လူကြီးဖတ်စာ

ပြတ်လပ်နေသူ

ပြတ်လပ်နေသူ မိဘတွေ နယ်ပြောင်းသွားတော့ တိုက်ခန်းမှာ လင်းလက်ရာ တယောက်သာကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းမိဘတွေမို့ တနေရာမှာ ကြာကြာနေရလေ့မရှိပါဘူး။ အခုတိုက်ခန်းလေးမှာတော့ နည်းနည်းကြာတယ်ဆိုရမလား မသိ။ လင်းလက်ရာ ဆေးကျောင်းသက် ခြောက်နှစ်လုံး ဒီမှာနေခဲ့တယ်။ အခု အလုပ်သက်ဆရာဝန်ဆင်းတာ နှစ်လကြာမှ ဖခင် ရာထူးတိုးနဲ့ နယ်ပြောင်းတော့ မိခင်ပါလိုက်သွားတယ်။ လင်းလက်ရာ အလုပ်သင်ကာလပြီးတဲ့အထိ တိုက်ခန်းမှာ ဆက်ငှားပြီးနေနေခဲ့တယ်။ ခြောက်နှစ်ကျော်လောက်နေလာတော့ တိုက်မှာနေတဲ့ မိသားစုတွေနဲ့လဲ တော်တော်လေး ရင်းနှီးနေပြီ။ မိဘတွေ ပြောင်းသွားပေမဲ့ လင်းလက်ရာ အထီးမကျန်ခဲ့ဘူး။ လင်းလက်ရာက အသေးအဖွဲကျန်းမာရေးပြဿနာလေးတွေ ဖြေရှင်းပေးနေတာလဲ ပါတာပေါ့။ ဆေးအကြောင်း ရောဂါအကြောင်း မေးလာလဲ စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။ အဲလိုကူညီပေးနိုင်တာကို လင်းလက်ရာကျေနပ်ဂုဏ်ယူတယ်။ လင်းလက်ရာနဲ့ မျက်နှာချင်းဆိုင်အခန်းမှာ မဝေမွန်တို့ လင်မယားနေတယ်။ သူက အသက် သုံးဆယ့်ငါး လောက်ရှိပြီ။ သားဦးကိုယ်ဝန်လွယ်ထားရတယ်။ […]