လူကြီးဖတ်စာ

စိတ်ကူးထားသည့်အတိုင်း

စိတ်ကူးထားသည့်အတိုင်း မျိုးကို ဘားအံကိုရောက်တာ တစ်လကျော်ပြီ။ လုပ်ငန်းတို့းချဲ့နိုင်ရန်ကုမ္ပဏီမှ သူ့ကို စေလွှတ် လိုက်သည်။လုပ်ငန်းလုပ်ရန်နှင့် ရုံးခန်းဖွင့် နိုင်ရန်အဆင်ပြေမပြေ သူ့ကို ကွင်းဆင်းရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။မြေနေရာက ရှိပြီးသားမို့ အဲ့နေရာတွင် ရုံးတစ်ခုဆောက်ပြီး လူနေနိုင်ရန် အဆောင်ဆောက်ဖို့အတွက် အဆင်ပြေသည်။လတ်တလောက ဘာမှမ ဆောက်ရသေးတာမို့ သူ ဘားအံတွင်နေဖို့ စုံစမ်းရာ အဆောင်သဘောမျိုးငှါးနေလို့ရတာ နဲ့ အဲ့အိမ်မှာငှါးနေလိုက်သည်။ငှါးနေတဲ့သူ လေးငါးဦးရှိပြီး ငယ်ရွယ်သူတွေချည်းမို့ သူနဲ့အဆင်ပြေသည်။ယောက်ကျားလေးတွေမို့လဲ ခဏနဲ့ ရင်းနှီးသွား ကာ သူလုပ်ချင်သည်များကို စုံစမ်းလွို့ယ် သည်။သူတို့ကုမ္ပဏီက စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ ဆေးတွေနဲ့စက်ပစ္စည်းတွေဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီအကြီးတစ်ခု။သူကတော့ product အင်ဂျင်နီယာ။လုပ်တာကိုင်တာနဲ့ အရည် အချင်းတွေကြောင့် ရာထူးခဏလေးနဲ့တိုးကာ လူကြီးသဘောကျသည်။ ဒီနေရာကို မန်နေဂျာ အနေနဲ့လွှတ်လိုက်ပြီး သူ့ကို အားလုံးအာဏာ ကုန်လွှဲအပ်ထားသည်။ရုံဆောက်ဖို့နဲ့လုပ်ငန်းအဆင်ပြေစေရေးအ တွက် ငွေကိုစိတ်ကြိုက်သုံးခွင့်ပေးထားသည်။တစ်လကျော်ပဲရှိသေးတာမို့စုံစမ်းလေ့လာဆဲ ပင်။မိန်းမကကိုယ်ဝန်ရနေပြီ သူဒီကို […]