ပန်းကောင်း အညွန့်ချိုး

ပန်းကောင်း အညွန့်ချိုး သ မီးလေးအရွယ်ရောက်လာတော့ မကေသီတစ်ယောက်စိတ်တွေပူလာ ရပြီ။ခုခေတ်ကလေးတွေကကဲမှကဲ ဆက်စ် ကိစ္စကိုထမင်းစားရေသောက် လုပ်သလိုဖြစ်နေပြီ။အချိန်ပိုင်းနှင့် ငှားတဲ့ဟိုတယ်တွေကလဲပေါမှပေါ ဆိုသလို အွန်လိုင်းပေါ်မှာတင်ချိန်း ဆိုနေကြတာ။တယ်လီဖုန်းဆင်းကဒ်တွေကလဲပေါမှပေါ။လူမှု့ဆိုရှယ်ဖေ့ဘွတ် တွေသုံးနေကြတော့ ခုခေတ်ကလေး တွေထိန်းချုပ်ရတာမလွယ်တော့ပါ ဘူးလေ။ ကိုယ်တွေခေတ်တုန်းကနဲ့မတူဘူး။ တစ်ခုခုဆိုရင်အင်တာနက်ပေါ်ရောက်သွားပြီ။ အဲဒီခါမှအိမ်ကလူတွေသိပြီးအရှက်တကွဲအကျိုးနဲတွေဖြစ်ရရတော့တယ် ။တွေးနေတုန်းရှိသေးတယ် သမီးလေးကစကပ်အတိုအပြတ်နဲ့ မျက်နှာမိတ်ကပ်လိမ်းပြီးအိမ်ပေါ်က ဆင်းလာတော့ “သမီး ညည်းဘယ်သွားမလို့တုန်း” “သူငယ်ချင်းနဲ့ချိန်းထားလို့မာမီ’ “ဘယ်ကသူငယ်ချင်းလဲသမီး” “မာမီကလဲအပြင်တစ်ခါသွားရင် စစ်လားမေးလားနှင့်သမီးအသက် ဆယ့်ရှစ်နှစ်ပြည့်နေပြီ” “ဟဲ့နင့်ဟာနင်ဆယ့်ရှစ်နှစ်မကလို့ ရှစ်ဆယ်ပဲဖြစ်ဖြစ်နင်ဟာငါ့သမီးပဲ” “မာမီ့သမီးမာမီသမီးပေါ့ဒါပေမယ့် နေရာတိုင်းတော့သမီးကိုမချုပ်ချယ် ပါနှင့်မာမီ” “ငါချုပ်ချယ်နေတာမဟုတ်ဘူး၊ မသူတော်တွေနဲ့တွေ့မှာစိုးလို့ဟေ့” “သမီးမှာလဲစဉ်းစားတတ်တဲ့ဦးနှောက်ရှိတယ်မာမီ” “အေးနင်တို့ဦးနှောက်နှင့်မျက်လုံးက မျက်တောင်မွေးတဆုံးတောင်ကြည့် တာမဟုတ်ဘူး၊လူဆိုတာရှေ့ဘာဖြစ်မယ်ဆိုတာမသိနိုင်ဘူး” “မာမီ ဓာတ်ပြားဟောင်းတွေလာဖွင့်မနေနဲ့တော့၊မိန်းကလေးဆိုတာဗိုင်းကောင်းကျောက်ဖိနေရမယ်၊ ကိုယ့်ဘဝကိုထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဒါတွေပဲပြောမှာမဟုတ်လား၊ တော်ပါပြီသမီးအာ့တွေကိုနားရည်ဝ နေပြီ” ပြောရင်းဆိုရင်းထွက်သွားသော သမီးကိုကြည့်ရင်းသက်ပြင်းချ လိုက်မိသည်။ ဒေါ်ကေသီတစ်ယောက်ဝဋ်လည်ခြင်းပေလားမသိပေ၊မိမိ အပျိုဘဝတုန်းကလဲမေ့မေ့စကား နားမထောင်ခဲ့လို့အိမ်ထောင်ကျမှ စိတ်ဆင်းရဲမှု့တွေကိုခါးစည်းခံနေရ… Continue reading ပန်းကောင်း အညွန့်ချိုး