဲ့ ဟိုကာ သည်ကာ ကာတယ်။ ကားဆရာက ဘက်မှန်ကနေ လှည့်ကြည့်တယ်။ ကျမ မရှက်ပါဘူး။ ရှက်ချင်းရှက်  ကိုကို ရှက်ရမှာ။ သူစိမ်းယောကျၤားချင်းရှေ့မှာ ကိုယ့်ကောင်မလေးက ရိုက်တာ ခံရတာလေ။ ဒါပေမယ့် အဲ့ကားဆရာက နောက်နေ့ပြန်တွေ့မယ့်လူ  မဟုတ်ဘူး။ ကျမကမှ နောက်နေ့ကျ သူငယ်ချင်းတွေ လှောင်တာ ခံရဦးမှာ။ တွေးကြည့်ရင် ကျမ ဘက်က အများကြီး နာသေးတယ်။ ဒီတော့ ထုတယ်.. ရေ သန့်ဗူး ပိန်ရှုံ့သွားတဲ့ထိ စိတ်ရှိလက်ရှိကို ထုတယ်.. ဘာဖြစ်လဲ။

အဲ့နောက်တော့ ကိုကိုက ရေသန့် ဗူးကို ဆောင့်ဆွဲ ယူပြီး နောက်ခန်းထဲ ပစ်ချလိုက်ရော။ ဝုန်းဒိုင်းကျဲနေတဲ့ ကျမကိုလည်း အတင်း ဆွဲပြီး ဖက်လိုက်ပါလေ ရော။ ဖက်တာ မဟုတ်ဘူး၊ ချုပ်လိုက်တာလို့ ပြောမှ မှန်မှာ။ ဘာလို့ဆို ညင်ညင်သာသာ မှမဟုတ်ဘဲ။ ကျမ ကိုယ်လုံးလေးကို တအားကြီး ညှစ်ထားလိုက် တာများ အသားတွေ စိစိညက်ညက်ကျေမတတ်၊ အရိုးတွေ ကျိုးမတတ်ပဲ။ တင်စား ပြောရရင်တော့ ကျမတို့ ချစ်သူနှစ်ယောက် တက်ဆီပေါ် နပမ်း သတ် ကြတယ်ပေါ့ရှင်။ ကျမလည်း ရုန်းလိုက်တိုင်း နာတာရယ် စောစောက စိတ်ရှိလက်ရှိ ထုထားလို့ အားက ကုန်နေတာရယ်နဲ့ လူက တော်တော် မောနေပြီလေ။  စိတ်ကတော့ မလျှော့ဘူး။ စိမ်းစိုရောက်လို့ သည်ကားပေါ်က ဆင်းတာနဲ့ တွေ့ကရာ တစ်ခုခု ကောက်ပြီး ထပ်ကို ထုဦးမယ်။ ခုတော့ ကိုကို့ ရင်ခွင်ထဲ နုံးချိချိ နဲ့ အားပြန်မွေးနေလိုက်တယ်။

ကျမ မောပြီး ငြိမ်ကျသွားတဲ့ အချိန်မှာ ကိုကိုက ကားဆရာကို လိပ်စာတစ်ခု ရွတ်ပြတယ်။ စိမ်းစိုဘက် မသွားတော့ဘူး ဆိုပြီး။ ကိုကို ရွတ်ပြတဲ့ လိပ်စာက  အရင် ဖေဖေ့ လက်အောက်မှာ ကိုကိုနဲ့တူတူ အလုပ်လုပ်သွားတဲ့ နိုင်ငံခြားသား ဝန်ထမ်းတစ်ယောက်ကို ငှားပေးထားတဲ့ အခန်းလေ။ နိုင်ငံခြားသားက  စာချုပ်ပြည့်လို့ ပြန်သွားပြီ ဆိုတော့ အဲ့အခန်းက လွတ်နေတာ။ အခု ကိုကိုက အဲ့ကို သွားမယ်တဲ့။ ဒါဆို ကိုကို ကျမကို အိမ်ပြန်မပို့သေးဘူး ဆိုတဲ့ သဘော ပေါ့။ ကိုကို့ မျက်နှာကို ကျမ ခိုးကြည့်လေး ကြည့်လိုက်မိတယ်။ မျက်နှာကြီးက တည်တည်ကြီး။ နှုတ်ခမ်းကို တင်းတင်း စေ့ပြီး ကျမကို ပြန်ငုံ့ကြည့်လိုက်တဲ့  ကိုကို့ မျက်ခုံးတစ်ဘက် ဆတ်ကနဲ ပင့်တက်သွားသလိုပဲ။ ကိုကို့ရဲ့ စူးရှရှ အကြည့်တွေထဲမှာ တစ်ခုခု ပျော်ဝင်နေမှန်း ကျမ သေသေချာချာ သိလိုက် တယ်။ ကျောထဲက စိမ့်ကနဲ ဖြစ်သွားတဲ့ ခံစားချက်က မခြောက်တခြောက် ဖြစ်နေတဲ့ အဝတ်အစားတွေကြောင့်လို့တော့ ကျမ မထင်မိဘူး။ အသားကုန် စူ ပုပ်ပြီး ထော်ထွက်ထားမိတဲ့ နှုတ်ခမ်းကို စုချွန်ပြီး ကျမ ပြန်သိမ်းလိုက်မိတယ်။ တထိတ်ထိတ်နဲ့ ခုန်နှုန်းမြင့်လာတဲ့ ကျမ နှလုံးသားတွေက ကိုကို့ကို ကြောက် လို့တော့ မဟုတ်လောက်ဘူး ထင်တာပဲ။ ဒါဆို ကျမ.. ကျမ ဘာဖြစ်သွားတာလဲ..။ ကိုကိုကကော လူမနေတဲ့ အခန်းလွတ်တစ်ခုကို ခေါ်သွားပြီး.. ကျမ ကို.. ?  ? ?

(၉)     ကားပေါ်က ဆင်း၊ ဓါတ်လှေကားထဲ ဝင်၊ အခန်းရှေ့ ရောက်တဲ့ထိ ကိုကို ကျမ လက်ကို မလွှတ်ဘူး။ လှည့်လည်း မကြည့်၊ စကားလည်း မပြော။ ကျမ  စိတ်တွေကတော့ အရမ်းကို မငြိမ်မသက် ဖြစ်နေပြီပေါ့။ စိတ်ကောက်ကလည်း မပြေချင်သေးတော့ စောင်ပေပေ လုပ်ရင်း ကိုကို့ မျက်နှာကို ကျမ ခိုးခိုး  ကြည့်မိတယ်လေ။ အတွေးထဲမှာ စိတ်ဆိုးတာတွေ ထုချင် ရိုက်ချင်တာတွေထက် ကိုကို နဲ့ နှစ်ယောက်တည်း အခန်းလွတ်တစ်ခုမှာ ဆိုတာကိုပဲ ထပ်တလဲလဲ  တွေးနေမိတယ်။ ဟိုးတုန်းက မိုး ညနေလေးကိုလည်း ပြန်မြင်ယောင် နေမိတာပေါ့။ အဲ့တစ်ရက်လေး နောက်ပိုင်း ကိုကို လည်း ဖေဖေ နဲ့အတူ  အလုပ်ထဲမှာ နစ်၊ ကျမလည်း ကျောင်းစာတွေနဲ့ လုံးထွေး။ ဒီကြားထဲ မိဘက တရားဝင် ခွင့်ပြုထားပြီ ဆိုတော့ ကျမတို့ အနေအထိုင်က နေရင်းထိုင် ရင်း စည်းတစ်ခုအောက်ကို ရောက်သလို ဖြစ်နေခဲ့တာ။

အခန်းတံခါး ဖွင့်ခါနီးတော့ ကိုကိုက ကျမလက်ကို လွှတ်ပြီး မျက်နှာချင်းဆိုင် ရပ်တယ်။ ပုခုံးနှစ်ဘက်ကို ကိုင်လိုက်တော့ ကျမ မော့ကြည့်မိတာပေါ့။ တင်း တားထဲ့ ကျမ နှုတ်ခမ်းလေး မသိမသာ ဟ မိသွားတယ်။ ဟိုလေ.. ကျမ စိတ်ထဲ ကိုကို ကျမကို နမ်းမလို့များလားလို့ပါ။ ဒါပေမယ့် ကျမ ထင်တာ မှားသွား တယ်။ ကျမကို စိုက်ကြည့်နေတဲ့ ကိုကို့ မျက်နှာထားက တကယ့်ကို ခါးပိုက်နှိုက်ဖမ်းလာတဲ့ ရဲလိုလို၊ စာခိုးချတဲ့ကျောင်းသူကို ရိုက်တော့မယ့် ဆရာ လိုလို။  ကျမရဲ့ ရင်ခုန်သံဒီလှိုင်းတွေ တက်လိုက်ကျလိုက် ဖြစ်နေပြီ။ ကိုကို နဲနဲတော့ လွန်သလားလို့လေ။ တကယ်ဆို ကျမကို ခပ်ကြမ်းကြမ်း နမ်းလိုက်ပါတော့လား နော်။ ကိုကိုက ကျမ ပုခုံး နှစ်ဘက်ကို တွန်းလိုက်တယ်။ နံရံနဲ့ ကျောနဲ့ ကပ်သွားရော။ အဲ့အချိန်ထိ ကျမ မျက်လုံးတွေကို ကိုကို စိုက်ကြည့်နေတုန်း။ အသုံးမ ကျတဲ့ ကျမလေ.. အဲ့အချိန်ထိ ကိုကို့ အနမ်းကို မျှော်မိနေတုန်း သိလား။ ပုခုံးနှစ်ဘက်ကို တင်းတင်း ညှစ်ကိုင်ရင်း ကျမကို နမ်းလိုက်မလားပေါ့။ ကိုကို့  မျက်နှာ တဖြေးဖြေး ငုံ့လာတယ်။ ကျမ လက်ဖျားလေးတွေ အေးစက်စက် ဖြစ်လာ သလိုလိုပဲ။

၂၁ ရာစုရဲ့ ချစ်သူနှစ်ဦးကြားမှာ နွေးထွေးစိုစွတ်တဲ့ အနမ်းလောက်ကတော့ ထူးဆန်းတဲ့ အရာ မဟုတ်ဘူး မဟုတ်လားဟင်။ ဒါပေမယ့်လေ.. ကျမ အတွက် တော့ ကိုကို့ အကြည့်တိုင်း အနမ်းတိုင်းက ရင်ဖိုမှု အသစ်တွေကို ပေးနေတုန်းပဲ။ စူးစူးစိုက်စိုက် ကြည့်နေတဲ့ ကိုကို မျက်ဝန်းတွေနဲ့ ကိုကို့ အထိအတွေ့တွေ က ကျမအတွက်တော့ ဘယ်တော့မှ ရိုးမသွားဘူး။ ကျမ မျက်လုံးလေး မှေးစင်းသွားတယ်။ ထူထူပြည့်ပြည့် နှုတ်ခမ်းလေးတွေလည်း မကြာခင်ရွာတော့မယ့်  အနမ်းမိုးရေတွေ သောက်သုံးဘို့ အဆင်သင့် ဖြစ်နေပြီပေါ့။ အဲ့ဒီအချိန် ကျမ နားထဲမှာ ပီပီသသ ကြားလိုက်တဲ့ ကိုကို့ အသံ။ သိပ်မကျယ်ပေမယ့်  တိုးတိုး ဖွဖွလေးတော့ မဟုတ်ပါဘူး။ “လက်ပိုက်ပြီး နံရံမှာ ကပ်နေ.. လုံးဝ မလှုပ်နဲ့..” တဲ့။ ကြည့်စမ်း.. ကျမ ရှက်လိုက်တာ။ ခပ်ဟဟလေး ပွင့်အာပြီး ရှိုက် နမ်းမှု တစ်စုံတစ်ရာကို မျှော်နေမိနဲ့ နှုတ်ခမ်းလေး တဆတ်ဆတ် တုန် သွားတယ်။ နှာသီးဖျားလေးလည်း နွေးတက်လာတယ်။ ကျမ ငို မိတော့မယ် ထင် တယ်။ ကိုကို အရမ်း ရက်စက်တာပဲ။ တံခါး ဖွင့်ပြီးသွားတော့ ကျမလက်ကို လာပြန်ဆွဲခေါ်တယ်။ ကျမ အားရှိသလောက် ပေကပ်ပြီး နံရံနဲ့ ကျောနဲ့ မကွာ အောင် ရပ်နေပစ်လိုက်တာပေါ့။ ကျမက စနေသမီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမ ဒေါသထွက်လာရင် စနေ ခုနစ်ယောက်စာလောက်ကတော့ အသာ လေးပဲ။

“လာလေ..” “……….” ကျမ ဘာမှ ပြန်မပြောဘူး။ လက်ပိုက်လျက်နဲ့ပဲ ကိုယ်ကို လှည့်ပြီး ရုန်းပစ်လိုက်တယ်။   “ငယ်.. ဘာဖြစ်နေလဲ.. ကိုကို စိတ်မတိုချင် ဘူးနော်.. လာ..”    “လာ ဘူးးး..” တိုချင်တို မတိုချင်နေ။ ကျမ အော်ပစ်လိုက်တယ်။    “အာ ကွာ.. လာ စမ်း…” ဆိုပြီး ကျမကို စွေ့ကနဲ ကောက်ပွေ့ ပြီး  အခန်းထဲ ဝင်သွားရော။ “ချ ပေးးး.. ခု ချ ပေးး.. မုန်း တယ်.. ကိုကို့ ကို အရမ်း မုန်းတယ်…”  “ဘယ် လို ဖြစ် နေလဲ ဒီကောင်မလေး..”   အဲ့လိုနဲ့ပဲ ကိုကို ချီခေါ် သွားတဲ့နောက် ကျမ ပါသွားတယ် ဆိုပါတော့။ လူက အတင်းဇွတ် ရုန်းကန်နေပေမယ့် ကျမ ကျေနပ်နေမိတယ် သိလား။ ကိုကို့ ရင်ဘတ်ကို တဘုန်းဘုန်း ထု  ရတာ.. ကိုကို့ရင်ခွင်ထဲမှာ ကလေးဆိုးလေး တစ်ယောက်လို ကော့လန်ပြန်ပြီး အော်ငိုရတာ.. နောက်ပြီးတော့ ကိုကို လုံးဝ မကြိုက်တဲ့ မုန်းတယ် ဆိုတဲ့ စကားကို စိတ်ထဲက မပါဘဲ ထပ်ခါထပ်ခါ ပြောရတာ.. ကျမ အရမ်းပျော်တာပဲ။ ချပေးလို့ အော်နေပေမယ့် ကိုကို တကယ် လွှတ်ချလိုက်မှာ တော့ မလိုချင် ဘူး သိလား။ အာ့ကြောင့်မို့လို့ ကိုကို့ လက်မောင်းကို ကျမ ကိုက်မဆွဲတာလေ။ မတော်တဆ လွှတ်ချလိုက်မှာ စိုးလို့။ အဲ့လိုနဲ့ အိပ်ခန်းထဲရောက်တော့ ကု တင်ပေါ် ကျမကို ဖွဖွလေး ချပေးတယ်။ တော်ပါပြီ.. ဘာမှ မလိုချင်တော့ဘူး။

သိပ် ချစ်တတ်တဲ့ ကိုကို မို့လေ – ဇာတ်သိမ်း  SnowFlake (နှင်းလွှာ) ရေးသား၍ အချစ်တက္ကသိုလ် မှ ကူးယူသည်။  ခုချိန်မှာ ကိုကို့ကို ကန့်လန့်တိုက်ဘို့က  လွဲပြီး ဘာမှ မလိုချင်တော့ဘူး။ ကိုကိုက ကျမကို ကုတင်ပေါ် ချပေးပြီး အနားက အဝတ်ဘီဒိုကို ဖွင့်တယ်။ ဘီဒိုထဲမှာ အဝတ်အစား နဲနဲ ရှိနေပုံထောက်တော့  ဟိုနိုင်ငံခြားသား အပြီး ပြန်သွားတာ မဟုတ်သေးလို့ပဲလား။ ဒါမှ မဟုတ် မသယ်ချင်တော့လို့ ထားပစ်ခဲ့တာလားပေါ့နော်။ ကိုကိုက သပ်သပ်ရပ်ရပ်  ခေါက်ထားတဲ့ အဝတ်တွေထဲက ညဝတ်စုံလိုလို တစ်စုံကို ထုတ်ပြီး.. “ထ.. ရေ အရင် ချိုးချလိုက်.. ပြီးရင် ဒါ ဝတ်ထား..”  “မဝတ်ချင်ဘူး.. သူများဟာကြီး  ရွံတယ်..”  “မဝတ်လို့ ရေစိုကြီးနဲ့ ဘယ်လိုလုပ်နေမလဲ..”  “အိမ် ပြန် ပို့..”  “မပို့ ဘူး.. ထ အခု..”  ပြန်ပို့လို့သာ ပြောတာပါ။ တကယ်က ကျမ မပြန်ချင်သေး ဘူး။ ခက်တယ်နော်။ ကျမ အဖြစ်က ကိုယ့်ကိုကိုယ်တောင် နားမလည်တော့အောင်ပဲ။ ကျမ ဘာမှ ထပ်မပြောဘဲ ထ လိုက်တယ်။ ပြန်ပို့လို့ ထပ်ပြောလိုက် ရင် တကယ် ပြန်ရမှာ စိုးလို့လေ။ ချထားတဲ့ ဝတ်စုံကို ယူကြည့်လိုက်တယ်။ ယောကျၤား ညဝတ်စုံ ဆိုတော့ သိကြတဲ့အတိုင်း ရှပ်အကျီနဲ့ ဘောင်းဘီရှည် ပေါ့။ အကျီကို ကောက်ကိုင်ပြီး နမ်းကြည့်မိတယ်။ သူစိမ်းယောကျၤားတစ်ယောက် အကျီကြီးတော့ ကျမ တကယ် မဝတ်ချင်တာပါ။ ဒါပေမယ့် မတတ်နိုင် ဘူးလေ။ ကျမ အကျီက ခြောက်နေပြီ ဆိုပေမယ့် ဘီယာဗူး မှောက်ကျထားတော့ ချဉ်စုပ်စော် နံနေတာကိုး။ ကျမလည်း အနံ့ မခံနိုင်လို့ လဲဝတ်ချင်နေတာ ပါ။ သေသေချာချာ လျှော်ဖွပ်ပြီး မီးပူတိုက်ထားတော့ သူများဟာ ဆိုပေမယ့် မသတီစရာ မကောင်းလှပါဘူး။ အကျီကို ရင်ဘတ်မှာ ကပ်ကြည့်တော့ အရှည် က ပေါင်လယ်လောက်ထိ ရောက်နေတယ်။

ကျမ စိတ်ထဲက တွေးမိသွားတယ်။ အောက်က ဘောင်းဘီရှည်ကြီး မဝတ်လည်း ရတာပဲ။ ဘောင်းဘီကို မကိုင် ချင်ကိုင်ချင် ကိုင်ကြည့်လိုက်တော့ ကိုကိုက..  “ဟေးး.. သူများ ဘောင်းဘီတော့ မနမ်းနဲ့လေ.. ” ကျမလည်း အဲ့လောက်တော့ သိပါတယ်။ ဝတ်ဘို့တောင် စိတ်မကူးပါဘူး ဆိုမှ။ ဒါပေမယ့် ကိုကို့ကို  ရွဲ့ချင်သွားလို့ နမ်းဖြစ်အောင် နမ်းပစ်လိုက်တယ်။ နမ်းတာမှ ဂွကြားနေရာကို အားရပါးရ နမ်းပစ်တာ။ “ဟာ.. ဒီကောင်မလေး.. ကျွတ်..” ကိုကို တကယ် ဒေါ ကန်သွားပြီ။ ဝမ်းသာလိုက်တာ။ ကျမလက်ထဲက ဘောင်းဘီကို ဆောင့်ဆွဲပြီး အနားက အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်တယ်။ ကျမ အသည်းထဲ စိမ့်ကနဲပဲ။  အကျီလေး ကောက်ယူပြီး ရေချိုးခန်းထဲ ခပ်တည်တည် ဝင်သွားလိုက်တယ်။ ကိုကို ဦးဒေါသ မျက်မှောင်ကြီး ကျုံ့ပြီး တရှုးရှုးနဲ့ ခါးထောက်ကြည့် ကျန်ခဲ့ လေရဲ့။ ရေချိုးခန်း ထဲက မှန်ပေါ်မှာ မထိတထိပြုံးနေတဲ့ ကျမ မျက်နှာလေး။ ပျော်လိုက်တာ အရမ်းပဲ။ ပျော်လွန်းလို့ ရေပန်းအောက်မှာ သီချင်းလေး ညည်း ရင်း ဖင်ပြောင်ပြောင် ဝိုင်းဝိုင်းလေး ခါခါပြီး က လိုက်သေးတယ်။ ခုလောက်ဆို အပြင်ကလူကြီး မီးတောက် နေလောက်ပြီ။ ရေပန်း ပိတ်ပြီး ကိုယ်ကို  တဘက်ကြီးနဲ့ ပတ်၊ ဆံပင်တွေ ခပ်သွက်သွက် သုတ်။ အဲ့အချိန်မှာ မျက်လုံး အကြည့်က အနားက ကပ်ဘီဒိုလေးဆီ ရောက်သွားတယ်။ ကျမရဲ့ အကျင့်ဆိုး တွေထဲမှာ စပ်စုတာ ထိပ်ဆုံးကလေ။ အနားသွားပြီး ဘီဒိုလေးကို ဖွင့်ကြည့်လိုက်တာပေါ့။

ဘီယာဗူးတွေ အရက်ပုလင်းတွေ တွေ့လိုက်ရလို့ ကျမ အံ့သြသွားတယ်။ ထူးဆန်းတယ်နော်။ တကယ်ဆို ဒါတွေက ထမင်းစားခန်းမှာ ရှိသင့်တာ မဟုတ်ဘူး လား။ ဘယ်လိုပါလိမ့်လို့ တွေးရင်း ခေါင်းလေးတစ်ချက် စောင်းလိုက်မိတယ်။ ကျမ ခေါင်းထဲ လက်ကနဲ အတွေးတစ်ခု ဝင်လာတယ် သိလား။ ကိုယ့် အတွေးကိုယ် သဘောကျလို့ ဘီယာဗူးကို လှမ်းယူတဲ့ လက်တွေ တုန်နေလေရဲ့။ ဗူးကို ခပ်သွက်သွက်ဖောက်၊ ဘေစင်ထဲ သွန်ချ၊ ရေနဲ့ ကျင်းဆေး၊ ပြီးတော့  ရေ ပြန်ထည့်.. ခိခိ။ ကျမ ဘာကြံစည်လိုက်တာလဲ ရိပ်မိကြတယ် မဟုတ်လား။ တစ်ငုံသောက်ကြည့်တော့ ချဉ်စုတ်စုတ် နံနေပေမယ့် ကျမ ကောင်းကောင်း  မျိုချ နိုင်တယ်ရှင့်။ ပျော်လွန်းလို့ လက်သီးလေး ဆုပ်ပြီး မှန်ထဲက ကိုယ့်ကိုယ်ကို Fighting လုပ်ပြလိုက်သေးတယ်။ ပြီးရင် အပြင်မှာ ဆက်ပြီး ဦးစိတ်တိုနဲ့  Fighting လုပ်မယ်.. ကျမက မျောက်ညိုပေါ့.. ခိ ခိ ခိ။

အကျီဝတ်ပြီး မှန်ထဲ ကြည့်လိုက်တော့ ပေါင်လည်လောက် ရောက်တဲ့ အကျီ ကို့ယို့ကားယားကြီးအောက်မှာ အတွင်းခံ မပါတဲ့ ကျမ ကိုယ်လုံးက အရမ်းကို  ဆက်ဆီဖြစ်နေပြီ။ ရှပ်အကျီလည်ပင်းကလည်း ညဝတ်စုံဖြစ်တာရယ်၊ နိုင်ငံခြားသား ဝတ်တဲ့ ဆိုဒ် ဆိုတော့ အပေါ်ဆုံး ကျယ်သီးကတင် ကျမ ရင်ညွန့် ဝင်း ဝင်းလေး မထိတထိပေါ်လို့။ နောက်ပြီး အကျီက ချည်သား၊ အရောင်ကလည်း အဖြူခံပေါ်မှာ ခပ်ကျဲကျဲ ခဲကွက် မှိန်မှိန်လေးတွေနဲ့ ဆိုတော့လေ.. ကျမရဲ့  ပေါက်ဆီလေး နှစ်လုံးပေါ်က ဟိုဟာလေး နှစ်ခုက သိသိသာသာ မြင်နေရတာပေါ့။ သိလား.. ကျမရဲ့ အဲ့ဟာလေးတွေက ပုစိကွေး မဟုတ်ဘူးရှင့်။ ထန်း ညက်ခဲ ခပ်သေးသေး လောက်တော့ရှိတယ်။ ပြီးတော့ ကျမ အသားအရည်က အဝါရောက်ဘက်သမ်းတဲ့ အဖြူမျိုး မို့လားတော့ မသိဘူး။ ကျမရဲ့ ချိုသီးလုံး လေးတွေက ပန်းရောင် မဟုတ်ဘူး။ တကယ့် ထန်းညက်ခဲလို ဝါညိုညို အရောင်လေးတွေ။

(၁၀) ရေချိုးခန်းထဲက ထွက်လာတဲ့ ကျမကို လှမ်းကြည့်လိုက်တဲ့ ကိုကို မျက်မှောင်ကြီးက ကျုံ့နေတုန်း။ ကိုကိုလည်း ရေချိုးထားပြီးပြီ ထင်ပါရဲ့။  အားကစားဘောင်းဘီ တစ်ထည်ဝတ်ထားပြီး ရေစိုဆံပင်ကို တဘက်အသေးနဲ့ သုတ်နေတယ်။ အပေါ်ပိုင်းက ဗလာကျင်း နေတဲ့ ကိုကို့ကို ကြည့်ပြီး ကျမ  တချက်ငေးမိသွားတယ်။ မိုး ညနေ.. ကျမအတွက် ဒီနေ့ညက ဒုတိယ မိုး ညနေ များလား။ နောက်ပြီး ကျမရဲ့ အနေအထားကလည်း တင်ပါးဖုံးရုံသာသာ ရှပ် အကျီ တစ်ထည်တည်းနဲ့။ ကျမ ကိုကိုရှေ့ရောက်ရမှာ တကယ် မရဲတရဲ ဖြစ်သွားတယ်။ ကိုကို့ကို စိတ်တိုအောင် ထပ်လုပ်ဘို့ ရည်ရွယ်ပြီး ကိုင်လာတဲ့  ဘီယာဗူးလေးက ကျမ လက်ထဲမှာ တဆတ်ဆတ် တုန် လို့ပေါ့။ လက်ကို နောက်ကျောမှာ ဖွက်ထားလို့ ကိုကို မမြင်သေးဘူး။ ကျမ ပေါင်လေးနှစ်ဘက်ကို  ခပ်လိမ်လိမ်လေး ပူးကပ်ပြီး ရေချိုးခန်းပေါက်ဝမှာ ရပ်နေမိတယ်။ လူတစ်ကိုယ်လုံးက ဟာလာဟင်းလင်း ဖြစ်နေသလိုပဲ။ “လာ.. ခေါင်း သုတ်ပေးမယ်..”  ကိုကို့ကြည့်ရတာ စိတ်တိုနေသေးပုံပဲ။ ကျမကို လှမ်းခေါ်လိုက်ပေမယ့် မျက်မှောက်က ကျုံ့ထားတုန်း။ ကျမလည်း လက်ထဲက ဘီယာဗူးကို ခုမှ သတိရသွား တယ်။ ကိုကို့ကို ဆွချင်သေးပေမယ့် ဘာဆက်လုပ်ရမယ်မှန်း ကျမ မစဉ်းစားတတ်တော့ဘူး။ အနားမှာ တင်စရာ ခုံကလည်း မရှိ။ အောက်ပစ်ချလို့လည်း  မရ။ အဲ့အချိန် ကျမ စိတ်တွေ ယောက်ယက်ခတ်သွားတယ်။ ကိုကို့ကို ကြောက်တာ ဟုတ်ပါဘူး။ ကျမ တံတွေးတစ်ချက် မြိုချလိုက်မိတယ်။

ရေသောက် ချင်လိုက်တာ။ လက်ထဲက ဘီယာဗူးထဲမှာ ရေတွေရှိသားပဲ။ ကျမ သောက်လိုက်ရင်ကောင်းမလား။ လူက တကယ် ချီတုန် ချတုန်နဲ့။ ထူးပါဘူး နော်။  စောစောတည်းက လုပ်ချင်လို့ကို ရည်ရွယ်ခဲ့ပြီး ခုမှ ဘာလို့ မဝံ့မရဲဖြစ်နေလဲ။ ဘီယာလေး သောက်တာလောက်ကို ပုံကြီးချဲ့ချင်နေတဲ့လူကြီး၊ သူငယ်ချင်း တွေ ရှေ့မှာ ကျမကို ရှက်အောင် လုပ်တဲ့လူကြီး၊ ကျမ အရမ်းလိုချင်နေတဲ့အချိန် အနမ်းတွေ မပေးဘဲ ညှင်းဆဲတဲ့လူကြီး၊ မကျေနပ်ချက်တွေ စု ပြုံ တွေး လိုက်တော့ လက်က အလိုလို ရဲ သွားပြီ။ ခပ်တည်တည်နဲ့ မော့ချလိုက်တယ်။ ဘီယာဗူးထဲက ရေတွေ တကျိုက်ပြီး တကျိုက်။ “ပိုးပုလဲဥ…”  အော်သံနဲ့အတူ သောက်နေတဲ့လက်ကို ဆတ်ကနဲ ဆောင့်ဆွဲ ခံလိုက်ရတဲ့ ကျမ၊ လက်ထဲက ဘီယာဗူးလည်း ပြုတ်ကျသွားတယ်။ အခန်းထဲမှာ မွေးပွ  ကော်ဇော ခင်းထားတော့ ဗူးထဲမှာ နဲနဲကျန်နေတဲ့ ရေတွေက ချက်ချင်းကိုပဲ ကောဇောထဲ စိမ့်သွားပါလေရော။ ကျမသောက်လိုက်တာ ဘီယာ မဟုတ်ပါဘူး  ဆိုတဲ့ သက်သေ မရှိတော့ဘူး။ ကိုကို တကယ်ကြီး စိတ်ဆိုးသွားပြီ။ ကျမလည်း ကျောထဲ စိမ့်တက်လာအောင် လန့်သွားတယ်။ ကိုကိုက ကျမလက်ကို  အစောတုန်းကလို ဆောင့်ဆွဲပြီး ကုတင်နားထိ ခေါ်လာတယ်။ ပြီးတော့ ကျမလက်ကို လွှတ်ပြီး အိပ်ခန်း အပြင်ကို ထွက်သွားရော။ ကျမလည်း ပေ ကြောင်ကြောင်နဲ့ ရပ်နေရင်း ပြောမကောင်းရင် ရောက်တဲ့အရပ်မှာ ဆွဲရိုက်ပစ်လို့ မေမေ မှာလိုက်တာ သွားသတိရမိတယ်။ ကိုကို တကယ်ပဲ ကျမကို ရိုက်မ လို့ တုတ်သွားကောက်သလား မသိ။ ခိခိ အာ့လိုတွေးလိုက်တော့ ရယ်ချင်သွားရော။ နောက်ပြီး ထူးထူးဆန်းဆန်း ကျမ တွေးမိတာကလေ.. ကိုကို တကယ် ရိုက်ရင် ကောင်းမှာပဲလို့။ တကယ်တမ်း ကျမက မိန်းမတွေကို ရိုက်တတ်နှက်တတ်တဲ့ ယောကျၤားမျိုးဆို အရမ်း မုန်းတာပါ။ ဒါပေမယ့် ဒီနေ့ အဖို့ ဘာဖြစ် နေမှန်း ကျမကိုယ်ကျမ နားမလည်တာ အမှန်ပဲ။

အခန်းထဲကို ပြန်ဝင်လာတဲ့ ကိုကို့ လက်ထဲမှာ သားရေကြိုးပြားတစ်ခု ပါလာတယ်။ မြတ်စွာဘုရား.. ကိုကို ကျမကို ကြိုးတုပ် ရိုက်တော့ မလို့လား။ အဲ့ လောက်ကြီးတော့ မလုပ်ရက်လောက်ဘူး ထင်တာပဲ။ ကျမ စိတ်တွေ ထိန်းမရတော့ဘူး။ အရိုက်ခံရတော့မှာ သိသိကြီးနဲ့ ပျော်သလိုလို ငိုချင်သလိုလို၊  နောက်တစ်ခု ထူးဆန်းတာက ကျမ ပိပိလေး ယားကျိကျိ ဖြစ်လာတယ်။ တကယ့်ကို ဘာမှ မဆိုင်တာပဲနော်။   “တော်တော် အရွဲ့ တိုက်ချင်နေတယ်  ဟုတ်လား..”  “………….”  “မ လိုက် အကျီကို..”   ကျမ ရင်တွေ အရမ်း ခုန်နေပြီ။ ကိုကို့ကိုတော့ မထီမဲ့မြင်ရုပ်နဲ့ ကြည့်နေမိသေးလား မသိဘူး။ ပြောတဲ့ အတိုင်း အကျီကို မ ဘို့ ကြိုစားလိုက်တယ်။ လက်က မရဲဘူး။ ကိုကိုနဲ့ ကျမ ပထမအကြိမ် ရင်းနှီးမှု တုန်းက မိုးခြိမ်းသံတွေ၊ မီးပြတ်သွားတာတွေက  အလိုလို တွန်းပို့လို့ အကုန်လုံး သူ့ဘာသူ ဖြစ်သွားတာလေ။ ပြီးတော့ အဲ့တုန်းက ကိုကိုက အရမ်းကြင်နာတယ်။ ကျမကို သိမ်မွေ့တဲ့ အနမ်းတွေနဲ့ ဆွဲခေါ်သွား တာ။ ပထမဆုံး တွေ့အကြုံမို့ ကျမ အတွက် နာကျင်မှုမဆိုစလောက်လေး ရှိခဲ့ပေမယ့် ကိုကို ဦးဆောင်သွားတဲ့ နောက်ကို ကျမ မြောပါသွားခဲ့တယ်။ ခုကျ တော့… ကျမ သိပ်များများ မစဉ်းစားတော့ပါဘူး။ ရှက်စရာလည်း လိုမှ မလိုပဲနော်။ ကိုကို ပေးခဲ့ဖူးတဲ့ အချစ်ရဲ့ အရသာကို တစ်ယောက်တည်း အကြိမ်ကြိမ် ဖြေသိမ့်ခဲ့ရတယ်လို့ ကျမပြောခဲ့သားပဲ။ ခုလည်း မျက်စိ စုံမှိတ်ပြီး အဲ့ အရသာကို ပြန်တွေးရင်း ကျမ ဝတ်ထားတဲ့ မတော်တရော် အကျီကြီးကို ဆွဲမ လိုက် တယ်။ တင်သားပေါ်က အေးကနဲ ခံစားချက်နဲ့ အတူ ကိုကို့ရှေ့မှာ ဖင်လေးလှန်ပြီး ရပ်နေမိပါလား ဆိုတဲ့ အသိစိတ်က ကျမ သွေးသားတွေကို ပွက်ပွက် ဆူ လာစေတာ အမှန်ပဲ။ ကိုကိုက သားရေကြိုးပြားကို နှစ်ခေါက် ခေါက်ပြီး ကျမ တင်သားပေါ် ကိုကို ရိုက်ချလိုက်တယ်။ ဖြန်းကနဲ.. တကယ်ကြီးကို ပဲ။ ကျမ  တင်ပါးပေါ်မှာ ပူကနဲ တစ်ချက် ခံစားလိုက်ရပြီး စပ်ဖျဉ်းဖျဉ်း ဝေဒနာက ချက်ချင်း ပေါ်လာရော။ ကျမလည်း ခုန်ဆွခုန်ဆွ ဖြစ်သွားပြီး ဖင်လေးကို လက်နဲ့  ပွတ်မိတာပေါ့။

“အားး.. ကိုကို့ နာ တယ်.. အီးးဟီးးး.. ဘာလို့ တကယ် ရိုက်တာလဲ…” “ပြန်လှန်.. ပြန်လှန်.. ”    “ဟင့် အင်း.. နာ တယ်.. ကိုကို့…”   “ဘာလို့ ကိုကို မကြိုက် တာတွေ တမင်လိုက် လုပ်နေလဲ…”  “ကိုကိုကေကာ ဘာလို့…”  “အွန်းး.. ပြော.. ဘာလို့ ဘာဖြစ်လဲ…”  “သိဘူး.. အီးး ဟီးးး…”  “ငယ် လုပ်ချင်တာ ကိုကို  အကုန် လိုက်လုပ်ပေးနေတယ်လေ.. ဆက်မသွားသင့်တဲ့ အခြေအနေမို့လို့ ကိုကို တားတယ်.. ကိုကို့စကား နားမထောင်သင့်ဘူးလား.. ” “ငယ် ဘာလုပ်လို့ လဲ..” “တချိန်လုံး ဂျစ်ကန်ကန်လုပ်နေတာ လေ.. ဘာလုပ်တာလဲ စောစောက ဘီယာဗူးက.. တော်တော် တတ်နေတယ် ဟုတ်လား..” “မုန်း တယ်.. ကိုကို့ကို  မုန်းတယ်.. အီးး ဟီးးး….” “ပြောပြန်ပြီလား ဒီစကားက.. ကိုကို မကြိုက်ဘူး နော်.. ငယ်..”  “ပြောမှာပဲ.. ကိုကို ဘာလို့ လက် ပါလဲ..”  “လက်ပါအောင် ဘယ် သူ လုပ်တာလဲ ပြော..”  “ဘာဖြစ်လဲ.. သင်္ကြန်လည်ချင်တာ အပြစ်လား.. ဘီယာလေးသောက်မိတာ အပြစ်လား.. ငယ် ထွေး ထုတ်လိုက်တာ ကိုကို မမြင် လို့လား..”   “ယူသောက်စရာကို မလိုတာလေ.. ကိုကို မကြိုက်လောက်ဘူးလို့ ငယ် ဘာလို့ မတွေးလဲ..”    “တမင် လုပ်တာ.. ဘာဖြစ် လဲ..”  “အာ ကြာ….”   “အားးးးးးးး….. မမေ ရေ.. အီးးး ဟီးးး ဟီးးးး”  အမှန်တော့ ကိုကို ထပ်မရိုက်ဖြစ်ပါဘူး။ လက်ကို မြှောက်ပြီး နောက်တစ်ချက် ရွယ်တုန်း ကျမလည်း လန့် ပြီး အော်မိတာ။ ပြီးတော့ ကြမ်းပြင်ပေါ် ထိုင်ချပြီး ခြေဆောင့် ငို ပစ်လိုက်တယ်။ ဖင်လေးကိုလည်း တဖွဖွ ပွတ်မိတာပေါ့။ တစ်ချက်တည်း ရိုက်တာပေမယ့်  အရမ်း နာတယ်။ ကျမ ဖင်လေး စုတ်ပြဲ သွားပြီလား မသိဘူး။ ကိုကိုလည်း လက်ထဲက သားရေကြိုးပြားကို လွှင့်ပစ်လိုက်တယ်။ “ဟူးး ” ကနဲ သက်ပြင်းချ ပြီး ကုတင်ပေါ် ပက်လက် လှဲချလိုက်တယ်။ ကျမ လည်း ထပ်မရိုက်တော့မှန်း သေချာ သွားမှ အသံကို ပိုမြှင့်ပြီး အော်ငို ပစ်လိုက်ရော။ ခါလေးလှည့်ပြီး  ကြည့်လိုက်တော့ တင်စိုင်မို့မို့ အထက်နားက ဒိုင်းမွန်းခွက် အောက်ခြေလေးမှာ အနီရောင် အရှိုးရာကြီးက အစဉ်းလိုက်။ ချစ်တယ်လည်း ဆိုသေးတယ်  လုပ်ရက်လိုက်တာ။ စိတ်ပေါက်ပေါက်နဲ့ ထ ပြီး စောစောက ဘီယာဗူးကို သွားကောက်လိုက်တယ်။ ကံကောင်းတယ်ပြောရမယ်။ အထဲမှာ ရေ နဲနဲ ကျန်နေ သေးတာပဲ။ ကိုကိုက ကျမကို လှမ်းကြည့်ပြီး..

“တော်သင့်ပြီ ငယ် ရယ်.. မဆိုးပါနဲ့တော့ ကွာ နော်… ကိုကို စိတ်မတိုချင်ဘူး ငယ်လေး…” ပြောရင်းနဲ့ ကုတင်ပေါ်က ဆင်းလာတယ်။ ကျမလည်း ကိုကို ပစ် ချလိုက်တဲ့ သားရေကြိုးပြားကို ကုန်းကောက်ပြီး လက်ထဲက ဘီယာဗူးကို ကိုကို့ လက်ထဲ ထည့်ပေးလိုက်တယ်။  “သောက်ကြည့်.. အဲ့မှာ.. ဟင့်.. ဟင့်..”   “မသောက် ချင်ပါဘူး.. တိတ်တော့.. ကိုကို မရိုက်တော့ဘူး နော်…”  “မရဘူး.. သောက် ဆိုသောက်…”   “အာ… ကဲကဲ.. ပေး…”   “…………..”   “အွန်… ရေ  တွေ…” “………”  “ငယ်လေး…”  “အွန့် ထပ်ရိုက်.. သေအောင်ရိုက်.. တော်တော် ရိုက်ချင်နေတယ် မှတ်လား.. အွန့်… အီးး ဟီးးး…”  “ငယ် ရယ်…” ကိုကို  အရမ်း စိတ်မကောင်းဖြစ်သွားပြီ။ ကျမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ အပြစ်ပေးပြီးမှ ပြန်ချော့တဲ့ ကိုကို့ ရင်ခွင်က ခါတိုင်းနဲ့ လုံးဝ မတူဘူး။ ကျမ လေ ပြောမပြတတ်တဲ့ ခံစားမှု တစ်မျိုး ရလိုက်တယ်။ ကိုကို့ကို အရင်ကထက် ပို တိုးပြီး ချစ်သွား သလိုပဲ။ အရမ်းလည်း ချွဲနွဲ့ချင်လာတယ်။ ဂျစ်ကန်ကန်  ဖြစ်နေတဲ့ ကျမ စိတ်တွေ လုံးဝ ပျော်ဆင်းသွားပြီ။ တမင်လုပ်ယူထားတဲ့ အချော့ခံချင်စိတ်လည်း မရှိတော့ဘူး။ ကျမ ငို ချလိုက်တယ်။ ကိုကို့ကို  စိတ်ကောက်လို့၊ နာ လို့ မဟုတ်ဘူး။ ခါတိုင်း စိတ်ကောက်ရင် လုပ်နေကျလိုမျိုး ကိုကို့ကို ထုတာ၊ ကုတ်ဆွဲတာ၊ ကိုက်တာ တစ်ခုမှ ကျမ မလုပ်မိတော့ဘူး။

ကိုကို့ ရင်ခွင်ထဲ တိုးပြီး စိတ်ရှိတိုင်း ငိုချလိုက်တာ။ “အီးး ဟီးး ဟီးးး…” “ဘာလို့ အဲ့လို လုပ်ရတာလဲ ကွာ… တိတ်နော် ကလေး.. ကိုကို ချော့တယ်လေ..  နော်…”  “အီး ဟီး.. မုန်း လို့ လေ.. ခင်ဗျားကြီးကို မုန်းလို့.. သိပလား… ဟီးးး ဟင့် ဟင့်…”  “ကလေးလေးရယ်.. စောစောကတည်းက ကိုကို့ကို စတာ လို့  ပြောလိုက်တာ မဟုတ်ဘူး.. ပြီးတော့ ဟိုကောင့် ဘောင်းဘီကိုလည်း မနမ်းနဲ့ ပြောကာမှ တမင်..”  “မုန်းလို့ လုပ်တာ.. ဘာဖြစ်လဲ..”   “အာ.. မပြောပါနဲ့  ဆို…”  “ပြောမှာပဲ.. မုန်း.. အွန့်.. အု..”  စိတ်ရှိလက်ရှိအော်နေတဲ့ ကျမ နှုတ်ခမ်းတွေ ထိန်းသိမ်း ခံလိုက်ရတယ်။ ချိုမြိန်တဲ့ အနမ်းတွေနဲ့ပေါ့။ ကျမကတော့  ကိုကို့ကို ပြန် မနမ်းဖြစ်ပါဘူး။ ဒါပေမယ့် လက်ထဲကိုင်ထားတဲ့ သားရေကြိုးပြား ပြုတ်ကျသွားတယ်။ အနမ်းတွေ တမေ့တမော ပေးပြီးသွားတဲ့ ကိုကို ကျ မကို တင်းနေအောင် ဖက်ထားတယ်လေ။ ကျမလည်း အငို တိတ်သွားခဲ့ပါပြီ။ ကိုကိုက ကျမ မျက်နှာလေးကို ဆွဲမော့လိုက်တယ်။ အရင်ဆုံး နှဖူးလေးကို စ  နမ်းတယ်။ ပြီးတော့ ကျမ နှာခေါင်းလေးကို သူ့ နှာခေါင်းနဲ့ ပွတ်တယ်။ နောက်ဆုံး ကျမ မေးစေ့ လုံးလုံးလေးကို ခပ်ဖွဖွ ကိုက်လိုက်တယ်။ အဲ့အချိန်မှာ ကျမ  တစ်ကိုယ်လုံးက အကြောတွေ စိမ့်တက်သွားတယ်။ ကျမ တစ်ခုခု လိုချင်လာပြန်ပြီ။ ကိုကိုက ဘေးမှာ တွဲလောင်း ချထားထားတဲ့ ကျမလက်နှစ်ဘက်ကို အသာယူပြီး သူ့ခါးပေါ် တင်ပေးလိုက်တယ်။ ပြီးတော့ ကျမကို အနမ်းတွေ ပေးတော့တာပါပဲ။ ကိုကို့ အနမ်းတွေ ကြမ်းလာသလို လက်တွေကလည်း ကျမဝတ်ထားတဲ့ အကျီ ကျယ်သီးတွေကို တစ်လုံးချင်း ဖြုတ်နေပြီ။ အိုးးး ကိုကိုရေ… ငယ် အရမ်း လို ချင် လာပြီ။

(၁၁) ကျမလေ.. အသက်ရှုမှား မတတ် ရင်တွေ ခုန်နေမိတယ်.. ကိုကို့ ရင်ခွင်ထဲမှာ ကျမ ကိုယ်လုံးတီးလေး ဖြစ်သွားပြီ။ ရှက်စိတ်တွေ ဝင်ပြီး ကိုကို့ ရင်ခွင် ထဲ အတင်း တိုးဝင် ပုန်းနေလိုက်တယ်။ ကိုကို ကျမကို နမ်းနေတုန်းပဲ။ လက်တစ်ဘက်က ကျမ ရင်သားတွေကို အားရပါးရ ညှစ် နယ်နေတယ်။ နောက်တစ် ဘက်က ခါးကို ထိန်းကိုင်ထားတယ်။ ကျမ မတ်မတ် မရပ်နိုင်တော့ဘူး။ နို့သီးခေါင်း ထိပ်ဖျားလေးတွေမှာ ခပ်တင်းတင်း ဖြစ်နေသလို ခံစားလာရတယ်။ ခု နေ ကိုကို ကျမကို… “ရှီးးး.. အ…”။ ခံစားချက် တစ်စုံတစ်ရာကို တောင့်တ နေမိတဲ့ကျမ၊ တင်ပါးပေါ်က ဆစ်ကနဲ နာ သွားတယ်။ ကိုကို့ လက်က ကျမ  ဒဏ်ရာပေါ် ထိသွားလို့လေ။ “သိပ် နာသွားလား.. ကလေးလေး.. ကိုကို အုံဖွ လုပ်ပေးမယ်နော်..” ကိုကို့ အသံတွေ တုန်နေတာ ဘာလို့များလဲနော်။ ကျမ လည်း ခုမှ လာမချော့နဲ့လို့ ကုန်းအော်လိုက်သင့်ပေမယ့် ဘာမှ ပြန်မပြောဘဲ ရင်ခွင်ကျယ်ကြီးထဲ ထပ်တိုးဝင်မိတာ ဘာကြောင့်များလဲ။

ကိုကို ကျမကို ဖြေးဖြေးလေး ကောက် ချီလိုက်တယ်။ ပြီးတော့ အိပ်ရာပေါ် အသာလေး ချတယ်။ ကျမ နှဖူးလေးကို ငုံ့ နမ်းတယ်။ ပြီးတော့ ငိုထားလို့ ဖောင်း နေတဲ့ မျက်လုံးလေး နှစ်ဘက်ကို တလှည့်စီပေါ့။ ကိုကို့ လက်တွေကတော့ ကျမ တကိုယ်လုံး အနှံ့ကို ဖွဖွ ပွတ်နေပြီ။ ကျမလေ ပေါင်လေးနှစ်ဘက်ကို လိမ် ပြီး စေ့ထားမိတယ်။ ပိပိလေးထဲမှာ တဆစ်ဆစ် ဖြစ်နေပြီလေ။ အဲ့လိုမှ ညှစ်မထားရင် ဘာတွေ ထွက်ကျလာမလဲ မသိဘူး။ လက်တွေကလည်း အိပ်ရာခင်း ကို ဆုပ်ထားမိတယ်။ “မှောက်လိုက် ကလေးလေး..” ကိုကို တိုးတိုးလေး ပြောလိုက်ရင်း ကျမ ကိုယ်လုံးလေးကိုလည်း ဆွဲလှည့်လိုက်တယ်။ ကျမလည်း ခပ် တောင့်တောင့် ဖြစ်နေတဲ့စိတ်ကို လျှော့ချလိုက်တော့တယ်။ လုပ်ချင်တာ လုပ်တော့ ကိုကိုရာ။ မှောက်ခုံလေး အိပ်လိုက်ရတော့ လူက လုံခြုံသွားသလိုပဲ။  ရင်သားတွေ ဟင်းလင်း ပွင့်နေတာထက် စာရင်ပေါ့။ အဲ့အချိန်မှာ ကျမ တင်သားမို့မို့တွေပေါ် အာငွေ့ နွေးနွေးလေးတွေ လာဟပ်တယ်။ အမလေး.. ကိုကို ရေ.. လူတစ်ကိုယ်လုံး ကြက်သီးတွေ အဖိန့်လိုက် ထ ကုန်ပါလေရော။ စောစောက အရှိုးရာပေါ်ကို အာငွေ့လေး ပေးလိုက်၊ နှုတ်ခမ်းနဲ့ ဖွဖွလေး ပွတ်ပြီး နမ်း လိုက်နဲ့။ ကိုကို လုပ်ပေးနေတာ ငယ် သေတော့မယ် ကိုကိုရဲ့။ နာလို့ မဟုတ်ပါဘူး။ စိတ်တွေ တအား ထ လာလို့။

“ရှီးးး အ… ကိုကို့…” ကျမ မနေနိုင်တော့ဘူး.. ဆတ်ကနဲ တွန့်လိုက်မိသွားတယ်။ နာနေတဲ့နေရာကို လျှာနဲ့ ဖွဖွလေး လျှက်ပေးနေတာကိုး။ စိုနွေးနွေး အာငွေ့ ရယ်၊ မထိတထိ တို့နေတဲ့ လျှာဖျားလေးရယ်၊ နှာခေါင်းက ထွက်လာနေတဲ့ လေရယ် ဆိုတော့ လူက အရမ်းနေလို့ ကောင်းတာပဲ။ ပြီးတော့လေ.. ကိုကို့  လက်တွေက အရှိုးရာနဲ့ လွတ်တဲ့ ကျမ တင်ပါးပေါ်ကို ခပ်ဖွဖွ ပွတ်ပေးနေသေးတယ်။ ကျမလည်း အနေရခက်တဲ့ အရသာကို တမေ့တမော ခံစားနေမိတော့ တာပေါ့။ ခဏနေတော့ ကိုကို့ လက်ချောင်းလေးက တင်ပါးနှစ်ခုကြားကို မြောင်းဖော်ပါလေရော။ အရှိုးရာပေါ်က အနမ်းတွေ ကျောပေါ်ကို ရွေ့လာပြီ။ အိုးး..  ကိုကို့ လက်တွေ လွန်လာပြီနော်။ စိုရွှဲနေတဲ့ ကျမ ပိပိလေးကို ကိုကို နှိုက်ကစားနေတယ်။ ရှီးးး အ… ကို ကို့.. ဘာတွေ လိုက် လုပ်နေ.. အင်းးး… အ..  ကိုကိုရေးး.. ကျမ ဖင်လေး ခပ်ကွကွ မြင့်တက်လိုက်မိသလိုပဲ။ ကိုကိုရယ်.. ငယ် တအား လိုချင်နေပြီ။

ကိုကို ထ ထိုင်လိုက်ပြီး ကျမ ခြေထောက် နှစ်ခုကြားမှာ နေရာ ယူလိုက်တယ်။ ခါးကို နဲနဲ ဆွဲမ လိုက်တော့ ကျမ ဖင်လေး ခပ်ကုန်းကုန်း ကြွလာတာပေါ့။ ကို ကို့.. ဘာ လုပ် မလို့… ကျမ အတွေး မဆုံးခင် ကိုကိုက “ထ.. လေးဘက်ထောက်ပေးထား.. ” လို့ ပြောရင်း ကျမကို လေးဘက် ကုန်းလျက် ပုံစံဖြစ်အောင်  ပြင်ယူတယ်။ ကျမ အဲ့လိုကြီး မနေတတ်ဘူးလေ။ ခပ်ကုန်းကုန်းကြီး ဖြစ်နေတဲ့ ကျမကျောကုန်းကို ကိုကို ဖိချလိုက်တယ်။ အာ ကိုကို့.. ဘယ်လိုကြီးလဲ။ ဖင် ထောင်ပေးထားသလို ဖြစ်သွားတော့ ပြူထွက်နေတဲ့ ကျမ ပိပိက ကိုကို့ မျက်နှာနား အလိုလိုရောက်သွားရော။ အဲ့ဒီအချိန်မှာပဲ “ရှီးးး အိုးးး ကိုကို့.. ဟင့်  အင်း…” ကျမ လန့်လည်း လန့် ကောင်းလည်း အရမ်းကောင်းသွားတယ်။ ကိုကိုရယ်လေ.. ကျမ ပိပိလေးထဲက စိမ့်ထွက်နေတဲ့ အရည်တွေကို တပြွတ်ပြွတ် နဲ့ စုပ်ယူနေတာ။ တစ်ချက်တစ်ချက် ကိုကို လျှာဖျားက အတွင်းထဲ ရောက်လာသေးတယ်။ “ကိုကို့… အားးး.. အ..” ကိုကိုက ပိပိ အတွင်းသားလေးတွေကို  လက်နဲ့ ဖျဲကားပြီး ယက်ပေးလိုက် ဆွဲစုပ်လိုက်နဲ့။ ကျမ တကိုယ်လုံးက အကြောတွေ အဲ့တနေရာတည်း ရောက်နေသလိုပဲ။ တချက်တချက် ကိုကို့ လျှာ ချွန် ချွန်လေးက ကျမရဲ့ ဘူဘူးဖင်ဝလေးကိုပါ လာလာ ကလိတယ်။ အာ.. ကိုကိုရယ်.. အရမ်း နေရခက်တယ်.. ကောင်းလည်း အရမ်းကောင်းတာပဲ.. ကျမကို အဲ့ လောက်ထိ လုပ်ပေးနေတာကို အားနာတဲ့ စိတ်ကလည်း တစ်ဝက်တင်းခံနေတော့ အချိန်က ပိုကြာနေသလိုပဲ။ ကျမလည်း ကိုကို့ကို တခုခု ပြန်လုပ်ပေးချင် လာတယ်။ သာယာမှုတစ်ခုကို နှစ်ယောက်အတူ ခံစားမယ်လေ နော်..။

ကျမ မြန်မြန်ပြီးသွားအောင် စိတ်ကို လျှော့ချလိုက်တယ်။ ကိုကို့ အထိအတွေ့တွေကို အပြည့်အ၀ ခံစားမှု ယူလိုက်တယ်။ သိပ်ချစ်တတ်တဲ့ကိုကိုက ကျမ  ဖုတ်ဖုတ်လေးကို မရွံမရှာ ယက်ပေးနေတာလေ။ ခုလောက်ဆို ဖုတ်ဖုတ်အတွင်းသားလေးတွေ ရဲနေလောက်ရောပေါ့။ တချက်တချက် လျှာဖျားနဲ့ ပင့် ကလော်လိုက်၊ ဆွဲ စုပ်ပြီး နှုတ်ခမ်းချင်း kissing ပေးသလို နမ်းလိုက်နဲ့။ ကျမ ပါးစပ်က တအင်းအင်း တအားအား ညည်းသံတွေ ထိန်းမရတော့ဘူး။ “ကို  ကို့.. အ.. ရှီးးး…” တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကိုကို ကျမ ဖုတ်ဖုတ်လေးကို ယက်နေ၊ စုပ်နေတဲ့ အသံတွေက တပြွတ်ပြွတ် တပြပ်ပြပ်နဲ့ ကျမ နားထဲ  ပြန်ကြားနေရတာ။ အရမ်းကောင်းတယ် ကိုကိုရယ်.. ယက်ပေးပါ.. ငယ် လေ .. အရမ်း ကြိုက်တာပဲ.. ကိုကို ရေ.. ငယ့် ဖုတ်ဖုတ်လေးကို အားရပါးရ… စိတ် ထဲကနေ ကျမ ပြောနေမိတာပါ။ ပါးစပ်က ပြောထွက်မလာပေမယ့် ကျမ စိတ်ထဲမှာ ဗြောင်းဆန်နေအောင် အော် နေမိတယ်။ အဲ့ အချိန်မှာ ကိုကိုကလည်း  ကျမ ပေါင်ရင်း နှစ်ဘက်ကို ဆွဲ ဟ ပြီး လျှာကို အဖုတ်အတွင်းပိုင်းထိ တအား ဖိပြီး ထိုးထည့်မွှေ ပစ်တယ်။ “အားးး… ကို့.. အင့်…ရှီးးးး… အို.. အို… အိုးးးး…”  အတွင်းသားတွေကို ပြွတ်စ်စ်စ်စ်… ကနဲ အရှည်ကြီး ဆွဲစုပ်ပြီး တစ်ချက် ဆွဲ ခါ လိုက်တာမှာ ပိပိလေးထဲက ပူ ဆင်း သွားပြီး ကျမ စိတ်ထဲမှာ လည်း တကိုယ်လုံး လေထဲ လွင့် တက် သွားတော့တာပဲ။ ပြီးတော့ လူက ခွေခေါက်ပြီး အိပ်ရာပေါ် ပုံလျက်သား ပြန်ကျသွားသလိုမျိုး။ မော လိုက်တာ..  ကျမ အတွက် ပင်ပင်ပန်းပန်း လုပ်ပေးရှာတဲ့ ကိုကိုက အပြုံးမပျက်ပေမဲ့ ကျမက ဘယ့်နှယ်ကြောင့် မောရပါလိမ့်။

မိုင်တရာ အဝေးက ပြေးလာရသလို မောပြီး တဆတ်ဆတ် တုန်နေတဲ့ ကျမကို ကိုကို ပွေ့လိုက်တယ်။ ကျမ ကိုယ်လုံးလေးက ကိုကို့ ရင်ခွင်ထဲမှာ အဝတ် ပျော့အရုပ်လေးလိုပဲ။ ကိုကို့ ရင်အုပ် ဖောင်းဖောင်းကြီးကို ပွတ်ရင်း အသားကပ် ကျယ်သီးလေး နှစ်လုံးကို လက်သည်းထိပ်နဲ့ ဆော့နေမိတယ်။ ကိုကို့ နို့သီး ခေါင်းလေးတွေက အရမ်း ချစ်ဘို့ကောင်းတယ်။ ကိုကိုလည်း ကျမ နှဖူးလေးကို နမ်းရင်း လက်က ကျမ ပန်းသီးနှစ်လုံးကို ဆော့နေတာပါပဲ။ ချစ်တယ် ကိုကို ရာ.. အိမ်မပြန်ချင်တော့ဘူး။ ကျမ စိတ်ထဲက အတွေးကို ကြိုသိနေလို့များလား။ ကိုကိုက…  “လက်ထပ်ကြစို့ ငယ်ရယ်.. ကိုကို မခွဲချင်တော့ဘူး.. ငယ့် သီး ဆစ်(စ်)လည်း ပြီးလုနေပြီမဟုတ်လား.. ဖေဖေ့ဆီ ခွင့်တောင်းကြရအောင်ကွာ.. နော်..”    “ဆရာ ဘာပြန်ပြင်ခိုင်းဦးမလဲ မသိဘူး ကိုကိုရ…”    “အင်းလေ..  ဘာဖြစ်လဲ.. အဲ့ခါကျတော့လည်း မိန်းမက စာရေး.. ကိုကိုက အိမ်အလုပ်တွေလုပ်၊ စာရေးရလို့ ညောင်းနေရှာတဲ့ မိန်းမလေးကို ဇက်ကြောဆွဲပေး.. ကောင်း ဘူးလား..”  “ခိ ခိ..”  “အယ်.. ရယ် တယ်ဗျ.. အတည်ပြောတာကို..”  “ပြောမကောင်းရင် သားရေကြိုးနဲ့ ရိုက်.. ဆိုတာလေး ကျန်ခဲ့လို့..”    “ငယ်ပေါက်စ လေးရယ်.. နာ နေသေးလား ခုကော..” “ဟင့်အင်း နာတော့ပါဘူး.. ကောင်း သွားပြီ..”  “ဟဟ.. ဘယ်နေရာက ကောင်း သွားတာလဲ..”   “ဟီး.. ကိုကိုနော်..”   “ဟား ဟား ဟား..”  “ခိ ခိ.. ကိုကို့..”  “ဗ်..”  “ဟိုလေ..”  “အွန်း.. ပြော..”  “ငယ်လည်း ကိုကို့ကို ဟိုလိုမျိုး လုပ်ပေးချင် တယ်..”  “ဘယ်လိုမျိုး လဲ..”  “အာ..  ကိုကို ကလည်း သိရက်သားနဲ့..” “အာ သိဘူးလေ ကွာ.. ငဂျစ်မလေး စိတ်ထဲ ဘာတွေ ကြံစည်နေလည်း ကိုကို ဘယ်သိမလဲ..”  “အာ့ဆို မျက်စိ မှိတ်ထား..”   “အွန်.. ဘာလုပ်မလို့လဲ.. သားသား ကြောက်တယ်နော်..”  “ကိုကိုနော်.. ဟွန်းးး.. အစက ပြန်ကောက် ပစ်လိုက်ရမလား.. တိတ်တိတ်နေပါ ဆိုမှ..”  “ဟဟ..  အင်းပါ.. ငယ့်စိတ်ကြိုက်.. ငယ့် သဘော နော်..”

(၁၂)  ကျမလည်း ကိုကို့ရင်ခွင်ထဲကနေ အောက်ကို လျှော ဆင်းလိုက်တယ်။ ကိုကိုက ကုတင်ခေါင်းရင်းကို မှီပြီး ထိုင်နေတာလေ။ ကိုကို့ ခြေထောက်နှစ် ချောင်းကြားမှာ မှောက်လျက်လေး နေရာယူလိုက်တယ်။ ကျမလုပ်သမျှ ပြုံးပြီး ကြည့်နေတဲ့ ကိုကို့ မျက်လုံးတွေမှာ ချစ်ခိုးတွေ ဝေလို့ပေါ့။ “ကိုကို့ နဲနဲ ကြွ ပေး..” ပြောရင်းနဲ့ ကိုကို့ ခါးနောက်ကနေ ဘောင်းဘီ သားရေကြိုးကို ဆွဲချွတ်လိုက်တယ်ဆိုရင်ပဲ စိတ်တိုနေတဲ့ ကိုကို့ အချောင်းကြီးက ကျမမေးစေ့ကို ဖတ် ကနဲ လာထောက်ပါလေရော။ ကိုကိုလေး သနားပါတယ်။ လူကြီးက စိတ်ပြေသွားပေမယ့် ကလေးက ပြေသေးဘူးပဲ။ ဒီတစ်ခါ ကျမ ချော့ရမယ့်အလှည့်ပေါ့ နော်။ ကျမလည်း ဒူးလေးတုပ်၊ ကိုကို့ပေါင်ကြားကို မျက်နှာအပ်ပြီး သေသေချာချာ နေရာယူလိုက်တယ်။ ကျမလက်နှစ်ဘက်ကို ဒူးနှစ်ချောင်း ထောင်ပြီး ထိုင်နေတဲ့ ကိုကို့ပေါင်ရင်းအောက်ကနေ သိုင်းလျှိုလိုက်တယ်။ နေရာ အပီအပြင်ယူပြီးတော့ ဘာဆက်လုပ်ရမယ် မသိတော့ဘူး။ အမှန်တိုင်း ဝန်ခံရရင် ဟို တခါ မိုးညနေတုန်းက ကိုကို့ ချာတိတ်ကို ကျမ ရဲရဲတောင် ကြည့်ဖြစ်ခဲ့ရဲ့လား မသိဘူးလေ။ ခုတော့ သူက ကျမ မျက်နှာနားမှာ ပွတ်ကာသီကာနဲ့ ဆင်ကြီး  နှာမောင်း ယိမ်းပြ နေသလိုပဲ။

ချစ်လိုက်တာ ကိုကိုရယ်။ ကိုကို့ကိုရော ဒီ အချောင်းကြီးကိုရောပေါ့။ ကိုကို ကောင်းအောင် ဘယ်လို နည်းပညာတွေရှိလည်း ကျမ တကယ် မသိပါဘူး။ ဒါ ပေမယ့် ကျမရင်ထဲမှာ လတ်တလော မွှန်ထူနေတဲ့ ချစ်စိတ်တွေ ရှိတယ်လေ။ ဒီချစ်စိတ်တွေကပဲ ကျမကို အလိုလို ဦးဆောင် သွားပါတော့တယ်။ အရင်ဆုံး  နှာမောင်းကြီးရဲ့ အရင်းကို ကျမ နှာခေါင်းနဲ့ တိုးဝှေ့ပြီး နမ်းပစ်လိုက်တယ်။ အချောင်းကြီးက ပူနွေးပြီး တင်းမာ နေလိုက်တာ အပြိုင်းပြိုင်း ထနေတဲ့  သွေးကြောတွေနဲ့ အသည်းလှိုက်အူလှိုက် ရင်ခုန်စရာပါ။ ကျမ ပါးပြင် ဖောင်းဖောင်းလေးနဲ့ အတံကြီးကို ပွတ်ပေးရင်း ကိုကို့ ပေါင်ရင်းကြားကို နေရာမလပ်  နမ်းနေမိတယ်။ အတံကြီးအောက်က အိတ်ကလေးကိုလည်း ဖွဖွလေး ကိုင်လိုက် ပွတ်လိုက်နဲ့ပေါ့။ အဲ့ဒီအိတ်ထဲက အလုံးလေး နှစ်လုံးကို ကိုင်ဆော့ပေးရင်း  အတံကြီးရဲ့ ထိပ်ဖျားကို ကျမ နှုတ်ခမ်းနဲ့ ပြွတ် ဆို နမ်းလိုက်တယ်။ အညိုရောင် အရေပြားအောက်မှာ ခေါင်းလေး ပြူထွက်နေတဲ့ ထိပ်ဖျားလေးက စ တော်ဘယ်ရီသီး တစ်လုံးနဲ့ တောင် ခပ်ဆင်ဆင် တူသလိုပဲ။ ကိုကို့ လက်တွေက အတံကြီးကို စိတ်လွတ်ကိုယ်လွတ် အနမ်းတွေပေးနေမိတဲ့ ကျမခေါင်းကို  လာကိုင်တယ်။

“ငယ့်.. လာကွာ.. ဖင်လေး ဒီဘက် နဲနဲ တိုးပေး.. ” ကျမလည်း ကိုကို ပြောတဲ့အတိုင်း နေပေးလိုက်တယ်။ ကိုကိုက ကျမ ဖင် လေးကို သူ့နား ခပ်စောင်း စောင်း တိုးလှည့်ခိုင်းပြီး ဒူးတစ်ဘက်က ကျမ ကျောပြင်ပေါ် ကျော်ခွလိုက်တယ်။ ကျမလည်း ကိုကို ဒူးထောင်ထားတဲ့ ပေါင်တန်ရင်းကို သိုင်းဖက်ပြီး ကိုကို့  အတံကြီးကို ပါးစပ်ထဲ ငုံလိုက်တာပေါ့။ ကိုကို့ လက်တွေက ဒူးတုပ်ပြီး ထောင်ပေးထားသလို ဖြစ်နေတဲ့ ကျမ တင်ပါး ဝိုင်းဝိုင်းလေးကို ပွတ်ပေးနေတယ်။    “အသဲ ပုံလေး လိုပဲ…”  “အွန်..”   “ငယ့် ဖင်လေးကလေ.. ကိုကို့ ဘက်က ကြည့်ရင် အသဲပုံလေးလို ဖြစ်နေလို့..”  ကတ်သီးကတ်သတ် ပြောလိုက်တဲ့ ကိုကို့ စကားကြောင့် အချောင်းကြီးကို ငုံထားလျက်ကနေ ကျမ ရယ်လိုက်မိတယ်။ အဲမှာ နဲနဲ ကိုက်မိသလိုများ ဖြစ်သွားလား မသိဘူး။ ကိုကို့ ခါးလေး တစ်ချက်  ကော့ပြီး “အ.. ငယ့်…”  “အယ်.. နာ သွားလား ကိုကို..”  “ဟုတ်ဘူး.. ကောင်း လို့… ဟူးးးး…”  ကျမ နဲနဲ သဘောပေါက်သွားသလိုပဲ။ ကိုကို့ အတံကြီးကို ကျ မပါးလေး ချိုင့်ဝင်သွားတဲ့အထိ အားပါးတရ စုပ်ရင်း တချက်ချက် သွားနဲ့ ခပ်ဖွဖွလေး ကိုက်တယ် ဆိုယုံ ကိုက်ပေးလိုက်တယ်။ ကျမ ဖင်လေးကို ပွတ်ပေး နေတဲ့ ကိုကို လက်တွေ တုန်နေသလိုပဲ။ ကျမလည်း စိတ်ထဲမှာ တခုခုကို ပြန်တောင့်တမိလာပြန်တယ်။ စုပ်ပေးရတဲ့ အရသာက ကျမအတွက် ပထမဆုံး ဆို ပေမယ့် ကျမ ကောင်းကောင်း လုပ်ပေးနိုင်သားပဲ။ ဒါက မိန်းမတစ်ယောက်ရဲ့ မွေးရာပါ အတတ်ပညာ မဟုတ်ဘူး ဆိုရင်တော့ ကျမကပဲ ပါရမီ ပါနေသလား ပေါ့လေ။ ဒါမှ မဟုတ် အလွန်အမင်း ယိုဖိတ်နေတဲ့ ချစ်စိတ်တွေကပဲ ဦးဆောင် သွားလေ သလား။ ပါးလေး ချိုင့်သွားတဲ့အထိ စုပ်ပေးလိုက်၊ ပါးညောင်းလာ ရင် အတံကြီး ပတ်ပတ်လည်ကို လျှာနဲ့ လှိမ့်ပေးရင်း နားလိုက်၊ ပါးစပ်ထဲမှာ စိုစွတ် အိုင်ထွန်းလာတဲ့ သွားရည်တွေကို မြိုချလိုက်။ နဂိုကမှ တုတ်တုတ်ခဲခဲ  အတံကြီး ကျမရဲ့ ပါးစပ်ထဲမှာ စက္ကန့်နဲ့အမျှ အဆ တိုးပြီး ထွားလာနေသလိုပဲ။

ကိုကို့ကို မော့ကြည့်တော့ အရမ်း ကောင်းနေတယ် ထင်တယ်။ တအင်းအင်း ညည်းရင်း စိတ်လွတ်လက်လွတ်နဲ့ ကျမတင်ပါးကို အားရပါးရ ညှစ်ချေနေ တယ်။ ကိုကို့လက်က စောစောက အရှိုးရာပေါ်ကို တချက်တချက် ရောက်ရောက်လာလို့ ကျမ တွန့်ကနဲ ဖြစ်ဖြစ်သွားတာတောင် ကိုကို သတိထားမိပုံ မရ ဘူး။ ထူးဆန်းတာက အဲ့ဒီ နာကျင်မှုပေါ့။ နာကျင်မှုက ကျမ စိတ်ကို ပြန်ဆွပေးနေသလိုပဲ။ အဲ့ဒီ နာကျင်မှုကို ကျမ မသိချင်ယောင် ဆောင်နေလိုက်တယ်။  ကျမ ညည်းလိုက်ရင် ကောင်းနေတဲ့ကိုကို အရသာ ပျက်သွားမှာ စိုးတယ်လေ။ နောက်တစ်ခု၊ အဲ့ဒီ နာကျင်မှုက ကျမပိပိလေးထဲကို နှစ်သက်စရာ ခံစားမှု လေးတစ်ခု ပေးနေသလိုလိုလည်း ဖြစ်နေလို့။ သိပ်တော့ မသေချာဘူးပေါ့နော်။ ဘာလို့ဆို ကျမစိတ်တွေ နေမရထိုင်မရ ပြန်ဖြစ်လာတာ ပါးစပ်ထဲက ကိုကို့  အတံကြီးကြောင့်လည်း ဖြစ်နိုင်တာပဲကော။ အဲ့အချိန်မှာ ကိုကိုက ကျမ ခေါင်းလေးကို ကိုင်ပြီး..    “ငယ့်.. ကိုကို မရတော့ဘူး ကွာ… ဒီကောင်ကြီးကို ငယ့်  ပိပိလေးထဲ ထည့်ချင်တယ် ငယ်ရယ် နော်..” အိုးးး… ညည်းသံလေး တစ်ဝက်နဲ့ ကိုကိုပြောလိုက်တာလေ။ ကျမ ရင်ထဲ နွေးပြီး နှလုံးသားတွေ အရည် ပျော် ကျသွားသလိုပဲ။ သိပ် ရတာပေါ့ ကိုကိုရာ.. ငယ့် ပိပိလေးလည်း ကိုကို့ အတံကြီးကို အရမ်း လိုချင်နေတာပါ.. ဒီစကားကိုတော့ ကိုကို့ကို မျက်လုံးတွေနဲ့ပဲ  ကျမ ပြောဖြစ်လိုက်တယ်။ “နော်.. ငယ် နော်.. ခံပေးမယ် မဟုတ်လား..” ကျမလည်း “ဟုတ်..” လို့ပြန်ပြောလိုက်တယ်။ ကိုကိုက ကျမကျောပေါ် ခွထားတဲ့  ခြေထောက်ကို ဖယ်လိုက်တယ်။ ကျမလည်း ထ ပေးလိုက်တာပေါ့နော်။ ကိုကို့ အတံကြီးကတော့ တကယ့်ကို မိုးပေါ် ပျံတက်တော့မယ့် အတိုင်းပဲ။ “အာ့ ဆို  လာ.. ထ… ကိုကို့ပေါ် ခွလိုက်..” အလိုလေး.. ကျမ ရင်တွေ တုန်လိုက်တာ။ ကိုကို့ပေါ်ကို ခွ လိုက် ဆိုတော့ ကျမက ကိုကို့ကို တက်ပြီးးးး …….. ……. …..  အိုးးး။ နှုတ်ခမ်းလေး ကိုက်ပြီး ပြူးကြောင်ကြောင် ကြည့်နေမိတဲ့ ကျမကို….

“လာ လေ.. ငယ်လေး.. ခွ ချင်ဘူးလား…”   “ဟုတ် ပါ ဘူး… ”  ပြောရင်းနဲ့ ကျမလည်း ခါးလေး မတ်မတ် ဆန့်၊ ဒူးလေး ထောက်ထောက်ပြီး ကိုကို့ဆီ ဒူး ထောက်လျက်လေး ရွှေ့လိုက်တယ်။ ကျမက ဦးဆောင်ပြီး ချစ်ရမယ့် ပုံစံကြီးပါလားနော်။ ရင်တွေအရမ်း ခုန်ပေမယ့် ဘယ်ကဘယ်လို ဆက် စခန်းသွားရမ လဲ မသိတော့ဘူး။ ချစ်တာပဲ သိတယ်။ ကျမ တခုခု လိုသွားခဲ့ရင် ကိုကို သင်ပေးမှာပေါ့ နော့။ ကိုကိုက ကျမကို ခါးကနေ ထိန်းကိုင်ပေးထားပြီး သူ့ကိုယ်ကို နဲ နဲ လျှောချလိုက်တယ်။ အိုးတို့ အန်းတန်း ဖြစ်နေတဲ့ ကျမ မျက်နှာကို ရီဝေဝေ ကြည့်နေသေးတယ်။ ကျမလည်း ကိုကို့ပေါ်ကို ခွ ထိုင်ဘို့ ကြိုးစားရင်း ဇက် ကလေး ပုပြီး နှာခေါင်း ပြန်ရှုံ့ပြလိုက်တာပေါ့။ ကျမ လုပ်ပြမိတဲ့ အမူအရာက လက်ရှိ အခြေအနေနဲ့ ဘာမှတော့ မဆိုင်ဘူးပဲ။ ဆိုင်ချင်ဆိုင် မဆိုင်ချင်နေ လေ နော်..။ ကျမ ဘာတွေဖြစ်နေလဲ ဆိုတာ ကျမရဲ့ သိပ်ချစ်တတ်တဲ့ ကိုကိုက နားလည် ပြီးသား…။

(၁၃) လိင်မှုရေးရာ ဆိုတာ သက်ရှိလောကရဲ့ သဘာဝ သက်သက်ပဲနော့။ ကဗျာဆန်ဆန်ပြောရရင် တကူးတက သင်စရာ မလိုတဲ့ အတတ်ပညာတစ်ခု ထင် ပါရဲ့။ သွေးသားရဲ့ ဦးဆောင်မှုကပဲ အလိုလိုသင်ပေးသွားတာလား။ ကျမကပဲ တခြား မိန်းကလေးတွေနဲ့ မတူတဲ့ ခပ်ကဲကဲ ကောင်မလေး ဖြစ်နေသလား တော့ မသိပါဘူး။ ချစ်သော မျက်စိနဲ့ ကြည့်နေတဲ့ ကိုကိုကတော့ ကျမကို ဟန်မဆောင်တတ်တဲ့ ပွင့်လင်းတဲ့ မိန်းကလေးလို့ မြင်ကောင်း မြင်မှာပေါ့လေ။  အဝတ်ဗလာနဲ့ ပက်လက်လှန်နေတဲ့ ယောကျၤားတစ်ယောက်ပေါ်ကို လိင်ဆက်ဆံဘို့ တက် ခွ ရတာ ဆိုင်ကယ် စီးသလောက် မလွယ်ပေမယ့်၊ ဆိုင်ကယ်စီး  သင်ကာ စ တုန်းက လောက်လည်း ကြောက်ဘို့ မကောင်းလှဘူးပဲ။ ကိုကို့ ပခုံးနှစ်ဘက်ပေါ် အားပြုပြီး ကျမ ခွ လိုက်တယ်။ ထိုင်ချရမယ့်နေရာကို ကိုကို  က ပြင်ဆင်ပေးနေတယ်။ တကယ်ပဲ ကိုကို့ အတံကြီးက ကျမ ပိပိလေးကို မော့ကြည့်ပြီး စောင့်နေလေရဲ့။ အသည်းတွေ အူတွေ ယားလိုက်တာနော်။   ကိုကိုက ကျမ ခါးကို လက်တစ်ဘက်နဲ့ ထိန်းကိုင်ထားရင်း နောက်တစ်ဘက် သူ့အတံကြီးကို ကျမရဲ့ ပိပိတွင်းဝလေးနဲ့ တေ့ချိန်ပေးထားတယ်။ ကျမလည်း  ငုံ့ကြည့်နေမိတာပေါ့။ အပေါက်အလမ်းတည့်ဘို့ နဲနဲ ညှိယူရတာက ကျမ အရမ်း စိတ်လှုပ်ရှားနေလို့ပါ။ ကျမက အပေါ်ကနေ ကားယား ခွလျက်ကြီး ဆို တော့ ပိပိလေးရဲ့ အတွင်း တံခါးနှစ်ချပ်က ခပ်ဟဟ ပွင့်နေပြီးသားလေ။ သိပ်ကြာကြာ မကြိုးစားလိုက်ရဘဲ သူတို့ နှစ်ယောက် မိတ်ဆက်မိသွားတယ်။ “ထိုင်  ချ လိုက်လေ ငယ်..” ကိုကို အဆင်သင့် ဖြစ်ပြီဆိုတော့ ကျမလည်း အတံ ထောင်ထောင်ကြီးပေါ်ကို မရတရဲ ထိုင်ချလိုက်တယ်။ ဖြေးဖြေးချင်းပေါ့ နော်။ ရင်တွေ ခုန်လွန်းလို့ အသက်ရှုဘို့တောင် သတိမရမိဘူး။ ကျမ ပိပိလေးက အရမ်းကြီး စိုရွှဲနေပေမယ့် အလွယ်တကူ ဝင်မသွားဘူး။ ကိုကို့ အတံကြီးက  ကြီးလွန်းနေတာကိုး။ ကျမလည်း ထူပူပြီး တုန်နေပြီ။ ဟိုး ပထမ တစ်ခါတုန်းကလို နာဦးမလား မသိဘူးလို့ တွေးမိပြီး လန့် သလိုလိုဖြစ်လာပေမယ့် အဲ့ တုန်းက နာကျင်မှုနောက်မှာ ရခဲ့တဲ့ သာယာမှုက ကျမ တစ်သက် မမေ့နိုင်ခဲ့ဘူးပဲလေ နော်။ ကျမ စိတ်မရဲမှန်း သိတဲ့ ကိုကိုက သူ့ကိုယ်ကို နဲနဲ မတ်လိုက်ပြီး  “ကိုကို့ လည်ပင်းကို ဖက်လိုက် ငယ်လေး..” လို့ ပြောလိုက်တယ်။ ကျမလည်း ခါးလေး ညွှတ်ပြီ ကိုကို့လည်ပင်းကို ဖက်လိုက်တာပေါ့။ အတံကြီးရဲ့ ထိပ်ဖူး ကတော့ အဝမှာ တေ့လျက်သားပေါ့နော်။

“အိုးးးး…. ကို ကို့….”    “နာ သွားလို့လား ငယ်…”   “ဟင့် အင်း… ”   အောက်ကနေပြီး ကိုကို ဘယ်လိုများ ကော့ သွင်းလိုက်လည်း မသိဘူး။ ကျမ ပိပိလေး  ပြည့်ကြပ်ပြီး တစ်ဆို့ဆို့ ဖြစ်သွားတယ်။ “ထိုင် ချ ကြည့် ငယ်… အကုန် မဝင်သေးဘူး..” မြတ်စွာဘုရား.. အကုန် မဝင်သေးတာတောင် ဒီလောက်ကြီး စူး ကြပ်ကြပ် ဖြစ်နေတာ။ ကျမ တဆတ်ဆတ် တုန်နေပြီ။ ကြောက်လာပြီ ကိုကိုရယ်.. မရလောက်ဘူးထင်တယ်.. ကိုကို့ဟာကြီးက ကြီးလွန်းနေသလားလို့..  စိတ်ထဲက ပြောနေမိပေမယ့် လူကတော့ ခါးလေး နှဲ့နှဲ့ပြီး ထိုင်ချမိနေတာ ဘာကြောင့်ပါလိမ့်။ ကိုကိုကလည်း အောက်ကနေ အလိုက်သင့် ကော့ပေးနေ တယ်။ အိုးးး…. အ အ.. တဖြည်းဖြည်းချင်း အချိတ်အဆက်မိသွားတာ အတံကြီး တစ်ခုလုံး ပိပိလေးထဲ နစ် ဝင်သွားပြီ။ ကိုကိုက ကျမ တင်ပါးပေါ်က အနာ နေရာကို လက်နဲ့ ခပ်ဖွဖွ ညှစ်လိုက်တယ်။ အ.. ကျမ ခါးလေး တစ်ချက် ကော့မိတဲ့ အချိန်မှာ အောက်က အတံကြီးက နင့်ကနဲ။ အိုးး… ကျမ နဲနဲ သိသွားပြီ။  တင်ပါးကို မကြွပဲ လှုပ်တယ် ဆိုယုံလေး လှုပ်ကြည့်တယ်။ တစ်ချက်ချင်း.. အားး.. ရှီးး… ဟုတ်တယ်.. အရမ်း ကောင်းတာပဲ.. ကျမ လိုချင်တဲ့ ခံစားမှု..။  ကိုကိုရယ်.. တကယ်ပဲ.. ငယ်လေ အရမ်း..။ ကျမလေ ဘယ်လောက်ထိများ လိုချင်နေလိုက်သလဲ ဆိုတာ ကိုကို အောက်ကနေ ကော့ကော့ပေးတာနဲ့ ကျမ  ခါးလေးကို နှဲ့ပေးမိတာနဲ့ ခဏလေး အတွင်းမှာ စီးချက် ညီသွားတာ။ ဒီလိုနဲ့ တညိမ့်ညိမ့် ချစ်ကြရင်း…

“ကိုကို့… အ.. မြန်မြန်…”  “အွန်း.. ကိုကို့ လည်ပင်းကို ဖက်ထား..”  ကျမ ပြီးတော့မယ်ဆိုတာ သိလိုက်တဲ့ကိုကိုက ကျမခါးကို တင်းတင်း ကိုင်ရင်း အောက် ကနေ ကော့ကော့ ပြီး ဆောင့်သွင်းပေးတယ်။ ကျမ မျက်စိတွေ ပြာလာပြီး အသိစိတ်အားလုံးက တစ်နေရာတည်းမှာ။ အတံကြီးက ထွက်မသွားဘဲ အထဲထိ  စူးနေအောင် တိုးတိုးပြီး ဝင်လာနေတာလေ။ ကိုကို့ လှုပ်ရှားမှုတွေကလည်း အံသြစရာ ကောင်းလောက်အောင်ပဲ။ ကိုကိုရေ.. ကြိုက်တယ်.. အရမ်း.. လုပ်  ပါ.. မြန်မြန်လေး… “အားးး ကို ကို့… အင့် အင့်.. ရှီးးး…” ခုတစ်ခေါက် ထပ်ပြီး အဝေးကြီးရောက်သွားပုံက စောစောကနဲ့ မတူဘူးရယ်။ ပါးစပ်ထဲမှာ ပြီးရတဲ့   အရသာရယ်.. ခုလို အတံ ထွားထွားကြီးနဲ့ ပြီးရတဲ့ အရသာရယ်။ ကျမ မောပြီး ပုံကျသွားပြန်တယ်။ ကိုကိုကတော့ ပြီးသေးပုံမရဘူး။ ကျမလည်း ကိုယ့်ဘာ ကိုယ် အံသြမိပါရဲ့ ဘာလို့များ ကိုကိုနဲ့ တညီတည်း မဖြစ်ရတာလဲနော်။ နှစ်ကြိမ်တိတိ ကျမ တစ်ယောက်တည်း ရသွားတဲ့ ခံစားမှုမျိုး ကိုကိုနဲ့တူတူသာဆို  ဘယ်လောက် ကောင်းလိုက်မလဲ။ မော သွားပြန်တဲ့ ကျမကို ဖွဖွလေး နမ်းရင်း နို့လေးတွေကို ချေပေးနေတဲ့ ကိုကို။ သနားပါတယ်.. “ကိုကို မပြီးသေးဘူး  မဟုတ်လား ဟင်…”   “အွန်းး…”  “ဘာ အဆင်မပြေလို့လဲ ကိုကို…”   “ငယ်လေး ကောင်းနေတာ ကြည့်ရင်း ကိုကို ပြီးဘို့ မေ့နေတာနေမှာပေါ့..”  “ဟွန့်..  ကိုကိုကလည်း ကွာ..”  အဲ့လိုကျတော့ ကျမ ရှက်သွားမိတယ်။ အသိစိတ်တွေ ပျောက်သွားလောက်အောင် ခံစားနေရတဲ့အချိန်မှာ ကိုကိုက ကျမ ကို အဲလို ကြီး အရသာခံ ကြည့်နေတာတော့ ဘယ်ကောင်းမလဲ နော့လေ။ နောက်ပြီး ကျမကချည်းပဲ ရှေ့ရောက်နေတော့ ကိုကို့ကို အားနာမိတယ်။ ကိုကို့ကိုလည်း  အပြည့်အ၀ ခံစား စေချင်တယ်လေ။ “ငယ် ဘာလုပ်ပေးရမလဲ ဟင် ကိုကို..” ကျမ မေးလိုက်တော့ ကိုကိုက “ငယ်လေး အရမ်း ပင်ပန်းနေမှာလည်း စိုး တယ်..” တဲ့။ ဟင့်အင်း.. ချစ်ကြတာပဲ ကိုကိုရယ်.. ငယ်လည်း ကိုကို့ကို ကောင်းစေချင်တာပေါ့။ စိတ်ထဲက ပြောရင်း ကိုကို့ နှုတ်ခမ်းလေးတွေကို စုပ်နမ်း လိုက်တယ်။ အောက်မှာ ပိပိထဲက မထွက်သေးတဲ့ အတံကြီး ကိုလည်း ခါးလေး နှဲ့နှဲ့ပြီး ချော့ပေးနေမိတယ်။

“ငယ်လေး.. လက်ခံနိုင်သေးရင် ကိုကို ထပ်ချစ်လို့ရဦးမလား..”  “ကိုကိုရယ်.. ပြောဘို့ လိုလို့လား.. ငယ် ဘယ်လိုနေပေးရမလဲ..”   “စားပွဲကို ထောက်ပြီး  ရပ်ပေးမလား ငယ်.. ကိုကို နောက်ကနေ ချစ်ချင်လို့လေ.. နော်..”

(၁၄) (ဇာတ်သိမ်း)   အိုးးး.. ဒီနေ့ အဘို့တော့ ကိုကို ကျမကို ပုံစံမျိုးစုံနဲ့ အစွမ်းပြနေတော့ တာပဲကိုး။ ကျမလည်း စားပွဲဆီသွားလိုက်ပြီး ကိုကိုပြောသလို နေ ပေးလိုက်တယ်။ စားပွဲပေါ် လက်ထောက်ပြီး ခါးလေးကော့၊ တင်ပါးက နောက်ကို ပစ်  လျက်ပေါ့နော်။ ကျမနောက်မှာ ကပ်ပါလာတဲ့ ကိုကိုက ခါးလေးကို နဲ နဲ ဖိချ၊ ကျမ ပေါင်နှစ်ချောင်းကို လိုသလို ပြင်ယူတယ်။ ကျမလည်း ကိုကို့ စိတ်ကြိုက်ဖြစ်အောင် နေပေးတာပေါ့။ ရိုးသားစွာ ဝန်ခံရရင် ကျမစိတ်တွေ  ရဲတင်းမှု ပိုလာပြီလေ။ ကိုကို့ကိုလည်း ပိုပို ရင်းနှီးလာပြီ။ နောက်မှာ ပြူထွက်နေတဲ့ ပိပိ အဝလေးထဲကို ကိုကို့ အတံကြီး ဝင်လာပြန်ပြီ။ ကိုကို့ လက်တွေက  ကျမ နို့သီးခေါင်းလေးတွေကို ချေပေးနေတယ်။   “ငယ် ရယ်… ငယ့် ဖင်လေးက အရမ်း လှတယ်..”   “အိုးး…”   “ပိပိလေးကလည်း စီးပိုင်နေတာပဲ ကွာ…”  “အင်းး… ကြိုက်လား ကိုကို..”  “အွန်း… အရမ်းကြိုက်တယ် ငယ် ရယ်.. အရမ်း ကောင်းတာပဲ…”   “ငယ် ကော ပဲ…”  “ကိုကို့ -ီးကြီးကိုကော ကြိုက်လား…”   “အိုးး…” ကိုကို ပြောချလိုက်ပုံကြီးက ကျမ အသည်းကို လှပ်ကနဲပဲ။ မဆီမဆိုင် ပိပိလေး ကျင်တက် သွားပြန်တယ်။ “ဟင်.. ငယ့်.. ကိုကိုမေးတာ ဖြေကွာ..”  “ဟုတ်… အရမ်း ကြိုက်တယ် ကိုကို… ငယ် အရမ်း ကြိုက်ပါတယ်..”  “ဘာ ကို ကြိုက်တာလဲ..”   “ဟိုလေ…” “ပြော ကွာ.. ကိုကို ကြားချင်လို့..”   “အွန်း.. ဟိုလေ.. ကိုကို့.. ကိုကို့ -ီး ကို.. ငယ် အရမ်း ကြိုက်တယ်လို့…”  “အားးး… ချစ်တယ် ငယ်ရယ်… ”  “ငယ်လည်း အရမ်း ချစ်တယ် ကိုကို…”    “ကိုကို့  မိန်းမလေးရယ်.. ကောင်းလိုက်တာ..”  “ရှီးး… အားး.. ကိုကိုရေ.. ”   “ကိုကို့ မယားလေးရယ်.. ကိုကို ချစ်လိုက်တာ ကွာ..”   ကိုကို့ အသံတွေက လှိုင်းထ  နေတယ်။ ကျမလေ.. စိတ်တွေ ထိန်းမရဖြစ်လာပြန်ပြီ။

ဖြစ်မှာပေါ့နော်.. အခု ကျမ အ -ိုးခံနေရတာကိုး။ အမလေး အဲ့လိုတွေးမိကာမှ လူက တုန် တက်သွား လိုက်တာ။ ကိုကိုလည်း ကော့ပေးထားတဲ့ ကျမခါးလေးကို စုံကိုင်ပြီး စိတ်ရှိလက်ရှိဆောင့်နေလိုက်တာ အခန်းထဲမှာ ကျမရဲ့ ညည်းရှိုက်သံတွေ၊ ကိုကို့ အားယူသံတွေ အပြင် တဖတ်ဖတ် ဆောင့်သံတွေနဲ့ ပစ္စည်းနှစ်ခုရဲ့ အဝင်အထွက် ပွတ်တိုက်သံတွေ ဆူညံနေသလိုပဲ။ ကိုကို့ ဆောင့်ချက်တွေ အားပါလွန်းလို့  ကျမ မျက်လုံးထဲ ကြယ်တွေလတွေ မြင်နေသလိုတောင် ခံစားရတယ်။ ကျမလည်း ခုံကို လက်ထောက်ပြီး တင်ပါးကို အစွမ်းကုန် ကော့ပေးထားမိတယ်။ ပိ ပိ လေးကိုလည်း တတ်နိုင်သလောက် ညှစ်ထားမိတာပေါ့။ နောက်က ခပ်ပြင်းပြင်းဆောင့်ပေးနေတဲ့ အရှိန်ကြောင့် ကျမ ရင်သားတွေလည်း အောက်ကိုငုံ့ လျက်ကနေ ယိမ်းကနေလိုက်တာ။ သူ့အလေးချိန်နဲ့သူ ဆိုတော့ အဲ့လို တွဲလောင်းကျပြီး လှုပ်နေတာကတင် ကျမအတွက်က အရသာတစ်မျိုးပဲ။

ဆောင့်ပါ ကိုကိုရေ.. ဟိုး အတွင်းထဲထိ နင့်ကနဲ နင့်ကနဲ နေအောင် ဆောင့်သွင်းပေးပါ။ စိတ်က အဲ့လို တ လိုက်တိုင်း ကျမ ပြီးပြီးသွားတတ်တာကိုတောင်  ကိုယ့်ဘာသာ သတိထားမိနေပြီ။ ကိုကိုလည်း အရမ်းကြီး ပေါက်ကွဲ ပြင်းထန်နေပုံပဲ။ အဆက်မပြတ်ဆောင့်ချက်တွေနဲ့ ကျမကို စိတ်ရှိ လက်ရှိ -ိုးနေတာ။  အားးး.. တွေးမိပြန်ပြီ။ အဲ့ဒီ အသုံးအနှုန်းက အတွေးနဲ့တင် ကျမစိတ်ကို အရသာ ပိုတိုးပေးနေတယ်။ ကိုကို့ ဆောင့်ချက်တွေ အရမ်းကြမ်းလာတော့ ကျမ  အဖုတ်လေးအတွင်းပိုင်းမှာ စူး နင့်ပြီး တအားကို ထိထိမိမိနဲ့.. အားး… ကိုကို့ အမလေး.. ကိုကို တကယ်ဒေါသကြီးနေပြီပဲ။ ကြည့်ရတာ စောစောက ထိန်း လိုက်ရတဲ့ စိတ်ကို ခုမှ လွှတ်ချနေတယ် ထင်ပါရဲ့။ နောက်ကနေ ဆောင့်သွင်းလိုက်တိုင်း ကျမကိုယ်လုံးက ရှေ့ကို ငိုက်ကျသွားတာ ကိုကို အားမရဘူးထင် တယ်။ ကျမ ခါးလေးကို ဆွဲညှစ်ထားတဲ့ လက်တစ်ဘက်က ကျမ လည်ကုတ်ကို လှမ်း ကိုင်တယ်။

ကျမလည်း စားပွဲပေါ်ထောက်ထားတဲ့ လက်တစ်ဘက်ကို နောက်ပစ်ပီး ကျမ ခါးပေါ်က ကိုကို့လက်ကို လှမ်းကိုင်လိုက်တယ်။ ကိုကိုနဲ့ကျမ လက်ချောင်းချင်း  ဆုပ်ကိုင်မိသွားတယ်။ ကျမတို့ ချစ်သူနှစ်ယောက် လက်ချင်းယှက်ပြီး ချစ်ပွဲဝင်ကြတာပေါ့။ ကိုကို ဆောင့်လိုက်တိုင်း ကိုယ်လုံးလေး ရှေ့ကို ငိုက်ကျမ သွားအောင်လည်း ခါးကို တအားကော့ပြီး အားရှိသလောက် တောင့်ခံထားပေးလိုက်တယ်။ လုပ် ကိုကိုရာ.. တအားဆိုးတဲ့ ငယ့်ကို နာ သွားအောင် လုပ် ပစ်လိုက်..။ ငယ့် ဖုတ်ဖုတ်လေး ကွဲထွက်သွားရင်သွားပါစေ.. စိတ်ရှိလက်ရှိ -ိုး.. အိုးး… ဒီ -ိုး တယ် ဆိုတာကြီး စဉ်းစား လိုက်မိပြန်ပြီ။ ကျမ ပြီးချင်လာပြန်ပြီ ပေါ့။ သည်တစ်ကြိမ်မှာတော့ ကိုကိုနဲ့ တူတူပြီးရရင် ကောင်းမှာပဲလို့ တွေးနေမိတုန်း ကျမစိတ်တွေ မထိန်းနိုင်တော့ပြန်ဘူး။

“အာ.. အ.. ကိုကို့.. မြန်မြန်လေး ဆောင့်..” “အွန်း ကိုကိုလည်း ပြီးချင်လာပြီ..” “အင်းးး.. ဆောင့်ပါ ကိုကိုရယ်.. ငယ့်ကို မညှာနဲ့နော်..” “တူတူ ပြီးရအောင်  လေ.. ငယ့်.. ညှစ်ထားပေး.. အားးး.. ဟုတ်တယ်.. ကောင်းတယ် မိန်းမရယ်..” “အင်းး..ရှီးးး…” “ကိုကို့ အရည်တွေ ငယ့်ပိပိလေးထဲ ထည့်ချင်တယ် ကွာ…”   “အင်း… လုပ် ပါ… လုပ်ပါ ကိုကို စိတ်ကြိုက် နော်…”  “အွန်းး အရမ်း ကောင်းတယ် ငယ်ရယ်..”  “အင်းးး ဟင်းးး… ကိုကို့ မြန်မြန်..”  “ငယ်ရယ်… ကို့ မယား လေး ပိပိလေးက… -ိုး လို့ အရမ်းးး ကောင်းး…အားး…”  “အိုးးး… ကို ကိုးးး… အင့်… ဟင့်..”   “ထွက်လာနေပြီ.. ကိုကို့ -ီးရည်တွေ.. ”   “အင်းးး..”   “ငယ့်  အဖုတ်လေးထဲ ကိုကို ပန်း ထည့်လိုက်မယ်နော်..”  “အင်းး..ပါ.. လုပ်.. ကိုကို့ ..အားး.. ကိုကိုရေး..”  ကိုကိုပြောတဲ့ -ီးရည် ဆိုတာတွေက ကျမ ပိပိလေးထဲ  တပြွတ်ပြွတ်ထိုးဝင်လာတယ်။ အဲ့ အရည်ပူပူတွေက ကျမ အဖုတ်လေးထဲကနေ အပြင်ထိများ လျှံကျကုန်သလားပဲ။ ကိုကိုက ကျမကို ပျော့ကျသွားတဲ့ သူ့ အတံကြီးနဲ့ နဲနဲချင်း ဆက်နှဲ့ပေး နေသေးတယ်။ ကောင်း လိုက်တာ ကိုကိုရယ်။ နှစ်ယောက်လုံး အတူရောက်ခွင့်ရသွားတဲ့ ခရီးဆုံးက တကယ့်ကိုပဲ အရသာရှိ လှပါတယ်။ စားပွဲပေါ် မှောက်ကျသွားတဲ့ ကျမ ကိုယ်လေးကို ထိန်းပွေ့ပေးရင်း “ပင်ပန်းသွားလား ငယ်လေး..” လို့ တယုတယ မေးတယ်လေ။ ကိုကို့ တစ် ကိုယ်လုံး ချွေးတွေ နစ်နေတာ ကျမကို ပင်ပန်းလား ဆိုတော့ ပြန်ဖြေရမှာတောင် အားနာ သလိုလိုပဲ။ ပိပိလေးထဲက ကိုကို့ အတံကြီး ဆွဲထုတ်လိုက်တော့  ကျမ ရင်ထဲ လှပ်ကနဲ ဟာသွားတယ်။ ကျန်ခဲ့တဲ့ ကျမ ပိပိလေးက ရှုံ့ပွ ရှုံ့ပွ နဲ့ရယ်။ ကျေနပ်တင်းတိမ်မှုကတော့ အပြည့်အ၀ ရလိုက်ပါတယ်။ ကျမ  ပေါင်ရင်းကနေ နို့နှစ်ရောင် အရည်တွေ စီးကျလာတယ်။ ကိုကိုက ကျမကိုပွေ့ချီပြီး ကုတင်ပေါ် ပြန်ချပေးတယ်။ “ခဏနားပြီးမှ ကိုကို သန့်ရှင်းရေး လုပ်ပေး မယ်နော် ကလေးလေး…” တဲ့။ နူးညံ့တဲ့ ကိုကို လေသံတွေ ပုံမှန်ပြန် ဖြစ်သွားပြီပေါ့လေ။ စောစောက စကားလုံးကြမ်းကြမ်းတွေ ပြောပြီး နင်းကန် ဆောင့် သွင်းနေတာ သူမဟုတ်သလိုပဲ။ ကာမ ရမ္မက်က လူကို တကယ်ပဲ အသိစိတ် ပျောက်စေသလား။

ကျမတို့ နှစ်ယောက်လုံး ကုတင်ပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်တယ်။ မိနစ်ဝက်လောက် ပက်လက် လှဲနေကြပြီးမှ ကိုကိုတစ်ယောက် ကျမကိုယ်ပေါ်ကို  ဝုန်းကနဲ လာမှောက် ချပြီး ကျမ မျက်နှာ တစ်ခုလုံးကို နေရာလပ် မကျန်အောင် တရွှတ်ရွှတ်နဲ့ နမ်းပါလေရော။ တကယ့် ကိုကို.. သူပဲ မမောတဲ့အတိုင်း ပဲ။ ကျမကတော့ အချစ်ရဲ့ အရသာကို ထိထိရောက်ရောက် ရသွားသလို လူကလည်း မလှုပ်ချင်လောက်အောင် ခြေကုန်လက်ပမ်း ကျနေပြီ။ နမ်းလို့ ၀ သွား တော့မှ..   “လက်ထပ်ကြစို့ မိန်းမရယ်.. နော်.. ကိုကို့ဘို့ သမီးလေး မွေးပေး..” “အိုးးး ကလေးလုပ်ရမယ်မှ မကြံသေးဘူး.. ဗိုက်က တန်း ပူရဦးမယ်.. နိုး  ပဲ…”    “အံမယ်.. လင်ပဲ ရနေပြီ လုပ်ချင်သေးတယ်လား ကလေး က..”  “ကို ကို နော်..”  “ဟဟ.. ကဲ ပြောပါဦး ငဂျစ်လေး.. လက်ထပ်ပြီးရင်ကော.. ဒီနေ့ လို ဆိုးဦးမှာလား…”   “ခိခိ.. ကိုကိုကကော.. ဒီနေ့လို ရိုက်ဦးမှာလား..”  “ဆိုးရင်တော့ ရိုက်ရမှာပေါ့ ကွ..”  “ဟွန့်… အယ်.. နေဦး.. မေးပါဦးမယ်.. အဲ့  သားရေကြိုးကြီးက ဘာလုပ်တာလဲ ကိုကို.. ငယ့်ကို ရိုက်ဘို့တမင် ဝယ်ထားတာလား …”  “အာ ပေါက်ကရ.. Thomas ကျန်ခဲ့တာ ငယ်ရဲ့.. သူ့မှာ အဲ့လို  လက်နက်တွေ စုထားတာ အများကြီး.. သူ့ဝါသနာပေါ့…”  “တကယ်…”  “အွန်း..”  “သူ့ဝါသနာကလည်း ထူးဆန်းတယ်နော်.. ရေချိုးခန်းထဲမှာလည်း အရက် ပုလင်းတွေထားလိုထား.. ကိုကို့.. သူက အဲ့လက်နက်တွေ စုပြီး ဘာလုပ်တာလဲ ဟင်..” “ဟဟ.. သူ့ဘာသူ ဘာလုပ်လုပ်ပေါ့..”   “ကိုကိုကလည်း ငယ် သိချင် လို့ ဟာကို.. ပြော ပြ လို့…”  “လူဆိုးမလေးတွေကို အပြစ်ပေးဘို့ပေါ့..”  “အာ.. အကောင်း ပြော ကွာ.. ကိုကို့..”   “အွန်း ဟွန်.. အကောင်း ပြောတာပဲလေ  ကွာ.. ခု သူ့လက်နက်ဂိုဒေါင်ကို ကိုကို အပိုင်စီးလိုက်ပြီ.. ရှေ့လျှောက် လူဆိုးထိန်းဘို့ ခဏခဏ သုံးရတော့မှာ..”

“ကို ကို နော်.. ဟွန်းးး” စူပုပ် ထော်လန်ပြလိုက်တဲ့ ကျမ နှုတ်ခမ်းလေးကို ကိုကို ငုံလိုက်တယ်။ ပြီတော့ တစ်ချက်ချင်း ဆွဲစုပ်ပြီး ဖြေးဖြေးလေး နမ်းနေတယ် လေ။ ကျမလည်း ကိုကို့ကို တုန့်ပြန် အနမ်းတွေ ပေးမိတာပေါ့။ စိတ်ထဲကလည်း ပြောနေမိတယ်..။ ဆိုးမှာပဲ ကိုကိုရေ.. ကိုကို ရိုက်လည်း မကြောက်ပေါင်..။  ရိုက်ပြီးရင် ခုလိုမျိုး အုံဖွ ပြန်လုပ်ပေးမယ် ဆိုလို့ကတော့ နေ့တိုင်းရိုက်လည်း ရတယ်.. ခိ ခိ။ တကယ်က ငယ် ဆိုးတယ် ကောက်တယ် ဆိုတာ ကိုကို့  အတွက်ပါ။ ငယ် သိပ်အေးနေ၊ လိမ္မာနေရင် ကိုကို ပျင်းနေမှာပေါ့ လို့..။ နောက်ပြီး ဂျစ်ကန်ကန် လုပ်တယ်၊ ဂျီကျတယ် ဆိုတာကလည်း တခြားကြောင့်  မဟုတ်ဘူးနော်..။ ကိုကို့ အချစ်ကို အကြွင်းမဲ့ ယုံကြည်လို့ ကွဲ့.. ခိ ခိ ခိ…။ သိလား ကိုကို.. တကယ်တမ်းကျတော့လေ.. ကိုကို့ ချစ်ငယ်လေး ဆိုးသမျှ၊  ကောက်သမျှ၊ ဂျစ်တိုက်သမျှ အားလုံးရဲ့ အကြောင်းရင်းက တစ်ခုတည်းရယ်..။ အဲဒါ ဘာလဲ သိလား..။ ကျမရဲ့ ကိုကိုက “သိပ်ချစ်တတ်တဲ့ ကိုကို မို့လေ…”  နော်…။

Leave a comment

Your email address will not be published. Required fields are marked *