လူကြီးဖတ်စာ

ကြေးစား

ကြေးစား စောပီဖိုး တယောက် ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းကနေပြီး အမေရိကန်ပြည်ကို ရောက်ရှိလာပြီးနောက် ပထမဆုံး လုပ်ရတဲ့ အလုပ်က ကုလားထမင်းဆိုင်မှာ အကူ ထမင်းချက် ဖြစ်သည် ။ သူနဲ့ အတူတူ လာခဲ့တဲ့သူငယ်ချင်းစောအယ်စေး က သူလုပ်တဲ့ ကုလားထမင်းဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်တချက်က ကလပ် မှာ ပုဂံဆေးတဲ့အလုပ် ရသည် ။ သူတို့နှစ်ယောက် အလုပ်ချင်းလည်း နီးကပ်လို့ သွားအတူ လာအတူ နယ်စပ်စခန်းတုံးက ခင်ခဲ့သလိုဘဲ ခင်မင်ဆဲဘဲ ။ ပီဖိုး လုပ်တဲ့ ထမင်းဆိုင်က အပျံစား ထမင်းဆိုင်လေးပါ ။ ကတ္တီပါကော်ဇောခင်းကြမ်းနဲ့ အနောက်တိုင်းဝတ်စုံဝတ်ပြီး ဘိုးတိုင်စည်းထားတဲ့ စားပွဲထိုးတွေ နဲ့ သားသားနားနား ဆိုင်တဆိုင်ပါ ။ သိပ်အကြီးစားကြီးတော့ မဟုတ်ဘူး ။ ပီဖိုးတို့ကတော့ […]