လူကြီးဖတ်စာ

မနောဖြူတဲ့ဆရာမလေး

မနောဖြူတဲ့ဆရာမလေး ကျနော်ဇော်မိုးတစ်ယောက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းမှာ  တင်ဒါတွေပြိုင်ပြီးနောက်မှာတင်ဒါအောင်မြင်ခဲ့အတွက်  စစ်ကိုင်းတိုင်း   ဒေသကြီးရဲ့တောရွာဖက်မှာလမ်း  ဖောက်ပြီးတံတားလေးတွေဆောက်  ဖို့အတွက်တပည့်များနှင့်ရောက်ရှိခဲ့   တာ တစ်လကျော်ခဲ့ပြီ။ရွာနှင့်လည်း  တမိုင်ခန့်ဝေးတဲ့နေရာမှာပဲအခြေချ  စခန်းဆောက်ပြီးနေခဲ့တယ်။ရွာနှင့်  ဝေးပြီးနေတာကလည်း ပြသနာတွေ  နှင့်ကင်းအောင်နေခဲ့တာဖြစ်တယ်။  ရွာဆိုတော့မီးမရှိသလို တယ်လီဖုန်း  တို့အင်တာနက်တို့မရှိဘူး။မြို့နဲ့မိုင်   လေး ဆယ်ကျော်ဝေးပါတယ်။တကယ်ဆိုမိုင်လေးဆယ်လောက်ကနီးနီးလေးပါ။သို့သော်လမ်းတွေကဆိုး  ရွားလွန်းတဲ့အတွက်ခရီးဖင့်ရ တယ်။လမ်းဆိုပေမယ့်တစ်ကြောင်းထိုးမြေသားလမ်းဖြစ်ပြီးသစ်ခုတ်ဝါးခုတ်တဲ့လမ်းကြောင်းကိုလမ်းဖောက်တဲ့  လမ်းပါ။ကျနော် တို့လမ်းကတော့ဌာနကလမ်းအူကြောင်းပေးထားတဲ့  လမ်းအတိုင်းပဲဖောက်ရတာပါ။  တောလမ်းလဲဖြစ်တဲ့အတွက်ရေရှိတဲ့နေရာ မှာပဲစခန်းချနေထိုင်တာ  ဖြစ်ပါတယ်။လုပ်ငန်းအတွက်  ရေတွင်းနှင့်မီးစက်ကတော့ပါရပါ  တယ်။ကျနော်နေတဲ့တဲကိုတော့ရုံး  အဖြစ်စီစဉ်ပြီးဘေးတချက်တချက်စီမှာအိပ်ခန်းစီစဉ်ထားခဲ့တာပါ။ ကျေးရွာလူကြီးတွေကတော့အဝင်အထွက်ရှိပါတယ်။သူတို့အကူအညီနှင့်ဒေသကထွက်တဲ့သစ်ဝါးအလွယ်  တကူရရှိသလို၊လိုအပ် တဲ့ဝါးထရံ  ယက်တာတို့သက်ကယ်ပျစ်တာတို့ကိုတော့ရွာကလူတွေကိုခိုင်းထားပါ  တယ်။ရွာဖက်ကတော့ဈေးလာ  ရောင်းကြ တယ်။ကျေးရွာကလိုအပ်  တဲ့အကူအညီတချို့ရသလိုကိုယ့်  ဘက်ကလည်းတတ်နိုင်တဲ့အကူအညီကိုပေးတော့ရွာလူကြီးများနှင့် အဆင်တပြေဖြစ်ခဲ့တယ်။လုပ်ငန်းလဲ စပြီးမြေတူးစက်တွေမြေထိုးစက်   တွေနှင့်မြေသယ်ကားတွေကအထိုင်  ကျနေပါပြီ။လမ်းလွှဲ တွေလဲကြိုပြီးစီမံပြီးထားပါပြီ။မြို့ပေါ်ပစ္စည်းအ  ဝယ်ထွက်ရတာလဲမလွယ်ပါဘူး။တ  ပတ်စာရိက္ခာကိုမြို့ပေါ်တက်ဝယ်ရ   သလို  စက်တွေအတွက်ဆီကိုမြို့ပေါ် မှာရပါတယ်။ရွာသူရွာသားများ   အနေနဲ့ကတော့မဖြစ်မနေမြို့ပေါ်  သွားရမယ်ဆိုမှဆိုင်ကယ်နှင့်သွား    ကြရတယ်။ဖုန်အလူးလူးနဲ့ပေါ့ဗျာ။  ကျနော်ကတော့ပုံမှန်ဆိုရင်တော့နှစ်  ပတ်တကြိမ်သွားရမှာပါ။ဒါပေမယ့်  […]