လူကြီးဖတ်စာ

ကျမကချစ်တဲ့သူ(သို့) ကျမကိုချစ်တဲ့သူ

ကျမကချစ်တဲ့သူ(သို့) ကျမကိုချစ်တဲ့သူ ( စ/ဆုံး ) လည်ပင်းမှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ် သုတ်ပစ်တယ်။ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း… “ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… Table 2 က ဘိုး တော်တွေဝိုင်းမှာ”  “ငါအမောတောင် မပြေသေးဘူး”   “အဲ့ဒါဆို ငါသွားလိုက်ရမလား”   “သွားချင်သွားလေ…ငါမလာနိုင်ဘူးပြော လိုက်”  ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေး ပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်။ ဧကန်န ခုချိန်ထိ လူ မရသေးဘူးထင်တယ်။  “ငါ တကယ် သွားရမလားဟင်”  “အင်း သွားလိုက်…ငါနေမကောင်းလို့ အခုပဲ ပြန်တော့မှာလို့”   “ကျေးဇူးပဲ ဟာ..ငါသွားတော့မယ်”  “အင်း”  ညို ထွက်သွားမှ ရေဘူးကို မော့သောက်ရင်း အိတ်ထဲက ဖုန်းကို […]