လူကြီးဖတ်စာ

ခေးရဲ့ကိုကြီး

ခေးရဲ့ကိုကြီး လေးပင်နေသောစိတ်နှင့်အတူ နောင်နောင်တစ်ယောက် ခုံတန်းလေးမှာ ထိုင်နေသည်။ မန္တလေးသို့ ပြန်ရမည့်အချိန်က စောနေသေးသည်။ ကားထွက်ချိန်က မတိုင်သေး။ တစ်နာရီခန့် လိုနေသေးသည်။ တောင်စဉ်ရေမရ တွေးနေသောအတွေးများထဲတွင် စောနန်းငယ် အကြောင်းက ထိပ်ဆုံးက ပါသည်။ သူမှားများ မှားသွားပြီလားလို့ စဉ်းစားနေသည်။ တကယ်တော့ စောနန်းငယ်က မြေစာပင် ဖြစ်ရခြင်းသာ။ စောနန်းငယ်ကို သနားမိသော်လည်း စောနန်းငယ်၏ အစ်ကိုဖြစ်သူ တိုးဝေအောင် အကြောင်းကို စဉ်းစားမိလိုက်လျှင် စောနန်းငယ်ကို သနားသောစိတ်တွေက ဘယ်ရောက်သွားမှန်းမသိ။ ” ဟုတ်တယ်…ငါဒီလိုလုပ်တာမှန်တယ်…..” ကိုယ့်ကိုကိုယ် ဖြေတွေးနေမိပါတယ်။ တိုးဝေအောင် အကြောင်းကို တွေးမိလျင် သူ့သွေးတွေ ဆူပွတ်လာသလို ခံစားရသည်။ ဒီလူယုတ်မာကြောင့် သူ့ညီမလေး မေမြတ်ဘ၀ ရေတိမ်မှာနစ်ခဲ့ရသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။ ဒီအတွက် တိုးဝေအောင်သည်လည်း […]