လူကြီးဖတ်စာ

မြိုင်မြိုင် ဆိုင်ဆိုင်

မြိုင်မြိုင် ဆိုင်ဆိုင် တီ…တီ… တီတီ…တီ…တီ…တီတီ… ကျွန်မနားထဲ ဆူညံနေအောင်ကြားနေရတဲ့ နှိုးစက်သံကြောင့် အိပ်ယာမှမထချင်ထချင်နဲ့ ထလိုက်ရတယ်…. နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီ… “ဟာ…သေပြီ…ငါ နိုးစက် ပေးထားတာ ၆ နာရီပါ ဘယ်လိုဖြစ်လို့ ၇ နာရီဖြစ်သွားရတာလည်း ရုံးတော့နောက်ကျတော့မှာပဲ…” ညတုန်းက နှိုးစက်ကိုနာရီမှားပေးထားမိတဲ့ ကျေးဇူးကြောင့် ကျွန်မ အိပ်ရာပေါ်မှ ကမန်းကတန်းပြေးဆင်းပြီး ရုံးသွားဖို့ အမြန်ပြင်ဆင်ရပါတော့တယ်… ကျွန်မတို့ ရုံးကမနက် ၈ နာရီဆိုရုံးကိုအရောက်ဖြစ်နေရတယ် မဟုတ်ရင် မန်နေဂျာရဲ့အပြောကိုခံရမှာ… အခုလည်းကြည့် ကျွန်မအိပ်ယာထနောက်ကျလို့ ရုံးပါနောက်ကျတော့မယ်… ကျွန်မ မျက်လုံးထဲမှာလဲ ပွစိပွစိပြောနေတဲ့ ဂျာကြီးမျက်နှာကြီးကိုပဲ မြင်ယောင်နေမိတယ်… ပိုဆိုးတာက ဒီနေ့ နိုင်ငံခြားကကုမ္ပဏီပိုင်ရှင် သူေဋ္ဌး ရုံးကိုပထမဆုံးလာမယ့်နေ့ပါဖြစ်နေတယ်… ကျွန်မလည်း ရုံးသွားဖို့ ပြင်ဆင်ပြီးတာနဲ့ တက်ဆီ ငှါးပြီး ရုံးကို […]