လူကြီးဖတ်စာ

သဘာရင့်ဝါရင့်

သဘာရင့်ဝါရင့် “ဟူး..” ခေါင်းတစ်ခုလုံး ကိုက်ခဲနေသဖြင့် တေဇာ မနည်း ထယူရသည်။ ညက အပေါင်းအသင်းတွေနဲ့ သောက်တာ များသွားသည်။ အချိန်ကို ကြည့်လိုက်တော့ မနက်(၉)နာရီ ထိုးခါနီးနေပြီ။ ရုံးချိန်တော့ နောက်ကျတော့မှပဲ။ ဒါပေမဲ့ ပြသနာမရှိပါ။ သူတာဝန်ကျနေသော ဲမြို့လေးက မြို့ကြီးတွေလိုမှ မဟုတ်တာ။ တော်ရုံ နောက်ကျတာလောက်တော့ ကိစ္စမရှိ။ ရန်ကုန်မှာ နေစဉ်အပေါင်း အသင်းများပြီး လမ်းများသော သူ့ကို မိဘများက ခြေငြိမ်အောင် အလုပ်ထဲ ထည့်လိုက်မှ သူ ပိုလွှတ်လပ်နေသည်။ နယ်မှာ မိဘများနှင့် ဝေးရာနေရာမှာ တာဝန်ကျနေတော့ ပိုဆိုးသည်။ နေ့တိုင်းလိုမဟုတ်ပေမဲ့ ပုံမှန်လိုတော့ သောက်ဖြစ်သည် တာဝန်ကျနေသောရုံးမှာ လူပျိုလူလွှတ်က သူတစ်ယောက်ထဲပါသည်။ ဒီတော့မြို့ထဲမှ အခြားလူငယ်များနှင့် တွဲနေရသည်။ လူပျိုလိုင်းခန်းမှာ သူ့တစ်ယောက်ထဲ။ အိပ်ယာပေါ်တွင် ခဏလှဲနေလိုက်ပြီး […]