လူကြီးဖတ်စာ

အရက်သမားဆို သိပ်မုန်းတယ်

အရက်သမားဆို သိပ်မုန်းတယ် ဤပုံပြင်သည် တောရွာလေးတစ်ရွာအား နောက်ခံထား၍ရေးသားထားခြင်းဖြစ်ပါသည်။ ဤရွာလေး၌နေထိုင်သော..မောင်ဘိုသန်း..သူ၏သရုပ်သည်ကား အသားမဲသည်။ ရုပ်မချော။ တောင့်သည်၊ ဖြောင့်သည်၊ ညာဘက်မျက်နှာ၌ အမာရွတ်ကြီးတစ်ခုရှိသည်။ ဆင်းရဲသည်။ သဘောထားရိုးသားဖြူစင်သည်။ ဟိုဟာလား ? အင်း..သူရဲ့ကောင်မလေး မဆေး နဲ့တွေ့တဲ့အခါကြမှ လုံးစေ့ပတ်စေ့ဖေါ်ပြပါမည်။ သူ့ရဲ့ချစ်သူ မဆေး ၏သရုပ်သည်ကား အသားလတ်သည်။ ကိုယ်လုံးကိုယ်ထည်တောင့်သည်။ ရုပ်ချောသည်။ ရွာအနေဖြင့်ချမ်းသာသည်။ စကားပြောသည့်အခါမပြေပြစ်။ ဘိုသန်း အပေါ်၌နွဲ့ဆိုး ဆိုးသည်။ အရမ်းလည်းချစ်သည်။ ဘိုသန်း အရက်သောက်ပြီးဆိုးတဲ့အခါတိုင်း သိပ်မုန်းဘို့ကောင်းတာပဲ၊ အရက်သမားဆိုသိပ်မုန်းတယ်… ဟုညင်သာစွာပြောတတ်သည်။ “ကျွန်တော့်မမပုသိမ်သူ.. ချောပုံရင်ရင်ပုံလှပုံတမူ.. အများနဲ့မတူ..အလှဘွဲ့ယူ..စံပယ်ကြည့်ကြည့်ရင်စွဲငြိမယ်တမူ..ခင်မင်စရာလဲကောင်းလှသူ.. ကျွန်တော့်မမ..မမ..ပုသိမ်သူ…ဒန်ဒန်..ဒန်ဒန်..တန် တန့် တန့်တန်…၏ဒန်တန်……၏” အဲဒီသီချင်းကို ဟိုဘက် ယာခင်းထဲမှာ လယ်ထွန်နေတဲ့ ကိုဘိုသန်း သီဆိုနေတာပါ။ မဆေး တို့ယာခင်းနဲ့ကပ်လျှက်မှာ။ ဒီဘက်ယာခင်းရဲ့ မန်ကျည်းပင်ထိပ် မှာ သူ့ရဲ့ချစ်သူမဆေး […]