လူကြီးဖတ်စာ

အတွေ့ကြုံစုံ

အတွေ့ကြုံစုံ အချိန်က ည ၉နာရီခွဲလုပြီ။ ရန်ကုန် မအူကုန်းရပ်ကွက်သည် နေ့လည်ဘက်တွင် လူစည်ကားသလောက် ညနက်လာလျှင် လူအသွား အလာက ပြတ်လာမြဲဖြစ်သည်။ ၁၂၃လမ်းထဲရှိ ‘ထွန်းတောက်’ ဆေးခန်းထဲတွင် ဒေါက်တာကိုလတ်တယောက်ထဲ စာထိုင်ဖတ်နေမိ၏။ မိုးဖွဲဖွဲရွာနေသည်မို့ ည၈နာရီကျော်လောက်ကတည်းက ဆေးခန်းကို လူနာမလာတော့ … ၉နာရီခွဲ ဆေးခန်းပိတ်ချိန်အထိတော့ လူနာ မလာလည်း မပြန်သေးပဲ ဆက်ထိုင်နေတတ်သည်က ကိုလတ် အကျင့်ဖြစ်နေပြီ။ စောသေးလျှင် ကားလမ်းပေါ်တွင်ကားတွေက ပြည့်ကြပ်နေတတ်သေးသည်မို့ ကားမောင်းရတာ မောင်းလို့မကောင်း။ .. ၉နာရီခွဲနှင့်ဆယ်နာရီကြားထဲလောက်ဆိုမှ ကားရှင်းပြီး မောင်းလို့ကောင်း၏ တခါတခါတော့လဲ လူနာမလာပါပဲ ထိုင်နေရတာ ပျင်းစရာကောင်းလှသည်။ အလုပ်မရှိတော့ စိတ်တွေကလဲ ဟိုရောက်ဒီရောက် … ။ ဒီနေ့တော့ ကိုလတ်စိတ်ထဲ ရွာမှငယ်ရည်းစား နီလာ့ကို ထူးထူးခြားခြားသတိရနေမိသည်။ .. သူကသာ […]